Channel Myanmar

Sabin Simion

Clouds of Chernobyl (2022) 5.8
Clouds of Chernobyl (2022)  1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းကနျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ်ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲအဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေဖြစ်ကြပါတယ်။ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမားဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေအသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။  File size…(1.2 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie

Clouds of Chernobyl (2022)