Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sairi Itoh
7.3
Theatre: A Love Story (2020)
ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ. File Size - ...
movie
Theatre: A Love Story (2020)
2020
7.0
Asako I & II(2018)
Asako I & II(2018)IMDb......7.0(unicode)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ မြင်မြင်ချင်းပဲ ချစ်မိသွားကြတယ်။ဘတ်ခုဆိုတဲ့ကောင်လေးဟာ လူထူးဆန်းကောင်လေးတစ်ယောက်ပါ.. ဘာလို့ဆို သူဟာ ဘယ်သူ့မှ မ ပြောဘဲ ပျောက်ချင်ရာပျောက်နေတတ်တဲ့သူ.... တစ်ခါတစ်လေ အိမ်ကနေ မပြောမဆိုနဲ့ထွက်သွားရင်း တစ်လ ကိုးသီတင်းလောက် ပျောက်ချင်ပျောက်နေတတ်သည်။ အိမ်သားများအတွက် မထူးဆန်းတော့။ ဒီလိုနဲ့ ၆ လလောက်ကြာတော့ ဘတ်ခုတစ်ယောက် ပျောက်ချင်းမလှ ပျောက်ပြီး ပြန်ပေါ်မလာတော့။အာဆာကိုဆိုတဲ့ကောင်မလေးအတွက်တော့ ကြေကွဲခြင်းတွေ ထွေးပိုက်ပြီး ကျန်ခဲ့ရတာပေါ့.... ၂ နှစ်လောက်ကြာပြီးနောက် အာဆာကို တစ်ယောက် အံအားသင့်စရာတစ်ခုနဲ့ကြုံရတယ်...ပျောက်သွားတဲ့ ချစ်သူနဲ့တစ်ထေရောထဲတူတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ရသလို သူပျောက်ပြီလို့ ထင်တဲ့ ချစ်သူကလည်း ပြန်ရောက်လာတဲ့နောက်မှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲ ခံစားကြည့်ကြပါ...ဒီကားက အချစ်ရိုမန့်ကားလေးဖြစ်သလို မင်းသားရော မင်းသမီးရော ချောမောလှပကြပါတယ်...တကယ့်ကို ရင်ခုန်စိတ်ကြည်နူးရတဲ့ကားလေးပါ.ပြီးတော့ ဒီဇာတ်ကားဟာ 2019 ခုနှစ်အတွက် Asian Film Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၄)ဆုနဲ့ ဆန်ကာတင်(၁၀)ဆုလည်းစာရင်း ဝင်ခဲ့တယ်.....ခံစားကြည့်ကြပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်.....(zawgyi)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ ...
movie
Asako I & II(2018)
5.9
Love and other cults (2017)ဒီတစ်ခေါက်တော့ Channel Myanmar ပရိသတ်ကြီးအတွက်ဇာတ်လမ်းကောင်းလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Love and other cults (2017)ကားလေးပါ။ဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့ ...ဘာသာရေးအစွန်းရောက်လွန်းတဲ့ မိခင်ဖြစ်သူကြောင့် ဘာသာရေးမိတ်ဆွေအသိုင်းအဝိုင်းထဲမှာ လိင်ကျေးကျွန်အဖြစ် ရနှစ်ခန့်နေခဲ့ရတဲ့ ကလေးမလေး Ai...ဒီလိုနေရာကနေ လွတ်မြောက်လာခဲ့ပြီး သာမန်လူတစ်ယောက်လို လူ့အသိုင်းအဝိုင်းထဲကိုဝင်ရောက်လာခဲ့ပေမယ့် လူ့အသိုင်းအဝိုင်းနဲ့ မဝင်ဆံ့တော့တာတော့အမှန်ပါ။ထိုအချိန်မှာ သူမကိုနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူမလိုပဲ လူ့အသိုင်းအဝိုင်းမှာ ဝင်မဆံ့တဲ့ Ryotaနဲ့ ဆုံတွေ့လာတဲ့အခါ...ဒီလိုပျက်စီးယိုယွင်းနေတဲ့ အရေခြုံလောကကြီးကနေ သူတို့နှစ်ယောက်ရုန်းထွက်နိုင်ပါ့မလား?ဘယ်လိုမှရုန်းထွက်နိုင်စရာမရှိတဲ့ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုမှာသူတို့ဘယ်လိုဆက်ရှင်သန်မလဲ?စတဲ့ မေးခွန်းပေါင်းများစွာနဲ့ အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ကားလေးတစ်ကားပါ။Imdb Rating 5.9ရရှိထားတဲ့ ဒီဇာတ်လမ်းလေးနာမည်ကတော့ Love and other cults(2017)ပါ။
