Channel Myanmar

Sam Gittins

Wolves of War (2022)
Wolves of War (2022) Wolves of War (2022)မနှစ်က ထွက်ရှိထားတဲ့ Low Budget စစ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကိုအခြေတည်ထားတာပါ။ ဟစ်တလာဟာ သူစစ်ရှုံးတော့မယ်လို့မြင်တဲ့အခါ တိုင်းပြည်ထဲက လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ခိုင်းပြီး ကျူးကျော်လာသူတွေကို တစ်နိုင်တပိုင်တိုက်ထုတ်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်အဆန်းတကြယ်မဟုတ်ပါဘူး။ဟစ်တလာဟာ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်အနေနဲ့ နျူကလိယားဗုံးတီထွင်ဖို့ သိပ္ပံပညာရှင်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ စနိုက်ပါတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်၊ သိပ္ပံကျောင်းသားတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်က သူ့ကို အသေခံမစ်ရှင်အနေနဲ့ သွားကယ်တင်ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။စစ်သူရဲကောင်းကြီးက အိမ်လွမ်းဝေဒနာကိုခံစားနေရပြီး လူသေတွေအားလုံးကို သူ့သမီးလို့ပဲမြင်ယောင်နေတာပါ။ ဒီအချက်နဲ့တင်တည်ပြီး ဒီထက်ပိုကောင်းအောင် Psychology ဆန်ဆန်ရိုက်ကူးလို့ရပေမယ့် ဘတ်ဂျက်အခြေအနေကြောင့် ဇာတ်လမ်းကို ပေါ့ပစ်လိုက်ရဟန်တူပါတယ်။ အသံပိုင်းဆိုင်ရာကလည်း သိပ်အားရစရာမရှိပါဘူး။ သေချာ အချိန်သီးသန့်ယူပြီး ကြည့်ရလောက်အောင်ကောင်းတဲ့ စစ်ကားမျိုးမဟုတ်ဘဲ အပျင်းပြေကြည့်ပျော်တဲ့ စစ်ကားမျိုးဘက်ကိုသွားပါတယ်။စစ်ကားတွေကိုအသည်းစွဲကြိုက်ပြီး စစ်ကားမှကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့်အနေအထားရှိပေမဲ့ Low Budget ရုပ်ရှင်ဖြစ်တာကြောင့် အများကြီးမျှော်လင့်မထားဖို့တော့ ကြိုပြောချင်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ...
movie

Wolves of War (2022)

2022
War of the Worlds: The Attack (2023) 4.0
War of the Worlds: The Attack (2023) War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thrillerဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie

War of the Worlds: The Attack (2023)

2023
Wolves of War (2022) 4.3
Wolves of War (2022) Wolves of War (2022) =================လူတွေရဲ့အတွင်းစိတ်မှာတိုက်ခိုက်နေတဲ့ ဝံပုလွေဆိုးနဲ့ဝံပုလွေကောင်းတို့ ရှိနေပြီး ပိုအလေးပေးမိတဲ့အကောင်က အနိုင်ရပါသတဲ့...။အဆိုးအကောင်း ဒွန်တွဲနေတဲ့ လူ့စိတ်ကိုထင်ဟပ်ပြထားတဲ့ စကားလေးပါ။ Wolves of War ဟာ စစ်တွင်းနောက်ခံဇာတ်လမ်းပေမဲ့ စစ်ရေးမစ်ရှင်တင်မက အဲဒီလိုအတွေး ရစေမယ့်စကားလေးတွေနဲ့အတူ ဒရမ်မာလေးတွေပါ ခပ်ပါးပါးထည့်ထားတဲ့ စစ်ကားမျိုးပါ။ဒုတိယကမ္ဘာစစ်ပြီးကာစမှာ ဗြိတိသျှအရာရှိဦး‌ဆောင်တဲ့လက်ရွေးစင်အဖွဲဟာ ရန်သူ့နယ်မြေထဲ၀င်ရမယ့် နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ရပါတယ်။ သူတိုတာ၀န်က နာဇီတိုထိန်းသိမ်းထားတဲ့ အမေရိကန်သိပ္ပံပညာရှင် ပရော် ဖက်ဆာကြီးတစ်ယောက်ကို ခေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို အ၀င်မှာပဲ သူတိုအဖွဲ နာဇီယုံကြည်သူ ဒေသခံပြည်သူ့စစ်အဖွဲနဲ့တိုးပါတော့တယ်။စစချင်းမှာပဲ အဖွဲ၀င် ၂ ယောက်လျော့ပြီး ၄ ယောက်သာကျန်တဲ့ သူတိုအဖွဲဟာ လူနည်းနည်းလေးနဲ့ နာဇီတွေကြား ဘယ်လိုတိုး၀င်မလဲ၊ ပရော်ဖက်ဆာကြီးကို ဘယ်လိုရှာဖွေကယ်ထုတ်မလဲ၊ suicide mission တစ်ခုလိုဖြစ်နေတဲ့ သူတိုစစ် ဆင်ရေးကြီးကနေ ဘယ်သူတွေကအိမ်ပြန်ရောက်ပြီး ဘယ်သူတွေက အိမ်ပြန် မရောက်နိုင်တော့ဘူးလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.98 GB) / (970 MB) / (610 MB) Quality............WebRip 1080p ...
movie

Wolves of War (2022)

