Channel Myanmar

Saad Siddiqui

Cosmopolis (2012) 5.1
Cosmopolis (2012)  IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / ...
movie

Cosmopolis (2012)

Inescapable (2012) 5.2
Inescapable (2012) Inescapable (2012) ==============၂၀၁၂ က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးနောက်ခံပြုထားတဲ့ Drama, Thriller ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ MCU ရဲ့ Spider-man သုံးကားထဲမှာ အန်တီမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Marisa Tomei ရဲ့ အလှအပ တွေကိုလည်း ခံစားရဦးမှာပါ။အာဒိဒ်ဟာ ကနေဒါ နိုင်ငံ တိုရန်တိုမှာ ဇနီးတစ်ယောက်၊ သမီးနှစ်ယောက်နဲ့ အခြေတကျ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းလာခဲ့သူပါ။ သူ့သမီး ဖြစ်သူ နှစ်ယောက်ကတော့ သူ့အဖေရဲ့ ‌အတိတ်ကို သိချင်ပေမယ့် အာဒိဒ်ဟာ ပြောမပြခဲ့ပါဘူး။  တစ်နေ့မှာတော့ သမီးအကြီးဖြစ်သူ မူနာ ဟာ ဆီးရီးယားနိုင်ငံ ဒက်မာစကတ်မြို့မှာ ပျောက်ဆုံးသွားပါတော့တယ်။ သမီးအကြီးက ဂရိနိုင်ငံကနေ ဓာတ်ပုံရိုက်ကူးရေးလုပ်ရင်း ကနေဒါကို ပြန်မလာဘဲ သူ့အဖေအကြောင်းကို စုံစမ်းချင်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖေမသိအောင် ခိုးသွားခဲ့တာပါ။အာဒိဒ်လည်း သတင်းရရချင်း သမီးဖြစ်သူကို ကယ်ဆယ်ဖို့ ဆီးရီးယားနိုင်ငံကို ပြန်သွားခဲ့ရင်း သူ ချန်ထားခဲ့ပြီ ဖြစ်တဲ့ သူ့ဘဝအဟောင်းက ဇာတ်လမ်းတွေ ပြန်လိုက်ပါတော့တယ်။ သမီးကို ကယ်တင်ချင်စိတ်ကြီးနေတဲ့ အာဒိဒ် ...
movie

Inescapable (2012)

2012
Books of Blood (2020) 5.6
Books of Blood (2020) Books of Blood (2020)ပုံမှန် horror/thriller ဇာတ်ကားမျိုးလို ဇာတ်လမ်းထက် အသံ ဇာတ်ကောင်ဦးစားပေးပြီး မကြောက်ကြောက်အောင်ခြောက်ပြီးရိုက်ထားတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ ဇာတ်လမ်း၃ပိုင်း ကို same time and space မှာရောယှက်ပြီး ရိုက်ကူးပြသွားတာပါ။Books of Blood ဇာတ်ကားကြီးက တစ်ကားလုံးကို အစကနေအဆုံးထိသေချာကြည့်မှ အရသာရှိသလို အစအဆုံး အချိန်ပေးရကျိုးလည်း တကယ်နပ်တဲ့ကားမျိုးဆိုတာ ကြည့်ဖူးပြီးသူတိုင်း ငြင်းနိုင်မယ်မထင်ပါဘူး။ တကယ်တမ်းကြောက်စရာကောင်းတာက တစ္ဆေသရဲဆိုတာတွေထက် လူတွေရဲ့ လောဘ ဒေါသတွေနဲ့ဖုံးလွှမ်းနေတဲ့ စိတ်ဓာတ်တွေပါလားဆိုတာကို ဒီရုပ်ရှင်ကနေ တစ်နည်းတစ်ဖုံခံစားမိနိုင်တယ်ဆိုလည်းမမှားပါဘူးနော်။ ထွေထွေထူးထူး အများကြီး spoil ဖြစ်လောက်တဲ့ထိ အသေးစိတ်ရေးပြီး review ပေးမယ့်အစား Books of Blood ဇာတ်ကားကြီးကိုပဲ ကိုယ်တိုင်ကြည့်ရှုခံစားကြည့်ကြပါအုံးလို့ပဲ recommend ပေးလိုက်ပါရစေ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lucy May ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Mystery Quality….WEB-DL 1080p and ...
movie

Books of Blood (2020)

Fahrenheit 451 (2018) 5.8
Fahrenheit 451 (2018) ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (750 MB) and (350 ...
movie

Fahrenheit 451 (2018)

2018