Channel Myanmar

Sam Ashe Arnold

Friday Night Sext Scandal (2024) 6.4
Friday Night Sext Scandal (2024) အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ...
movie

Friday Night Sext Scandal (2024)

True Justice: Family Ties (2024)
True Justice: Family Ties (2024)  ဒီကားလေးကတော့ စုံထောက်ကားလိုမျိုး အမှုလိုက်ရတဲ့ဇာတ်ကားအမျိုးအစားပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့အပြင် Endingကိုကြိုပြီးခန့်မှန်းလို့မရတဲ့ဇာတ်ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းကေစီက ဥပဒေကျောင်းတက်နေတဲ့သူဖြစ်ပြီး မောင်တစ်ယောက်ရှိပါတယ်။ မောင်နှမနှစ်ယောက်ရဲ့အမေဆုံးပြီးကတည်းက ခနခန ခိုးမှု၊အလစ်သုတ်မှုတွေနဲ့အဖမ်းခံရပြီး ပျက်စီးနေတဲ့ ကေစီ့ရဲ့မောင်လေးက တနေ့မှာ လူသတ်မှု​နဲ့စွပ်စွဲခံခဲ့ရပြီးထောင်ကျခဲ့ပါတယ်။ မောင်ဖြစ်သူကို အမှုကနေကွင်းလုံးကျွတ်လွတ်အောင်ကယ်တင်ဖို့ ကေစီနဲ့ ကေစီ့သူငယ်ချင်းတွေပူးပေါင်းပြီး လူသတ်တရားခံအစစ်ကိုရှာဖွေရမှာပါ.. Murder mysteryဆိုပေမဲ့Friendship, Family life, Dramaအငွေ့အသက်တွေလည်းပါဝင်ပါတယ်။ File size…(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

True Justice: Family Ties (2024)

Who Killed Our Father? (2023) 5.8
Who Killed Our Father? (2023) Who Killed Our Father? (2023)လေလာရဲ့ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ အဖေဘယ်သူဝါမှန်းမသိတဲ့အပြင် အမေဖြစ်သူကလည်းဆေးစွဲနေပြီး အိမ်ပြန်တလှည့် မပြန်တလှည့်နေရာကနေ လေလာအသက် ၁၀ နှစ်လောက်မှာဆေးလွန်ပြီးသေသွားခဲ့တယ်။ ဆုံးရှူံးမှုတွေနဲ့မစိမ်းတဲ့လေလာဟာ သူ့ရဲ့တစ်ဦးတည်းသောအခင်တွယ်ရဆုံး မွေးစားအစ်မအိုင်းရစ်ကိုလည်း ဆုံးရှူံးလိုက်ရပြန်ပါတယ်။ဒီလိုနဲ့ လေလာဟာ သူ့ရဲ့အဖေရင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်။ DNA စစ်ဆေးချက်ရလဒ်အရ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့သမီးဖြစ်နေတာတွေ့ခဲ့ရတယ်။ တဆက်တည်းမှာပဲ သူ့အဖေရဲ့ထူးဆန်းတဲ့သေဆုံးမှုကိုပါသိလိုက်ရပါတော့တယ်။ လေလာဟာ သူ့အဖေကိုသတ်တဲ့တရားခံကိုဖော်ထုတ်ဖို့ဆန္ဒရှိနေတယ် ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်နဲ့လည်းစောင့်ရှောက်ပေးချင်တာကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကိုထွက်လာခဲ့တယ်။အသက်ငယ်ငယ်မှာ မိဘနှစ်ပါးလုံးကိုဆုံးရှူံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာကြောခက်ထန်နေတဲ့ ဗွိုင်အိုလက်က လေလာ့ကိုလက်ခံပါ့မလား။ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့နီးကပ်လာတဲ့သူတို့နှစ်ယောက်ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။Mystery ကိုမှ မိသားစု Drama ပါတဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ဖို့ ရွေးချယ်ချင်စရာ ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 700MB Quality - 1080p, 720p IMDb Rating ...
movie

Who Killed Our Father? (2023)

2023
Wickensburg (2022)
Wickensburg (2022) Wickensburg နယ်မြို့လေးကိုပြောင်းလာတဲ့ စီလင်းနဲ့ အဲလီရက်တို့ သားအမိ ၂ ယောက်... မြို့ကိုလာတဲ့လမ်းမှာတင် ဒေသခံတစ်ယောက်ရဲ့ထူးခြားတဲ့စကားတွေ.. မြို့ထဲရောက်တော့လည်း ပုံမှန်မဟုတ်တဲ့ လူတွေရဲ့အပြုအမူတွေဟာ သားအမိ ၂ ယောက်အတွက်ထူးဆန်းနေခဲ့ပါတယ်။ နယ်မြို့လေးမှာလည်း အရင်တည်းက ကျိန်စာမိတယ်ဆိုတဲ့ယုံတမ်းစကားကိုလည်းယုံကြည်ပြီး သူ့ကိုယ်သူစုန်းမလို့ခံယူထားတဲ့ ဒေသခံ ဝီလိုဆိုတဲ့ကောင်မလေး နဲ့ အဲလိရက်တို့ခင်မင်သွားပြီး ကျိန်စာအကြောင်းကိုရှာဖွေကြပါတော့တယ်။ တစ်ဖက်မှာလည်း တက်ကြွပြီးတော်တဲ့ ဂျာနယ်လစ်လေးစီလင်းတစ်ယောက် အလုပ်အသစ်မှာ ဘယ်လိုတွေကြုံတွေ့ရမလဲ သတင်းတွေရေးဖို့ရှာဖွေမွှေနှောက်ရင်း စုံစမ်းရင်း ဘာတွေထပ်ပြီးဖော်ထုတ်နိုင်မလဲ.. ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေရယ် ဒီမြို့လေးကတကယ်ပဲ ကျိန်စာမိနေတာလား နောက်ဆုံးဘယ်လိုဖြစ်သွားမလဲဆိုတာကို Mystery ဆန်ဆန် မပျင်းရဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမှာပါ။ File size…(1.8GB) / (1.14GB) / (412MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sarah
movie

Wickensburg (2022)