Channel Myanmar

Sakshi Vaidya

Gandeevadhari Arjuna (2023) 7.5
Gandeevadhari Arjuna (2023) Gandeevadhari Arjuna (2023)IMDb-7.7/10Missionတွေလုပ်ရတဲ့ Agent movieတွေကို နှစ်သက်သူတို့အကြိုက်တွေ့မယ် IMDb 7.7 ရထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ဒီကားထဲမှာတော့ မင်းသားချော Varun Tej ကို အရည်အချင်းမှာ သူမတူအောင်ထက်မြက်ပေမဲ့ အမိန့်မနာခံဘဲ ထင်ရာလုပ်တတ်တဲ့အေးဂျင့်အနေနဲ့ မြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းရာသီဥတုဆိုးရွားစွာပြောင်းလဲမှုဒဏ်ကို ကမ္ဘာနဲ့အဝှမ်းခံစားလာရတဲ့အတွက် အမြဲအိပ်ပျော်နေတတ်တဲ့ UNကြီးလည်းနိုးထလာပြီး ရာသီဥတုပြောင်းလဲမှုအတွက် အဓိကကျတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာ စောင့်ကြည့်သူတွေခန့်အပ်ဖို့ အဆိုတင်သွင်းလာပါတယ်။ အိန္ဒိယနိုင်ငံအတွက် စောင့်ကြည့်သူအဖြစ် လျာထားခံရသူကတော့ သစ်တောဝန်ကြီးအာဒီသရာပါ။စက်ရုံစွန့်ပစ်ပစ္စည်းတွေရဲ့ စွန့်ပစ်မှုကိုကြည့်ရှုစစ်ဆေးအရေးယူရမယ့်သူအဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ မသမာတဲ့လုပ်ငန်းရှင်တစ်စုရဲ့ မဟာရန်သူတော်ကြီးဖြစ်လာတဲ့ဝန်ကြီးအာဒီသရာ၊ သူ့ကို ကာကွယ်ပေးနေတဲ့ ဆရာဖြစ်သူ‌ဗီဂျေးက ဒဏ်ရာရသွားတဲ့နေရာ အာဂျွန်က ဆရာ့ကိုယ်စား ဝန်ကြီးကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ...ဝန်ကြီးရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့အိုင်ရာနဲ့ တစ်ချိန်ကဇာတ်လမ်းလေးကလည်းရှိနေတော့ အာဂျွန်တစ်ယောက် နောက်ဆံတင်းနေပေမဲ့ ဆရာကလည်း အကူအညီတောင်းတာဖြစ်ပြန်၊ တစ်ဖက်မှာလည်း အမေ့ရဲ့ဆေးကုစရိတ်ကြောင့် ငွေလိုနေတဲ့အခါ အလုပ်ကိုလက်ခံပြီး ဝန်ကြီးကိုကာကွယ်ဖို့ ဖိုင်တွဲနံပါတ် ၁၃ ကိုအရယူဖို့ အာဂျွန်တစ်ယောက် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Alex ~ Dee ~ YH ~ ToMo~KKKZ တို့ပဲဖြစ်ပါတယ် File ...
movie

Gandeevadhari Arjuna (2023)

2023