Channel Myanmar

Sahidur Rahaman

Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022
Skater Girl 2021 6.6
Skater Girl 2021 နက်ဖလစ်ရဲ့ Hindi ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ စကိတ်စီးတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့။ ပုံမှန်ဆို ကောင်မလေး စကိတ်စီးတာ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမယ့် ဘာမှမတိုးတက်သေးတဲ့ ရှေးရိုးစွဲ ရွာတစ်ရွာက ကောင်မလေးတစ်ယောက် စကိတ်ပြိုင်ပွဲဝင်ဖို့ဆိုတာတော့ အတော်ကို မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ကလည်း အိန္ဒိယဘက်က ရွာတွေဘက်က မိန်းကလေးတွေကို နှိမ်ချထားတာတွေ ဇာတ်ခွဲတာတွေကို ပြထားတာပါပဲ။ လန်ဒန်မြို့ကနေ အိန္ဒိယသူလေးတစ်ယောက်က အကြောင်းတစ်ခုကြောင့် ရွာကလေးကိုရောက်လာတယ်။ သူ့ရဲ့မိတ်ဆွေဆီက စကိတ်ကို ကလေးတွေ ယူစီးရင်း အရမ်းသဘောကျသွားရင်းနဲ့ သူလည်း ကလေးတွေကို စကိတ်စီးနိုင်အောင်နည်းမျိုးစုံနဲ့အားပေးဖြစ်သွားတယ်။ စကိတ်အားကစားကနေ ကလေးတွေကို လွတ်လပ်ခွင့်နဲ့ ဇာတ်ခွဲခြားတာတွေ ပျောက်အောင်ကူညီခဲ့တယ်။ သားယောကျာ်းလေးတွေအတွက် အခက်အခဲ ဒီလောက်မရှိပေမယ့် ပရီရာဆိုတဲ့ မိန်းကလေး တစ်ယောက်က စကိတ်အားကစားကို ရူးသွပ်လာတဲ့အခါ.... File size…(1.5 GB) and (800 Mb) Quality….web 1080p and 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson  
movie

Skater Girl 2021

Batla House (2019) 7.5
Batla House (2019) (Unicode)တကယ်တော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့က ဒေလီမြို့မှာ ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း စက်တင်ဘာလ ၁၉ရက်နေ့ကဒေလီမြို့၊ ဂျမီယာနဂါးအရပ်မှာရှိတဲ့ ဖြစ်ပွားခဲ့တဲ့ Batla House encounter case (Batla House ပစ်ခတ်ဖမ်းဆီးမှု) သို့မဟုတ်Operation Batla House (Batla House စစ်ဆင်ရေး) ကို အခြေခံထားတာပါ။အဲ့ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမားလို့ရဲတွေဘက်က ယူဆထားခဲ့တဲ့ Jamia Millia Islamia University (ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်)ကကျောင်းသားငါးယောက်ကို ပိတ်ဆို့ဖမ်းဆီးရင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ အခြေအနေကို ရောက်သွားတယ်။ဒီဖြစ်စဉ်မှာ ကျောင်းသား ၂ယောက်ကို အသေဖမ်းမိတယ် ၊ ၂ယောက်က လွတ်သွားပြီး ၊ ကျန် ၁ ယောက်ကို အရှင်ဖမ်းမိတယ် ။ရဲတွေဘက်မှာလည်း စစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိတစ်ယောက် ကျဆုံးပြီး ...
movie

Batla House (2019)

2019