Channel Myanmar

Ryusei Yokohama

The Parades (2024) 6.7
The Parades (2024) The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie "The Parades" ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB ...
movie

The Parades (2024)

2024
The Village (2023) 5.8
The Village (2023) The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie

The Village (2023)

2023
The Wandering Moon (2022) 7
The Wandering Moon (2022) The Wandering Moon ( 2022 )ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ...
movie

The Wandering Moon (2022)

2022
Usogui (2022) 6.3
Usogui (2022) Usogui (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အသက်ကိုလောင်းကြေးထပ်မယ့် ကစားပွဲတွေအကြောင်း ရင်ခုန်အောင် ရိုက်ကူးပေးထားတဲ့ ဂျပန်ကားလေး Usogui (မုသားစားသုံးသူ) ပါပဲကာကဲရိုကလပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကြေးကြီးတဲ့ လောင်းကစားပွဲတွေကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု... လောင်းချင်တိုင်းလောင်းပြီး ထွက်ပြေးချင်တဲ့သူတွေ လစ်လို့မရအောင် လိုအပ်ရင် လူပါသတ်တယ်မင်းသား မာဒါရာမဲ ဘာကူဟာ တခြားသူတွေရဲ့ မုသားတွေ လှည့်ဖျားမှုတွေကို ကျွမ်းကျင်ပါးနပ်စွာ ဖော်ထုတ်နိုင်သူ... သူဟာ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို ရရှိဖို့ အသက်ကိုပါ ပုံအောပြီး လောင်းကြေးတင်ခဲ့ပေမယ့် ခေါင်းဆောင်ရဲ့ လှည့်ဖျားမှုမှာ ကျရှုံးရင်း အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ် ခေါင်းဆောင်ဟာ သူ့ကို အသင်းဝင်အဖြစ်ကနေ ပယ်ထုတ်ပြီး နှင်ဒဏ် ပေးခဲ့တယ်အချိန်အတိုင်းအတာ တစ်ခုအကြာမှာတော့ ဒီအဖွဲ့ဝင်တွေကို စိန်ခေါ်တဲ့ သိပ္ပံပညာရှင် ဆာဒါကူနီ ဆိုသူ ပေါ်ပေါက်လာတယ် ဘာကူဟာလည်း ခေါင်းဆောင်ကိုထပ်စိန်ခေါ်နိုင်ဖို့ တိုကျိုကို ပြန်လာတဲ့အခါ မောင်ကံကောင်းလေး ကာဂျီ တာကာအိုမီနဲ့ ဆုံတွေ့ခဲ့တယ် သူတို့၂ဦးရယ် ဆာဒါကူနီရယ် ကာကဲရိုကလပ်တို့ဟာ ဘယ်ပုံဘယ်နည်း ဆက်နွှယ်နေမလဲ ...
movie

Usogui (2022)

Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
Your Eyes Tell (2020) 7.1
Your Eyes Tell (2020) Your Eyes Tell (2020)မိုးအေးနေတဲ့ဒီလိုအချိန်တွေမှာ ကြည့်လို့ကောင်းမဲ့ Melo Drama ဇာတ်ကားတစ်ခုပါ။ Ryusei Yokohama နဲ့ Yuriko Yoshitakaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး Kpop group ဖြစ်တဲ့ BTS အဖွဲ့ရဲ့ "Your Eyes Tell" သီချင်းကို Theme Song အဖြစ်အသုံးပြုထားပါတယ်။အန်တိုနီယို ရေးက လက်ဝှေ့သမားဖြစ်ခဲ့ဖူးပေမဲ့ အတိတ်ကလုပ်ရပ်အမှားကြောင့် အတိတ်ကိုပြန်မပြောချင်တဲ့အထိ သူ့ကိုယ်သူ စိတ်နာနေတဲ့သူပါ။ "အကရီ"ကတော့ သူ့မိဘတွေနဲ့ခရီးသွားရင်း ကားမတော်တဆဖြစ်ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသူပါ။ထောင်ကထွက်လာပြီးတဲ့နောက် ရေးက လက်ဝှေ့ဆရာတွေဆီပြန်မသွားဘဲ ဇာတ်မြှုပ်ရင်း ကားပါကင်စောင့်တဲ့အလုပ်ကိုဝင်လုပ်ပါတယ်။အကရီက ရေးကို ကားပါကင်စောင့်တဲ့ဦးလေးလို့အထင်မှားပြီး ရေးနဲ့စကားပြောမိရာကနေ သူတို့နှစ်ဦးစပြီးဆုံကြပါတယ်။ဘဝကိုအရှုံးပေးထားတဲ့ ရေး က အမြင်ဆုံးရှုံးထားပေမဲ့ ဘဝမှာ ပျော်ပျော်နေနိုင်အောင်ကြိုးစားနေတဲ့ အကရီကိုကြည့်ပြီး ပြောင်းလဲလာပါတယ်။တစ်ဖက်မှာလည်း သူ့ရဲ့အတိတ်ဟောင်းတွေနဲ့အတူ အကရီရဲ့မျက်စိကွယ်ရတဲ့အကြောင်းအရင်းက ဆက်စပ်နေတဲ့အခါ...ရေးနဲ့အကရီတို့နှစ်ယောက် ဘာတွေဆက်ပြီးကြုံတွေ့ကြရမလဲ...ဒဏ်ရာတွေကို ဘယ်လိုကုစားဖေးမပေးကြမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှုပေးပါဦး။( အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie

Your Eyes Tell (2020)

We Are ( 2018 ) 6.5
We Are ( 2018 ) Zawgyi*******တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်...ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝ​တွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှု​မျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော် Unicode*******တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်...ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝတွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှုမျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော် Translated & Review By MineEncoded By LK
movie

We Are ( 2018 )

2018