Channel Myanmar

Ryan J. Gilmer

I Am Not a Serial Killer (2016) 6.2
I Am Not a Serial Killer (2016) I Am Not a Serial Killer (2016)ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ...Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

I Am Not a Serial Killer (2016)

2003
Hair-Trigger(2022) 6.5
Hair-Trigger(2022)  IMDb Rating/(6.5)ဖောက်ထွင်းဝိဇ္ဇာ ဂျန်နာ ဆိုတဲ့ အမျိုးသမီးဟာ ထောင်ကျပြီး ကောင်းကောင်းမွန်မွန်နေထိုင်တာမို့ ထောင်ကလွတ်လာတာ မကြာသေးပါဘူး လောလောဆယ် စားပွဲထိုးအလုပ်ကိုလုပ်ကိုင်နေပေမယ့် မိသားစုဝင်တစ်ယောက်ရဲ့ ဆေးဖိုးစရိတ်ကို ကူထမ်းနိုင်ဖို့အရေး ငွေကြေးခက်ခဲနေသူ... သူ့ဆီကို လူတစ်ယောက်ယောက်လာပြီး ရတနာဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းဖို့ ကမ်းလှမ်းလာခဲ့တယ် မက်မက်မောမော ငွေကြေးရမယ်ဆိုတော့ သူလည်း သူစိမ်းအုပ်စုနဲ့တူ လုပ်ကိုင်ပါတော့တယ် ဖောက်ထွင်းပြီးနောက် သူတို့အုပ်စုဟာ စီစဉ်ထားတဲ့အတိုင်း မိုတယ်မှာ မရှောင်ဖြစ်ဘဲ ဘယ်ကမှန်းမသိတဲ့ အိမ်တစ်လုံးမှာ ခေတ္တခိုလှုံကြတဲ့အခါ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်လာရပါတော့တယ်... Rating လည်း 6.5 အထိရရှိထားတာမို့ ကြည့်ကောင်းမယ့်  movieတစ်ကား ဖြစ်ပါကြောင်း...(ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်သူကတော့ Mugiwara Yaဖြစ်ပါတယ်။) File size…(1.3 GB)/(527 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:23:20 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Mugiwara Ya 
movie

Hair-Trigger(2022)

Dark Cloud (2022) 3.5
Dark Cloud (2022) Dark Cloud (2022)ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ...Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration ...
movie

Dark Cloud (2022)

2022