Channel Myanmar

Sa-Ard Piempongsan

The Legend of Muay Thai: 9 Satra (2018) 7.3
The Legend of Muay Thai: 9 Satra (2018)  "မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး"မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimationကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက်သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီးပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့်ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ...မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီးဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာမွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်းအကျဥ်းချထားပါတယ်။ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာဖျက်ဆီးဖို့ကြံပါတော့တယ်...။သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာမှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာအဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့်မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ..လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူတော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Legend of Muay Thai: 9 Satra (2018)

Heaven’s Seven (2002) 6.1
Heaven’s Seven (2002) Heaven's Seven (2002)ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုး လာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ်စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ် တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့် သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေ ဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | 720p File size… 5GB } 2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....Lei Wutyi Tun Encoder ..... Aaron
movie

Heaven’s Seven (2002)

2002
In the Shadow of the Naga (2008) 6.8
In the Shadow of the Naga (2008) ပန် ပေါ် စင်ဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်ဆောင်လာတဲ့ကားကို ဓားပြတိုက်ခဲ့ပြီး ရဲတွေလိုက်ဖမ်းတာခံရလို့ ပေါ်ဟာငွေအိတ်ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာဖွက်ထားခဲ့ပါတယ်ပေါ်နဲ့ပန်ဟာ မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီးဓားပြတိုက်ဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမယ့် ဘုန်းကြီးကျောင်းကိုပြန်လာတဲ့အချိန်မှာတော့ ပေါ်ငွေအိတ်ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီးဆောက်ထားပါတယ်ဒါနဲ့ပဲ ဘုန်းကြီးကျောင်းမှာငွေအိတ်ရှာဖို့အတွက် နေနိုင်တဲ့တနည်းကတော့ ဘုန်းကြီးဝတ်တာပါပဲဘုန်းကြီးအတုအနေနဲ့ဘုန်းကြီးကျောင်းမှာနေနိုင်ဖို့ စင်ဟာ ဆရာတော်ချင့်ကို သူနဲ့ပန်ကိုဘုန်းကြီးဝတ်ပေးဖို့ဖိအားပေးပါတော့တယ်ဒီလိုနဲ့ပဲ စင်နဲ့ပန်ဟာဘုန်းကြီးအတုတွေလုပ်ပြီး ငွေအိတ်ကိုရှာနေခဲ့ပါတယ်ငွေအိတ်ကိုရှာနိုင်ပါ့မလား ရဲတွေရော သူတို့ကိုဖမ်းနိုင်မလား ပေါ်နဲ့ပန်ရော မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်ပါနော် 🔥File Size__(1.6GB) Quality__1080p IMDb Rating__6.8/10 Format__mp4 Duration__01:32:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

In the Shadow of the Naga (2008)