Channel Myanmar

Saadia Bentaïeb

The Animal Kingdom (2023) 6.9
The Animal Kingdom (2023)  အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာလူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီးလူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်....။ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ...။ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့စိတ်မကောင်းစရာပဲပေါ့...။ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်...။ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ကြုံတွေ့လာရတဲ့အခါ....။Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစားရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမိုတင်ဆက်ပေးလိုက်ပါဗျာ...။  File size…2.24GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 8m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Animal Kingdom (2023)

Anatomy of a Fall (2023) 7.8
Anatomy of a Fall (2023)   အခုတင်ဆက်ပေးမှာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှ ဆု ၄ဆုအပါအဝင် ဆုပေါင်း ၅၂ဆု ရရှိခဲ့ပြီး ၁၂၇ဆု ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကားလေးပါ...အရင်က 720p တမျိုးတည်းသာတင်ဆက်ထားရာက အခုအခါ 1080p အပြင်လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ဆက်ပေးထားပါတယ်.....ဇာတ်လမ်းလေးကတော့.........ဆန်တာဗွိုင်တာ နဲ့ ဆင်မြူရယ်မော်လက်စကီ တို့မှာ သားလေး ဒန်နီရယ်တစ်ယောက်ရှိပါတယ်.....သူတို့သားလေးက တနေ့ ဆိုင်ကယ်မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်.....အဲဒါကို ဆင်မြူရယ်က သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာပေါ့ဒီလိုနဲ့ လင်မယားကြားကတောက်ကဆလေးတွေရော သားဖြစ်သူဆေးကုစရိတ်ကြောင့် ငွေကြေးပြဿနာတွေကြောင့်ပါ သူတို့ အိမ်တွင်းရေးက သိပ်အဆင်မပြေဖြစ်နေခဲ့တာပေါ့.....တနေ့တော့ အမျိုးသားဖြစ်သူ ဆင်မြူရယ်တစ်ယောက် သူ့နေအိမ်ခြံထဲမှာပါ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားပါတယ်......အဲဒီမှာပဲ သူ ဘယ်လိုပုံစံပြုတ်ကျခဲ့တာလဲ......သွေးရိုးသားရိုးမှဟုတ်ရဲ့လာ........သူတို့ကြားမှရှိနေတဲ့ ပြဿနာနဲ့ရောဆိုင်နေမလား စသည် စသည် သံသယများစရာတွေနဲ့ အမှုကို စစ်ဆေးတဲ့အခါ ဇနီးသည် ဗွိုင်တာနဲ့ သူတို့သားလေး ဒန်နီရယ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-ray 1080p/720p Format…mp4 Duration….02:31:00 Genre...Crime, Drama, Thriller Subtitle….Myanmar ...
movie

Anatomy of a Fall (2023)

Eloïse’s Journey (2022) 6.0
Eloïse’s Journey (2022)   ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အ‌ကြောင်းလေးပါ။ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေ‌ကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yurnero 
movie

Eloïse’s Journey (2022)

