Channel Myanmar

Sai Pallavi

Gargi (2022) 8.4
Gargi (2022) Drama, Thriller, Mystery IMDb - 8.4 / 10"ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?"ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ်ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ်အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့....သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင်အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB  /  800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo ...
movie

Gargi (2022)

2022
4K HEVC Web-DL
Maari 2 (2018) 5.6
Maari 2 (2018) Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie

Maari 2 (2018)

2018
Viraata Parvam (2022) 9.0
Viraata Parvam (2022) ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey
movie

Viraata Parvam (2022)

2022
1080p HEVC
Love Story (2021) 6.9
Love Story (2021) Love Story (2021) IMDb - 6.92021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ ...
movie

Love Story (2021)

2021
Shyam Singha Roy (2021) 8.3
Shyam Singha Roy (2021) Shyam Singha Roy (2021)ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက်IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကား‌ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲမူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီးအစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ်‌ နောက်ကွယ်အမှန်တရားကအတိတ်ဘဝနဲ့‌ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ.....  File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH /  720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko 
movie

Shyam Singha Roy (2021)

2021
Padi Padi Leche Manasu(2018) 6.4
Padi Padi Leche Manasu(2018) Padi Padi Leche Manasu(2018)အသစ်ထွက် Telugu ဇာတ်ကားလေးဖြစ်ပါတယ်။ Romance/Dramaဇာတ်ကားလေးဖြစ်ပြီး ဟာသနှောရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Castတွေကတော့ ဆူရီရာအဖြစ် Sharvanand ၊ ဗေရှာလီအဖြစ် မင်းသမီးချော Sai Pallavi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 6.5 ထိရထားပါတယ်။ဇာတ်လမ်းလေးကတော့ ဘဝနောက်ခံအခြေအနေမတူ၊ စရိုက်ချင်းမတူ၊ တွေးခေါ်ပုံချင်းမတူတဲ့ လူနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊အဆင်မပြေမှု၊ သဘောထားကွဲလွဲမှုတွေကိုပြသွားပြီး အပြင်လက်တွေ့သမီးရည်စားအတွဲကြားဖြစ်တတ်တဲ့အခြေအနေတွေ၊အိမ်ထောင်ရေးပြသနာတွေကို ရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်။ ဟာသနှောပြီး အလွမ်းအဆွေးတွေကိုရိုက်ကူးပြထားတဲ့အတွက်အရသာတစ်မျိုးတော့ရမှာပါ။ ဇာတ်ဆောင်မင်းသားရဲ့ ဂျစ်ကန်ကန်သရုပ်ဆောင်ပုံစံ၊ ပေါ့ပေါ့ပါးပါးနေဟန်တွေကိုလည်းတွေ့မြင်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (1GB) and (440 MB) Quality : WEB-DL 720p, Format…mp4 Duration…02:38:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo ...
movie

Padi Padi Leche Manasu(2018)

2018