Channel Myanmar

Sakurako Konishi

[18+] Colorless (2019)
[18+] Colorless (2019) Colorless (2019) (18+)IMDb - 6.4/10ဒီတစ်​ခေါက် မိတ်ဆက်​ပေးမယ့်ဇာတ်ကား​​လေးက​တော့ 2019 မှာထွက်ရှိထားတဲ့ ဂျပန် အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေး  Colorless ​​ပဲဖြစ်ပါတယ်။ အချစ်ရိုမန့်ဆိုပေမယ့် ဇာတ်ဝင်ခန်းတွေကိုပေါ်ပေါ်ထင်ထင်ရိုက်ကူးထားလို့ မိသားစုနဲ့တော့ကြည့်လို့မရပါဘူး....ဇာတ်လမ်းကတော့....အိုရာမာဒါဆိုတဲ့ ကောင်ချောလေးဟာ နာမည်ကျော်ဓါတ်ပုံဆရာဖြစ်ချင်တဲ့ အိမ်မက်​နောက်ကိုလိုက်​ရင်း ကြိုစား​ပေမယ့် ဘာတစ်ခုမှမအောင်မြင်ဘဲ လူငယ်ဘာဝ ထုံးစံအတိုင်း ကျရှူံးမှုတွေပဲ ရင်ဆိုင်နေရသူလေးပါ။တာနာကာယူကာဆိုတဲ့ ​ချစ်စရာ မော်ဒယ်မ​လေးကလဲ ဇာတိ​တောမြို့​လေးက​နေ ​မော်ဒယ်တစ်​ယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ တိုကျိုမြို့​ပေါ်တက်လာ​ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ အ​ကြွေး​တွေပုံလာပြီး သူမဘဝတစ်ခုလုံးကို အလိမ်အညာ​တွေနဲ့ပဲ ဖုံးကွယ်ဟန်​ဆောင်​နေရတဲ့ သနားစရာကောင်မလေးတစ်ယောက်ပါ။ဒီလို လူငယ်ဘာဝ ကျရှူံးမှုတွေနဲ့ နာကျင်နေကြရတဲ့ သူတို့နှစ်ဦး တစ်နေ့မှာ ဓာတ်ပုံရိုက်ရင်းဆုံကြရာကနေ လူငယ်ဘာဝ တစ်ယောက်ကိုတစ်ယောက် ငြိတွယ်မိကြတယ်ပေါ့.....ဒါပေမယ့် မဖြစ်လာတဲ့အိမ်မက်တွေကိုယ်စီနဲ့သူတို့နှစ်ယောက်ကြား ဖုံးကွယ်ထားတဲ့အလိမ်အညာတွေနဲ့ ပွင်းလင့်တဲ့အထိအတွေ့တွေက နူးညံ့တဲ့နှလုံးသားကို ဘယ်လောက်ထိရိုက်ခတ်လာကြမလဲဆိုတာ.......။ File size…(1.5 GB)/(680 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:02:10 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by DB
movie

[18+] Colorless (2019)

