Channel Myanmar

Sally Kirkland

Aftermath (2024)
Aftermath (2024)  Mystery, Sci-fiအမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီးဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်းထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီးသတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင်နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာကဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီးအဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Aftermath (2024)

Skeletons in the Closet (2024)
Skeletons in the Closet (2024) Skeletons in the Closet (2024)ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.1GB, 510MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - ...
movie

Skeletons in the Closet (2024)

2024
The Haunting of Hell Hole Mine (2023)
The Haunting of Hell Hole Mine (2023)  ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီးစောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တို့မျိုးရိုစဉ်ဆက်တစ်ခုလုံးကစိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့် ‌ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတို့အတွက် ရွှေမိုင်းတွင်း‌ဟောင်းတစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေစဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖို့အဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကိုတားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပို့လိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက်သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့‌ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့......   File size…1.85GB / 806MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Haunting of Hell Hole Mine (2023)

Murder, Anyone? (2022)
Murder, Anyone? (2022) IMDb 6/10 ခုတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ Murder, Anyone? ဆိုတဲ့ Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပြဇာတ်ရေးဆရာနှစ်ယောက်ဟာ တစ်မူထူးခြားပြီး ရသအပြည့်အဝပေးနိုင်မဲ့ ပြဇာတ်တစ်ပုဒ်ကို ပူးပေါင်းဖန်တီးကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ အဲလိုရေးကြရင်း ရုပ်ရှင်နဲ့ ပြဇာတ်လောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးတွေ၊ အနုပညာအကြောင်း၊ ဘာသာစကားအကြောင်း အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဟာသရောပြီး တင်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူတို့ရေးနေတဲ့ ပြဇာတ်ထဲက ဇာတ်လမ်းကိုလည်း တစ်ခါတည်း အသက်သွင်းပြထားလို့ ဇာတ်ကြောင်းနှစ်ခုတစ်ပြိုင်တည်း ကြည့်ရူရမှာဖြစ်ကြောင်း... File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Murder, Anyone? (2022)

80 for Brady (2023)
80 for Brady (2023) 80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie

80 for Brady (2023)

2023
The Walk (2022) 5.7
The Walk (2022)  The Walk (2022)ဇာတ်လမ်းကတော့ ၁၉၇၄ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို တစ်ခုကို အခြေပြု ဇာတ်အိမ်တည်ထားတယ်။ လူဖြူတွေ လူမဲတွေရဲ့ ပြဿနာတွေနဲ့ တိုင်ပတ်နေတဲ့ ကာလပေါ့။ ဘော်စတွန်တောင်ပိုင်းမှာ လူဖြူတွေချည်းတက်တဲ့ ကျောင်းရှိတယ်။ ပြောရရင် လူမျိုးရေးခွဲခြားတဲ့ စနစ်ကျင့်သုံးတဲ့ကျောင်း။ အဲဒီကျောင်းကို အစိုးရကနေ အဲဒီစနစ်ဖျက်သိမ်းဖို့ အမိန့်ချပြီး လူဖြူလူမဲချစ်ကြည်ရေးအနေနဲ့ လူမဲတွေအနေများတဲ့ တစ်ဘက်မြို့က လူမဲတစ်ဝက်ကို ဘော်စတွန်ကကျောင်းမှာ တက်စေပြီး လူဖြူတစ်ဝက်ကို လူမဲတွေနေတဲ့မြို့ကို ပို့လိုက်တယ်။ ဒီတော့ လူမဲတွေကြားမနေချင်တာရော ကျောင်းပြောင်းခံလိုက်ရတာရော ပေါင်းပြီး လူဖြူလူမဲ အဓိကရုဏ်းတွေဖြစ်ကုန်တယ်။Justin Chatwineနဲ့ မူလ war machine Terrence Howardတို့ရဲ့ သရုပ်ဆောင်စကေးကောင်းကောင်လေးကိုကြည့်ရမယ့် ရုပ်ရှင်ပါ။ သူတို့သရုပ်ဆောင်ကောင်းသလို ဇာတ်ကလည်း emotionalဖြစ်စရာလေးတွေပါလို့ ကြည့်ကောင်းတဲ့ ဒရာမာရုပ်ရှင်တစ်ကားပါပဲ။ လူမဲတွေရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ လူဖြူတွေရဲ့ အမြင်တွေကို နှစ်ဘက်လုံးကို ပြထားတဲ့ လူဖြူလူမဲအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး ...
movie

The Walk (2022)

JFK(1991) 8.0
JFK(1991) JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း  ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone  ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie

JFK(1991)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

Big Stan (2007) 6.2
Big Stan (2007) Big Stan (2007)_____IMDb - 6.2/10  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။   ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)  File Size : 860 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw
movie

Big Stan (2007)

2007