Channel Myanmar

Sam Bottoms

Gardens of Stone (1987) 6.4
Gardens of Stone (1987) မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း ...
movie

Gardens of Stone (1987)

Apocalypse Now (1979) 8.4
Apocalypse Now (1979) Apocalypse Now (1979)=================IMDb Rating - 8.4/10#Unicodeပြောကြတာတော့ Apocalypse Nowဟာ အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။ သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့ ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက် ဒါကလည်းအရေးမပါလှဘူး။စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great ကြီး‌တွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်‌နေမယ့်ပုံစံမျိုး‌ပေါ့။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။လူသားဆန်မှု စစ်ပွဲမှာ ...
movie

Apocalypse Now (1979)

Sherrybaby (2006) 6.6
Sherrybaby (2006) ရှယ်ရီဆွမ်စန်က မှုးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရှစ်နှစ်သမီးလေး အလက်ဇစ်နဲ့ တစ်အိမ်တည်းနေခွင့်ရဖို့အတွက် မူးယစ်ဆေးဖြတ်ပြီး လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ စည်းကမ်းကျပ်တဲ့ထောင်အုပ်ဆီက အာမခံရဖို့မလွယ်ကူပေမယ့် အလက်ဇစ်က သူ့အစ်ကိုဘော်ဘီနဲ့ ဇနီးဖြစ်သူ လင်းနက်တို့အပေါ်အချစ်ကြီးစွဲလမ်းနေတာကိုမြင်ရခြင်းက သူမအတွက် ပိုပြီးခံစားရခက်စေပါတယ်။ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဘယ်လောက်ဆိုးတဲ့ မိဘဖြစ်နေပါစေ သားသမီးအပေါ်ချစ်တဲ့စိတ်က တစ်ထောင့်တစ်နေရာမှာကျန်ရှိနေတတ်ကြောင်းနဲ့ အတိတ်ကဆိုးသွမ်းခဲ့သမျှကို မေ့ပစ်ပြီး သမီးဖြစ်သူနဲ့ ဘဝသစ်ပြန်စချင်နေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတရားကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။Translated By : Kay Khaing Tun Encoded By :XCode
movie

Sherrybaby (2006)