Channel Myanmar

Ryoko Hirosue

Hard Days (2023)
Hard Days (2023)  ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie

Hard Days (2023)

Hana’s Miso Soup (2015) 7
Hana’s Miso Soup (2015) Hana's Miso Soup (2015)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ Hana Chan no Misoshiru ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Yasutake Shingo ဟာ အနေအေးတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ သွက်လက်ကြွတဲ့ ဂီတတက္ကသိုလ်ကကျောင်းသူလေး Kazynori Chieဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးပြီး ချစ်သူတွေဖြစ်သွားခဲ့ရာက တစ်နေ့မှာတော့ Chie ဟာ ကင်ဆာဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ ဒါပေမဲ့ Shingo ကတော့ Chieကို လက်မလွှတ်ဘဲ ခွဲစိတ်မှုခံယူစေပြီး လက်ထပ်ခဲ့ပါတယ်။ အဲဒီလိုကနေ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Chieမှာ ကိုယ်ဝန်ရလာခဲ့ပါတော့တယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုကတော့ Chieဟာ ကလေးမွေးခဲ့ရင် ကင်ဆာပြန်ဖြစ်ပြီး သေနိုင်တယ်ဆိုတာပါ။ ဒါပေမဲ့နောက်ဆုံးမှာတော့ အသက်ကိုပါရင်းပြီး ကလေးကို မွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာကြောင့် Hanaဆိုတဲ့ ကျန်းမာတဲ့သမီးလေးမွေးဖွားလာခဲ့ပါတယ်။ သို့ပေမဲ့လည်း သူရဲ့ရောဂါအခြေအနေကြောင့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသိနိုင်တဲ့Chieဟာ သမီးလေးHanaကို ငယ်ငယ်ကတည်းက စားသောက်မှုပုံစံတွေ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Chieဟာ သူစိုးရိမ်နေခဲ့တဲ့အတိုင်း ကင်ဆာပြန်ဖြစ်မှာလား ဒါမှမဟုတ် မိသားစုသုံးယောက်အတူတူ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ရှိသွားနိုင်မှာလားကို ...
movie

Hana’s Miso Soup (2015)

2015
The Hound of the Baskervilles: Sherlock the Movie (2022) 6.2
The Hound of the Baskervilles: Sherlock the Movie (2022) The Hound of Baskervilles: Sherlock the Movie (2022)~ IMDb – 6.2/10, MyDramaList – 7.7/10 ~အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား... ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ...
movie

The Hound of the Baskervilles: Sherlock the Movie (2022)

2022
Goemon (2009) 6.6
Goemon (2009) Goemonဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

Goemon (2009)

The Confidence Man JP Hero (2022) 6.5
The Confidence Man JP Hero (2022) The Confidence man JP: The final game (2022)ဒကို သခင်လေးနဲ့ ရစ်ချက်တိုက စုစုပေါင်း ဂျပန်ယန်း၅ဘီလီယံလောက်ကို လိမ်လည်နိုင်ခဲ့တဲ့ စူပါလူလိမ်သုံးယောက်ပါ။ သူတိုတွေက ဆွတ်ချိနော့ခို တတိယမျိုးဆက်ဆရာကြီးရဲ့ တပည့်ရင်းတွေလည်းဖြစ်ကြပါတယ်။ဆွတ်ချိနော့ခိုဆိုတာက ဂျပန် dandariလာမြွေတစ်မျိုးရဲ့နာမည်ပါ။ ဒီမြွေက လိမ်ရတာကိုကြိုက်နှစ်သက်ပြီးတော့ ခန္ဓာကိုယ်က အရက်နံ့ထွက်နေတယ်လိုဆိုကြပါတယ်။ ဂျပန်မှာလည်း ဒီ ဆွတ်ချိနော့ခိုကို ဖမ်းပြီးတော့ ရွာလူကြီးဆီပိုနိုင်ရင် ယန်း၂သန်းတိတိ ချီးမြှင့်မယ်လို ကြေညာထားတာမျိုးလည်းရှိပါတယ်။အခုတော့ တတိယမျိုးဆက်ဆရာကြီးလည်းဆုံးသွားပြီး သူတိုအဖွဲလည်း လိမ်လည်မှုတွေမလုပ်ရတာ ၂နှစ်လောက်ရှိပါပြီ။ ဒါ့ကြောင့် သူတို ၃ယောက်ထဲက ဆရာအကျဆုံးတစ်ယောက်ကိုရွေးဖိုအတွက် နောက်ဆုံးပြိုင်ပွဲလိုခေါ်တွင်မဲ့ လိမ်ပွဲကြီးကျင်းပကြဖိုဆုံးဖြတ်လိုက်ကြပါတယ်။ဘာကိုလိမ်မှာလဲဆိုတော့ မော်လတာနိုင်ငံမှာ အခြေချနေတဲ့ ဂျရယ် ဆိုတဲ့ စပိန်မာဖီးယားဆီက "ဗီးနပ်စ်ရုပ်တု"ကိုပါ။ တစ်ဖက်မှာလည်း သူတိုကို ဖမ်းမိဖိုအတွက် သဲသဲမဲမဲလိုက်နေတဲ့ အင်တာပိုကစုံထောက် မာရိမုရနဲ့ ဂျပန်စုံထောက် တန်ဘာတိုကလည်း ရှိနေပါတယ်။သူတို၃ယောက်ကြားကယှဉ်ပြိုင်မှုတွေနဲ့ သူတိုကိုဖမ်းချင်နေတဲ့သူတွေဆီက လက်တစ်လုံးခြား ဘယ်လိုရှောင်တိမ်းလိမ်လည်ကြပြီး... တကယ်တမ်း ...
movie