2022
Behind the Line: Escape to Dunkirk (2020) 8.6
Behind the Line: Escape to Dunkirk (2020) Behind the Line: Escape to Dunkirk (2020)===============================IMDb Rating - 8.6/10#Unicodeကမ္ဘာကြီးရဲ့ အတ္ထုပ္ပတိကိုလှန်ကြည့်တဲ့အခါ ကျွန်တော်တို့သက်တမ်းနဲ့တောင် ဖတ်မှတ်လို့မပြီးမယ့် စိတ်၀င်စားစရာ အကြောင်းအရာတွေ အများကြီးပါပဲ။ ဒီဇာတ်လမ်းဟာ ကမ္ဘာ့သမိုင်းထဲက အရက်စက်ဆုံး ကုန်ကျစရိတ်အများဆုံး သေကြေမှု အများဆုံး ဒုတိယကမ္ဘာစစ်မှာဖြစ်ခဲ့တဲ့ စိတ်၀င်စားစရာဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ‌ကြီးကျယ်တဲ့ဖြစ်ရပ်တွေတိုင်းရဲ့ အောင်မြင်မှု ကျရှုံးမှုတွေဟာ ကောက်ရိုးမ‌‌ီးလို ဝုန်းခနဲထတောက်တာ မဟုတ်ပါဘူး။ သေးငယ်တ‌ဲ့ ဓာတ်မှုန်ကလေးများစွာရဲ့ တစ်ခုချင်းဆီပေါက်ကွဲမှုတွေဟာပေါင်းဆုံပြီးမှ မဟာပေါက်ကွဲမှုကြီးဖြစ်လာတာပါ။ ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်တွေထဲမှာ The Immitation Gameလို Dunkrikလို Saving Leningradလို Darkest Hoursတို့လို ဖြစ်ရပ်မှန်‌ အခြေပြုကားကောင်းတွေရှိပါတယ်။ အဲ့ဒီရုပ်ရှင်တွေထဲကဖြစ်ရပ်ကလေးတွေ အကုန် စုပေါင်းပြီးမှ ဂျာမနီနဲ့ မဟာမိတ်တွေကို နိုင်ခဲ့တာပါပဲ။1940မှာ ဂျာမနီတွေဟာ ပိုလန် ဒိန်းမတ် နော်ဝေး ဘယ်ဂျီယမ်တို့ကိုသိမ်းပြီးတဲ့နောက် ပြင်သစ်နိုင်ငံက Dunkrikမြို့ကို ဝိုင်ထားကြတယ်။ ဗြိတန်တွေဟာ ဂျာမန်တွေကိုခုခံဖို့ တပ်တစ်တပ်ပဲထားပြီး အပြင်းအထန်ဆုတ်ခ‌ွာခဲ့ရတယ်။ ဒီဇာတ်လမ်းက ဒီအချိန်မှာပါပဲ။ ဗြိတိန်ရှေ့ပြေးတပ်ဖွဲ့ဟာ ပြင်သစ်နယ်စပ်မှာ ကတုတ်ကျင်းခို စောင့်ဆိုင်းနေရာက တပ်ဆုတ်လာတဲ့ ဖြစ်ရပ် နောက်ကွယ်ကို ညဏ်ကွန့်မြူးရိုက်ပြထားတာပါ။ပြင်သစ်နယ်စပ်ကနေ Dunkrikကိုတပ်ဆုတ်ရမယ့် လမ်းမှာ ဗြိတန်တပ်သားနှစ်ယောက်အဖမ်းခံရတာကနေ ဒီဇာတ်လမ်းကို အစပြုထားတယ်။‌ဒါတော့ ဘာမှမထူးဆန်းပါဘူး။ ထူးတာက အဲ့ဒီတပ်သား နှစ်ယောက်ထဲက တစ်ယောက်ဟာ ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဒန်နီ ...
movie

Behind the Line: Escape to Dunkirk (2020)

2020
Await Further Instructions(2018) 6.1
Await Further Instructions(2018) Await Further Instructions(2018) ခရစ်စမတ်ကာလမှာ  နစ်နဲ့ သူ့ကောင်မလေးအတွက် အပျော်ဆုံး အချိန်တွေပါပဲ...နစ်က အိမ်မှာ  သူ့ကောင်မလေးကို  ညစာစားဖို့ခေါ်လိုက်တယ်... ကံကြမ္မာဆိုးရောက်မယ်မှန်းမသိတော့ နစ်တို့မိသားစုလူစုံတက်စုံတက်စုံနဲ့ပျော်နေကြတယ်... သူတို့အပျော်က သိပ်ကြာကြာမခံပါဘူး... နောက်နေ့မနက်မှာတော့ သူ့တိုရဲ့အိမ်အပြင်မှာဘက်မှာထူးဆန်တာဖြစ်ပြီး တစ်အိမ်လုံး အပြင်လောကနဲ့ အဆက်သွယ်ပြတ်သွားတယ်.. ဘာလို့ဆို အိမ်တစ်ခုလုံးကို သတ္တုလို အရာမျိုးကြီးနဲ့ဖုံးအုပ်ထားလို့ပါပဲ..အပြင်ထွက်ဖို့နေနေသာသာ..ဖုန်းလိုင်းတောင်ဆက်သွယ်လို့မရတဲ့အခြေအနေပါပဲ... ကိုင်း နစ်တို့မိသားစုတွေ တစ်အိမ်လုံးလွှတ်မြောက်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံမလဲ ဘာတွေမထင်မှတ်ထားတာတွေဆက်ဖြစ်မလဲဆိုတာတော့ Horror  ကားကြိုက်သူတို့ ခံစားကြည့်လိုက်ပါဦး... File Size : (861 MB) and (311 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Horror , Mystery , Sci-Fi  Subtitle : Myanmar Subtitle (Hard Sub) Translated by Mrs.Pinky Encoded by Phyo Pyae
movie


2018