movie
Love and Other Cults(2017)
2017
6.6
One Week Friends (2017)
One Week Friends (2017)_____IMDb - 6.6/10 ကဲဒီတစ်ခါတော့ယာမဇာကီကန်တိုပရိတ်သတ်တွေအတွက်သူ့ရဲ့အသစ်ထွက်ဇတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ထွက်တာက၂ရက်၃ရက်ပဲရှိပါသေးတယ် ဒီကားလေးက One Week Friend ဆိုတဲ့ မန်ဂါ စီးရီးကို အသက်သွင်း ရိုက်ကူးထားတာဖြစ်ပြီး မန်ဂါ ပရိတ်သတ်တွေအနေနဲ့ တော့ ဘာတွေကွာခြားသွားလဲ ဆိုတာကိုမြည်းစမ်းသင့်ပါတယ်အစကတော့အေးဆေးဘာသာပြန်မလို့ပါပဲဒါပေမဲ့ဘာသာ ပြန်ရင်းဇတ်ကားထဲဈာန်ဝင်သွားလို့cm ပရိတ်သတ်တွေကိုအမြန်ကြည့်စေချင်တာကြောင့်အလုပ်မအားတဲ့ကြားကနေတင်ဆက်ပေးလိုက်ရပါတယ်ဒီဇတ်ကားကိုအစကတော့သာမန်ရိုးရိုးအချစ်ဇတ်ကားလို့ပဲထင်တာခဲ့မိတာပါပြီးတော့ဒီ၂၀၁၇မှာယာမာဇာကီရဲ့your lie in aprilလည်းထွက်ခဲ့ပါတယ်ကျွန်တော်ကတော့သိပ် အကြိုက်မတွေ့မိပါဘူးဒါကြောင့်ဒီကားဟာလည်းကန် တိုရဲ့အရင်ကားလိုပဲဇတ်လမ်းတည်ထားမယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့ကျွန်တော်မှားသွားပါတယ် ယာမာဇာကီကန်တိုဆိုတာဒီဇတ်ကားမှာဘာလဲဆိုတာ ပြသသွားတဲ့ဇတ်ကားတစ်ကားလို့ညွန်းချင်ပါတယ်ယာမာဇာကီကန်တိုရဲ့အချစ်ဒရာမာကားတွေထဲမှာဒီဇတ် ကားကိုတော့ကျွန်တော်အတော်အကြိုက်တွေ့မိပါတယ် ဘာသာပြန်ရင်းနောက်တစ်ခန်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးနေရတာကိုကဇတ်ကားရဲ့ဆွဲဆောင်မှုတစ်ခုပါဒါကြောင့်လည်းratingမြင့်တာကိုအပြစ်မဆိုသာတော့ပါဘူးဇတ်လမ်းကတော့ဂျပန်မန်းဂကိုအခြေခံထားတယ်လို့ပဲပြောပါရစေတချိူ့ကားတွေကမန်းဂကိုမှီအောင်မရိုက်ကူးနိင်ကြတာလက်တွေ့ပါဒါပေမဲ့ဒီကားကတော့သေချာပါတယ်မန်းဂထက်မသာရင်တောင်မနိမ့်ပါဘူးလို့ပြောချင်ပါတယ်ဇတ်လမ်းအစကတော့ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်တတ်တဲ့ကောင်မလေးတစ် ယောက်ဟဆေးယူကိတို့ကျောင်းကိုပြောင်းလာတဲ့အ ချိန်မှာဟဆေးတစ်ယောက်မြင်မြင်ချင်းစိတ်ဝင်စားမိပြီး ကောင်မလေးကိုမိတ်ဆွေတွေဖြစ်အောင်ဘယ်လိုကြိုးစားမလဲဖူဂျီမိယကအိုရီဆိုတဲ့ကောင်မလေးရဲ့အတိတ် ကအကြောင်းတွေကိုဟဆေးသိသွားတဲ့အခါဘယ်လို လုပ်မလဲကောင်မလေးရဲ့အတိတ်ကကောဘာတွေထူးဆန်းမှုတွေပြည့်နေမလဲစိတ်ဝင်စားစရာပါဇတ်ကားနာ မည်နဲ့အရမ်းလိုက်ဖက်အောင်ကောင်မလေးဘဝကထူးဆန်းတာတွေပြည့်နေပါတယ်ဇတ်လမ်းပြောပြနေရင်အရသာပျက်နေပါမယ်ပရိတ်သတ်တွေဘေကုန်ရကျိူးနပ်ပြီးသိမ်းထားသင့်တဲ့ဇတ်ကားပါ ဘာသာပြန်အညွန်းကတော့ ကိုစိုးထွေးပါ
movie
One Week Friends (2017)
2017