The Confidence Man JP Hero (2022)

Mixed Doubles (2017) 6.6
Mixed Doubles (2017) Mix (2017) ========စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော တာမာကိုတိုမီတာဟာ ငယ်စဉ်ကလေးဘ၀တည်းက သူမအမေဆီမှမှန်ကန်တိကျတဲ့ ကစားပုံနည်းစနစ်တွေကို ရခဲ့သူဖြစ်ပါတယ် ။အမေ သေပြီးနောက် သူမဟာ အသက်၂၈ နှစ် အရွယ် သာမာန်ရုံးဝန်ထမ်းတစ်ယောက် အဖြစ် ရပ်တည်ခဲ့ပါတယ် ။သူမရဲ့ရည်းစားကတော့ အာကီဟီကိုအီဂျီးမား ပါ...သူကတော့ သူမနှင့် ကုမ္ပဏီတစ်ခုတည်းကဖြစ်ပြီး စားပွဲတင်တင်းနစ်ကစားလည်း ဖြစ်ပါတယ် ။ဒါပေမယ့် သူမရည်းစားက သူ့ရဲ့တွဲဖက်ကစားဖော်အသစ် အီရီအိုကားဆာရာဝ နှင့် တွေ့ပြီး သူမကို ထားခဲ့ပါတယ် ။သူမလည်း စိတ်ပျက်လက်ပျက်နဲ့ သူမအမေနှင့်အတူ ကစားခဲ့သော တင်းနစ်ခုံလေးရှိရာ သူမရဲ့နယ်မှ တင်းနစ်ကလပ်သို့ပြန်လာခဲ့ပါတယ် ။ထိုတွင် တင်းနစ်ကစားသမား ဟီစာရှီဟဂျီဝရာနဲ့တွေ့ပြီး....သူမဟာ သူမရဲ့ex ကို လက်စားချေဖို့ နဲ့ သူမငယ်ငယ်ကကစားခဲ့သော တင်းနစ်ကလပ် ကို ပြန်လည်ထူထောင်ဖို့အတွက်A Mixed Doubles Table Tennis Tournament မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်....ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.... [ Unicode ]Mix (2017) ========စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော ...
movie

Mixed Doubles (2017)

2017
Departures(2008) 8.1
Departures(2008) Departures(2008) IMDb....8.1,,,,Rotten79% တစ်ချို့သောသူတွေက  ရယ်ရမောရ ပျော်ရွှင်ရတဲ့ကားတွေကို သဘောကျတယ်..တစ်ချို့တွေက အပစ်အခတ် နဲ့ သိုင်းကားမျိုးတွေသဘောကျတယ်.. တစ်ချို့တွေက Biography လိုကားမျိုးတွေကို သဘောကျကြတယ်..တစ်ချို့တွေကတော့ ဇာတ်ကားကြည့်ပြီး အသေးစိတ်ခံစားပြီး တွေးတော့နေရတာကိုကြိုက်ကြတယ်...အကြိုက်ကိုယ်စီ ပေါ့ဗျာ... ဒီကားကို မကြည့်ခင်  အစပထမတော့ အကောင်းဆုံး Reviewer တစ်ချို့ကိုရေးဖို့အကူအညီတောင်းဖို့စဉ်းစားဖူးတယ်.. သို့ပေမယ့် ဒီကားကိုကြည့်ပြီးတဲ့အချိန်မှာ ဘယ်လိုလူမျိုးမှ Review ရေးချင်ကြမှာမဟုတ်ဘူး..ရေးထားတာတွေ့ရင်လည်း မကြည့်ရသေးခင်မဖတ်ပါနဲ့...ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရဲ့အတွေးတွေကို ဘောင်ကန့်လိုက်သလိုမျိုးဖြစ်သွားမယ်စိုးရိမ်လို့ပါ.. တကယ့်ကိုဖြန့်ကျက်ပြီးတွေးတောဆင်ခြင်လို့ကောင်းတယ်... Departures(2008) ဇာတ်ကားဟာ Best Foreign Language Film of the Year အဖြစ် အော်စကာရခဲ့သလို အခြားဆု(၃၃)ဆုလည်းရခဲ့ပါတယ်..  ဒေါင်းသင့်မဒေါင်းသင့် စဉ်းစားလို့ရအောင်ပြောပြလို့တော့ရတယ် .. ဟာသကွက်တွေ သိုင်းကွက်တွေ မြူးမြူးကြွကြွတေးသံတွေ ဘီကီနီဝတ်တွေ ဘာမှမပါဘူး.....ဆန်းပြားလွန်းတဲ့ twist တွေမပါဘူး... နားလည်ရခက်တဲ့ Dialoge တွေမပါဘူး..စက်ဆုပ်စရာတွေ မပါဘူး...ရက်စက်ကြမ်းကြုတ်တာတွေမပါဘူး... ဆိုတော့ ဒီကားအမျိုးအစားကိုအနည်းငယ်တော့ရိပ်မိမယ်ထင်ပါတယ်.. ပြီးတော့ ဒီကားကိုကြည့်တော့မယ်ဆိုရင် ဆူညံသံတွေအတတ်နိုင်ဆုံးငြိမ်တဲ့အချိန်ကိုရွေးပါ ..မိသားစုနဲ့ကြည့်မယ်ဆိုရင်လည်း အာလူးကြော်တောင်မ၀ါးခိုင်းပါနဲ့...ကြည့်နေတုန်းလမ်းလျောက်မယ်ဆိုရင်လည်း ခြေဖျားထောက်ပြီးလျှောက်ခိုင်းပါ.... File Size : (1.12GB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae 
movie

Departures(2008)

2008