Magnetic Beats (2021) 6.4
Magnetic Beats (2021)  ဒီဇာတ်လမ်းရဲ့တည်နေရာကတော့ ပြင်သစ်နိုင်ငံကမြို့လေးတမြို့မှာပါ။ ဒီမြို့မှာက ဂျရုံးနဲ့ ဖီးလစ်ဆိုတဲ့အရမ်းချစ်ကြတဲ့ညီအကိုနှစ်ယောက်ရှိကြတယ်။ဖီးလစ်ကလည်း ဂျရုံးကိုစံပြပုဂ္ဂိုလ်တယောက်လိုမျိုးမြင်သလိုဂျရုံးကလည်း သူ့ကိုအမြဲဂရုစိုက်ပေးတဲ့သူ့ညီလေး ဖီးလစ်ကိုအရမ်းချစ်တယ်။ သူတို့နှစ်ယောက် အတူတူဖန်တီးခဲ့ကြတာကရေဒီယို ဝါးဆောဆိုတဲ့ ရေဒီယိုအစီအစဉ်လေးတခု။ ဒီရေဒီယိုကနေအကိုဖြစ်သူဂျရုံးက သူ့ရဲ့အာဘော်တွေ ကမ္ဘာကြီးရဲ့ဂီတလက်ရာတွေကို ပြောပြလေ့ရှိသလိုသူ့ရဲ့ နောက်ကွယ်ကနေညီဖြစ်သူ ဖီးလစ်ကတော့ တိပ်ခွေတွေ စက်ခုံတွေကြားနစ်မြုပ်နေပြီးကိုယ့်အသံကိုယ် မုန်းတီးနေခဲ့မိတယ်။ ဒီလိုနဲ့ပဲ သူတို့ညီအကိုကြားထဲကိုတနေ့မှာ ၀င်ရောက်လာခဲ့တာက မာရီယာနာဆိုတဲ့ ဂျရုံးရဲ့ရည်းစားကောင်မလေး။ ဂျရုံးရဲ့ကလေးနဲ့အတူ ဆံပင်ညှပ်သင်ဖို့ဒီမြို့လေးကိုရောက်လာခဲ့တယ်။ ဖီးလစ်တယောက်ကတော့ မြင်မြင်ချင်းမှာပဲ သူမကိုချစ်မိသွားပြီ။ ဒါပေမယ့်သူ့အကိုကိုအရမ်းချစ်တဲ့ ဖီးလစ်အတွက်ကတော့ ကျော်လို့မဖြစ်တဲ့စည်းလေးတခုဖြစ်လာခဲ့တယ်။ ဖီးလစ် အသက် ၂၀မှာတော့ပြင်သစ်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်ထဲ၀င်ရဖို့အကြောင်းဖန်လာခဲ့တဲ့အချိန်မှာမာရီယာနာကလည်း တိတ်တိတ်လေးသူ့ကို၀န်ခံခဲ့တယ်။ ဒီလိုနဲ့ပဲ ဖီးလစ်တယောက် အကိုကို့ချစ်တဲ့စိတ်နဲ့မာရီယာနာ့ကိုချစ်တဲ့စိတ်တွေအကြား လွန်ဆွဲရဖို့ဖြစ်လာပါတော့တယ်။စစ်မှုထမ်းကာလအပြီး အဆုံးသတ်မှာ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေးတပုဒ်က ဘယ်လိုမျိုးအဆုံးသတ်သွားမလဲ။ အဆုံးသတ်မှာ ဖီးလစ်တယောက် ဘာကိုရွေးချယ်သွားမှာလဲ။ မာရီယာနာကရော ဘာကိုရွေးချယ်သွားမလဲဆိုတာကို CM ပရိတ်သတ်ကြီးကMagnetic Beatsဆိုတဲ့ ပြင်သစ်ဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦး။  File size…1.26GB / 426MB Quality…WEB-Rip ...
movie

Magnetic Beats (2021)

Deception (2021) 5.7
Deception (2021) Deception (2021) =============ပြင်သစ်ကားတွေက အိမ်ထောင်ရေးဖောက်ပြန်တာကို အနုပညာဆန်ဆန် ဖန်တီးတဲ့နေရာမှာ စံထားလောက်တယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ အခု ''Deception'' ဇာတ်ကားလေးကလည်း ဒီလိုပါပဲ။ အိမ်ထောင်ရေး ဖောက်ပြန်တာကို ဇာတ်အိမ်တည်ပြီး အချစ်အ​ကြောင်းကို လှလှပပရိုက် ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။ဒီကားရဲ့အဓိကဇာတ်ဆောင်ကတော့ ဖီးလစ်ပေါ့။ ဖီးလစ်က ဂျူး - အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့မယားငယ်အမျိုးသမီးလေးနဲ့အတူ ရုံးခန်းလေးထဲမှာ ပေါင်းသင်းနေထိုင်ပါတယ်။ ဒီအခန်းလေးထဲမှာပဲ ဒီအမျိုးသမီးနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒီတွေအကြောင်းပြောကြတယ်၊ စာပေအကြောင်းတွေဆွေးနွေးကြတယ်။ တစ်ယောက်အပေါ်တစ်ယောက် သဝန်တို စိတ်မချတာတွေမရှိဘဲ စည်းမဲ့ဘောင်မဲ့ အချစ်ကိုခံစားကြတယ်။ ဇာတ်ကားတစ်ခုလုံးက အိမ်ထောင်ရေးဖောက်ပြန်မှု စည်းဘောင်တွေကျော်ပြီး အချစ်အကြောင်းဖန်တီးထားတာ ဖြစ်ပါတယ်။ အကယ်၍ အိမ်ထောင်ရေးကိစ္စတွေကိုသာ လျစ်လျှူရှုပြီး ကြည့်ခဲ့ရင် ဒီဇာတ်လမ်းလေးက အချစ်အကြောင်းကို လှလှပပလေး ပုံဖော်ထားတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်)File Size..........(1.3 GB) / (565 MB) Quality............WebRip 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator....... Thar Htet Encoder..........SWM
movie

Deception (2021)