Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Saki Takaoka
In Love and Deep Water (2023)
Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie
In Love and Deep Water (2023)
6.9
Just Remembering (2021)
Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie
Just Remembering (2021)
2021
6.3
Masquerade Night (2021)
Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie
Masquerade Night (2021)
2021
N/A
Snow Flower (2019)
Snow flower ဆိုတဲ့ ဂျပန်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...IMDb Rating (7.1) ပါ။ သေရမယ့်ရက် သေရမှာကြိုသိနေတဲ့ မိယူကိတစ်ယောက်ဟာ ဘဝကို အရှုံးပေးဖို့ကြိုးစားနေချိန် အမှတ်မထင် နှင်းပန်းလေးအနေနဲ့ သူ့ဘဝထဲကို ဝင်လာသူကတော့ ယူးဆုကဲပါပဲ... ဒါကြောင့် ယူးဆုကဲကို သူကိုယ်တိုင် ရည်းစားအဖြစ် တစ်လစာချုပ်နဲ့ တွဲဖို့တောင်းဆိုခဲ့ပါတယ်...အချစ်ဆိုတာကို ဘာမှန်းမသိတဲ့သူတို့နှစ်ယောက်အတွက်တော့ အချစ်ဆိုတာ အရာအားလုံးနဲ့ အလဲထပ်ရဲလောက်တဲ့ စွန့်စားခန်းကြီးတစ်ခု... အချစ်ဆိုတာ အနားမှာ လက်ကိုကိုင်ထားပြီး ရှိနေပေးတာမျိုး... အချစ်ဆိုတာ သူ့အတွက် လုပ်ပေးရရင် ပျော်နေတတ်တာမျိုး... အချစ်ဆိုတာ.... တစ်ခဏတာအချိန်လေးအတွက်တောင် တစ်ဘဝလုံးကို လောင်းကြေးထပ်ရဲတာမျိုးပါ... သူတို့ရဲ့အချစ်ကို ဇာတ်လမ်းလေးကြည့်ပြီး ခံစားလိုက်ကြပါတော့... ( မှတ်ချက်။ ။ နှလုံးသားနဲ့ ခံစားပြီး မျက်ရည်ခိုင်မှ ကြည့်ကြပါ။) File size…(1.1 GB) and (600 MB) Quality….Blu-Ray 720p Format…mp4 Duration….02:0:500 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chu Chu
movie
Snow Flower (2019)
2019