Channel Myanmar

Samantha Brown

A Royal Recipe for Love (2023) 6
A Royal Recipe for Love (2023) A royal recipe for love (2023)A Christmas Masquerade ကားထဲက ခေါင်းဆောင်မင်းသားဖြစ်တဲ့ David Lafotaine ဦးဆောင်ပါဝင်ထားတဲ့ Rom-Com ကားလေးတစ်ကားကို ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးပါရစေCM ပရိသတ်ကြီးတို့ ဇာတ်လမ်းပေါင်းစုံ အမျိုးအစားပေါင်းစုံကို ကြိုက်နှစ်သက်သလို ခုလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ မိသားစုစုံညီ ပိတ်ရက်လေးမှာ ကြည့်လို့ရမယ့်ဇာတ်ကားလေးတွေလည်း တခါတလေကြည့်ချင်မှာပါပဲ ငယ်ဘဝမှာ တီဗီကလာတဲ့ဇာတ်လမ်းမျိုးကြည့်ရတဲ့ အရသာပေါ့…. ခုဇာတ်လမ်းလေးကတော့ တော်ဝင်မင်းသားလေး အိုလီဗာက အချက်အပြုတ်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ မုန့်ဖုတ်ဆရာမလေး အမ်မာနဲ့ စူပါးမားကတ်တစ်ခုမှာ ဆုံခဲ့ပါတယ် ဟင်းချက်တာကိုပဲ ဝါသနာပါပြီး ဟိတ်ဟန်နဲ့မနေချင်တဲ့ အိုလီဗာနဲ့ မုန့်ဖုတ်လက်ရာကောင်းပြီး မအောင်မြင်သေးပေမဲ့ စိတ်ထားကောင်းတဲ့ အမ်မာလေးတို့ဟာ မင်းသားအိုလီဗာရဲ့ မိဘတွေနှစ်ပတ်လည်မှာ အစားအသောက်တာဝန်ယူချက်ပြုတ်ဖို့ အိုလီဗာရဲ့ညီမ မင်းသမီး အဲလက်ဇန်ဒရာကဖိတ်ခေါ်လိုက်တဲ့အခါမှာ Rom com တို့ရဲ့ဇာတ်လမ်းသွားလေးအတိုင်းပဲ ဟာသလေးတွေ ကြည်နူးစရာလေးတွေ ပေါ့ပေါ့ပါးပါးဒိုင်ယာလော့ခ်လေးတွေနဲ့ မေတ္တာတရားကို ပုံဖော်သွားမှာဖြစ်လို့ မိသားစုနဲ့အတူ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Comedy, Romance Quality…. 1080p ...
movie

A Royal Recipe for Love (2023)

2023
Catch Me If You Claus (2023) 6.6
Catch Me If You Claus (2023) Catch Me If You Claus (2023) ===================== IMDb Rating - 6.6/10ဒီကားလေးက ခရစ်စမတ်ဒရာမာကားလေးပါပဲ။ သတင်းတင်ဆက်သူအဖြစ် အလုပ်ရနိုင်ဖို့ကြိုးစားနေတဲ့အေဗရီက ခရစ်စမတ်ကိုအကြောင်းပြုပြီးတော့ သူ့ရဲ့လုပ်နိုင်စွမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတဲ့ကားလေး ပါ။မိသားစုနဲ့အတူ ကြည့်ဖို့သင့်လျော်တဲ့ ဇာတ်ကားပါ။အလုပ်တွေလုပ်နေကြပေမယ့် ဘဝမှာ ကိုယ်တကယ်လုပ်သင့်တာကဘာလဲ ဆိုတာကို ရှာဖွေဖို့လိုအပ်ပါတယ်။ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို လုပ်ဆောင် နိုင်မှာသာ ကျွန်တော်တို့ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ကြတယ်လို့ဆို ကြရမှာပါ။ ဒီဇာတ်လမ်းမှာလည်းကြည့်ရှုသူတွေအနေနဲ့ အဲဒါကိုတွေ့ကြရမှာ ပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Bradley Walsh က စီစဥ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.43 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie

Catch Me If You Claus (2023)

2023
The Plot to Kill My Mother (2023) 5.3
The Plot to Kill My Mother (2023)  (ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ...
movie

The Plot to Kill My Mother (2023)