The Samejima Incident (2020) 4.8
The Samejima Incident (2020) Samejima incident (2021)ကျိန်စာရဲ့နာမည်ကိုကြားရုံသိရုံနဲ့ ကျိန်စာမိပြီး သေပွဲဝင်ရနိုင်တဲ့ ကျိန်စာတစ်ခုအကြောင်းရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ဖြစ်တာမို့ ဂျပန်သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက်ဖြစ်မှာပါ။၂၀၂၀မှာ ကိုရိုနာဗိုင်းရပ်စ်တွေလည်း တော်တော်ပြန့်နှံ့နေတာမို့ လူတွေလည်း အလုပ်အကိုင်ရှာမရဘဲ အိမ်မှာပဲနေနေကြရပါတယ်။ တိုကျိုမှာနေတဲ့ "နာနာ" ဆိုတဲ့ ဘွဲ့ရခါစကောင်မလေးက အိမ်မှာပဲနေရင်း သူ့သူငယ်ချင်းတွေနဲ့ Zoomကနေ ဗီဒီယိုကောခေါ်ပြီး အရက်သောက်တဲ့ပါတီလုပ်ကြပါတယ်။Zoom အရက်သောက်ပါတီ လုပ်နေတုန်းမှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ စတင်လာပါတယ်။ သူတို့ပါတီထဲက အယုမိကောင်မလေးတစ်ယောက်ကထူးဆန်းတဲ့ကျိန်စာတစ်ခုမိပြီး သေဆုံးနေခဲ့တာပါ။ အယုမိရဲ့ကောင်လေးဖြစ်သူက အယုမိဖုန်းနဲ့ Zoomထဲကိုဝင်လာပြီး ဒီကျိန်စာရဲ့နာမည်ကို ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ပါတီထဲမှာရှိနေတဲ့လူအားလုံးလည်း ကျိန်စာမိသွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာပြီး ပါတီထဲကလူတွေက အပြင်လောကနဲ့လည်းဆက်သွယ်လို့မရခဲ့ပါဘူး။ မသေဘဲကျန်ခဲ့တဲ့သူတွေက အသက်ရှင်ဖို့အတွက် ဒီကျိန်စာပြေမဲ့နည်းလမ်းကိုရှာပြီး လွတ်မြောက်အောင်ကြိုးစားကြရမှာပါ။ ဒီကျိန်စာရဲ့နောက်ကွယ်ကဖြစ်ရပ်နဲ့ အရက်သောက်ပါတီထဲကလူတွေ ဘယ်လိုဆက်စပ်သွားလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__4.8/10 Format__mp4 Duration__01:25:00 Type__Horror Subtitle__Myanmar Subtitle ...
movie

The Samejima Incident (2020)

First Love (2019) 6.9
First Love (2019) လက်ဝှေ့သမားလေး လီယိုတစ်ယောက်ဟာ အပွဲပွဲအနိုင်တိုက်နိုင်ခဲ့သမျှတစ်ပွဲမှာတော့ မူးလဲသွားလို့ဆေးခန်းသွားပြခဲ့ရာက ဦးနှောက်အကျိတ်တည်တာကိုသိခဲ့ရတယ်ယူရီ (သို့) မိုနီကာဆိုတဲ့မိန်းကလေးဟာယာကူဇာဆီမှာအကြွေးတင်နေတဲ့အဖေကြောင့်ကြွေးနဲ့သိမ်းခံထားရပြီး ပြည့်တန်ဆာလုပ်ပြီးကြွေးဆပ်ပေးနေရတယ်ဆေးကလည်းစွဲနေတော့ သူ့ဘဝဟာလှုပ်လေမြုပ်လေဆေးရှိန်ပျောက်ရင်အမြဲနှိပ်စက်တတ်တဲ့သူ့အဖေကိုသာမြင်ယောင်ပြီး‌ကြောက်လန့်နေရပါတယ်ဂျပန်နဲ့တရုတ်လူဆိုးဂိုဏ်းတွေမတည့်တာကို အသုံးချပြီးဘိန်းအရောင်းအဝယ်တစ်ခုကို ဖြတ်ခုတ်ဖို့ ကြံစည်နေတဲ့ကာစဲဟာ ရဲဝန်ထမ်းတစ်ယောက်ကိုလည်း စည်းရုံးထားတယ်မိုနီကာကိုအသုံးချပြီး ဆေးတွေလက်ဝယ်ရအောင်စီစဥ်နေတဲ့အချိန်လောကကြီးကိုစိတ်ကုန်ပြီး သေဖို့ကြောက်လန့်နေတဲ့ လီယိုနဲ့မိုနီကာဆုံမိပြီးကာစဲတစ်ယောက် စီစဥ်ထားသလိုမဖြစ်ဘဲလူတွေတစ်ယောက်ပြီးတစ်ယောက် သတ်မိပြီးလူဆိုးဂိုဏ်းနှစ်ခုကြား ကြားညပ်ပြီး ကမောက်ကမတွေဖြစ်ကုန်ပါတယ်ပြေးပြေးလွှားလွှားနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့IMDb 7.0 နဲ့ရပ်တည်နေတဲ့ဂျပန်ကားကောင်းလေးဖြစ်ပါတယ် File Size : ( 1 GB , 277 MB) Quality : WEB-Rip 720p Running Time : 1 hr 48 min Format : Mp4 Genre : Comedy , Crime , ...
movie

First Love (2019)