Channel Myanmar

Ryūnosuke Watanuki

Drifting Home (2022) 6.5
Drifting Home (2022) Drifting Home (2022)(1080p ရပါပြီ)အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ...တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ ...
movie

Drifting Home (2022)

2022
A Silent Voice: The Movie (2016) 8.1
A Silent Voice: The Movie (2016) Silent Voice 2016 ------------------------ ကျွန်တော်တို့အားလုံး ကျောင်းသားဘ၀နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိကြမှာပါ။။ကျွန်တော်လဲ ရှိခဲ့ဖူးပါတယ်။။ ဒါပေမယ့် အမှတ်တရကောင်းတော့ မဟုတ်ခဲ့ပါဘူး။ကျွန့်တော့်ရဲ့ အမှတ်တရကို မသန်စွမ်း(နားမကြားမလေး)နဲ့ပဲ စရမှာပေါ့။သူ့ရဲ့ကျောင်းသားသစ် မိတ်ဆက်ပွဲမှာ တမူထူးတဲ့ မိတ်ဆက်ပုံကြောင့် ကျွန်တော်အာရုံစိုက်မိခဲ့ပါတယ်။ သူမိတ်ဆက်ပုံက တွေတွေလေးငေးနေရင်းကနေ လွယ်အိတ်ထဲက စာအုပ်ကို ထုတ်ပြီး သူဟာ အကြားအာရုံမကောင်းကြောင်းနဲ့ သူကို ဒီစာအုပ်လေးကနေ ဆက်သွယ်ခင်မင်စကားပြောပေးဖို့ အပြုံးမှိန်မှိန်လေးနဲ့ မိတ်ဆက်ခဲ့လို့ပါ။ သူ့ရဲ့ လူတကာပေါ်ကောင်းချင်ပြီး အမြဲတမ်း အပြုံးလေးနဲ့ ဆက်ဆံပုံကို ကျွန်တော်က ဟန်ဆောင်တယ်ထင်ပြီး အမြဲနှောင့်ယှက်ဒုက္ခပေးခဲ့ပါတယ်။တနေ့မှာတော့ ကျွန်တော့်ရဲ့စနှောက်မှုတွေက ကျွန်တော့်ရဲ့ဘ၀တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့ပါတယ်။အဲ့ဒါက သူ့ရဲ့နားအကြားအကူနားကြပ်တွေကို လွှင့်ပစ်မိတာခဲ့ပါ။ အဲ့နားကြ့ပ်တွေက ဈေးကလဲကြီးပြီး ၈ခုထိကိုကျွန်တော် လွှင့်ပစ်မိတာကြောင့် သူ့အိမ်ကနေ တဆင့် ကျနော်တို့အတန်းဆီပါ ရောက်လာပြီး သူလဲကျောင်းပြောင်းပြီး ကျွန်တော်လဲ ဆရာတွေရဲ့စစ်ဆေးမှူမှာ အမြဲနှောင့်ယှက်တတ်တဲ့ ကျွန်တော်ကို အားလုံးက အပြစ်ပုံချခဲ့ပါတယ်။အနိုင်ကျင့်ယုတ်မာတဲ့လူတစ်ယောက်အဖြစ် ပတ်၀န်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းလဲ ခံရပြီး ...
movie

A Silent Voice: The Movie (2016)

Altered Carbon: Resleeved(2020) 6.8
Altered Carbon: Resleeved(2020) Altered Carbon: Resleeved(2020)ရှုတ်ထွေးလွန်းတဲ့ မြို့လယ်ခေါင်မှာ ကောင်မလေးတစ်ယောက်နောက်ကို လူကြမ်းကြီး(၂)ယောက် လိုက်နေတယ်....ဒီကောင်မလေးကြည့်ရတာ အဖွဲ့အစည်းတစ်ခုကနေအကြောင်းတစ်ခုကြောင့် အသေလုပြေးနေရတဲ့ပုံပဲ.... သိပ်မကြာဘူး....သူ့ကိုလိုက်နေတဲ့ (၂)ယောက်အပြင် တစ်ခြား ကြေးစားလူသတ်သမားတစ်ယောက်ကလည်း ဒီကောင်မလေးနောက်ကိုလိုက်နေပြန်တယ်... ကံကောင်းထောက်မစွာ အဖွဲ့အစည်းတစ်ခုက လူရွယ်တစ်ယောက်က ဒီကောင်မလေးကို ကယ်တင်လိုက်နိုင်တယ်.... ဘာကြောင့်ဒီကောင်မလေးကို လိုက်သတ်နေကြတာလဲ.... ဒီဂျပန် Animation ဇာတ်ကားဟာ စစချင်း ဇာတ်ကောင်တွေ သိပ္ပံအက်ရှင်ပီပီ အဲ့ဒီခေတ်ရဲ့ ဆန်းပြားတဲ့နည်းစနစ်တွေကို ခပ်သွက်သွက်မိတ်ဆက်ရင်း ဇာတ်လမ်းကိုပုံဖော်ထားတယ်... ငွေကြေးချမ်းသာရင် နာမ်တစ်ခုကို ရုပ်ခန္ဓာအသစ်တစ်ခုဆီကူးပြောင်းရင်း အသက်ဆက်လို့ရသလို တခြားဂြိုလ်မှာရှိတဲ့ ရုပ်ခန္ဓာအသစ်ဆီကူးပြောင်းရင်း တစ်နေရာဆီ အလွယ်တစ်ကူကူးပြောင်း နိုင်တယ်... ဒီ Animation ကားက ရာကူဇာဂိုဏ်းတွေ ကြေးစားလူမိုက်ပေါင်းစုံတွေ မှော်ဆန်တဲ့ ကိစ္စတွေ၊ ခပ်ဆန်းဆန်း သိပ္ပံပညာတွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတာပါ... အက်ရှင်အလန်းစားတွေများစွာပါဝင်တဲ့အပြင် စိတ်ဝင်စားဖွယ်ရာကောင်းတာမို့ Animation ကြိုက်တဲ့ပရိတ်သတ်တွေအတွက် လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thinzar Htet ပဲဖြစ်ပါတယ်... File Size : (800 MB) and (318 MB) Quality : WEB-DL  720p Format…mp4 Duration…01:14:00 Genre : Animation,Sci-Fi Subtitle : ...
movie

Altered Carbon: Resleeved(2020)