Channel Myanmar

Samarinna Tolhip

War On Terror: KL Anarchy (2023) 6.7
War On Terror: KL Anarchy (2023) War on Terror : KL Anarchy (2023)နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ... ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ...
movie

War On Terror: KL Anarchy (2023)

2023
Tebus (2023)
Tebus (2023) Tebus (2023)အန်နဟာ မီဒီယာတွေပေါ်မှာတော့ အရာရာပြည့်စုံပြီး ဆိုးသွမ်းနေတဲ့ ဆူချီလက်၀တ်ရတနာရဲ့ ဆက်ခံသူသူ‌ဌေးသမီးတစ်ဦးပေါ့။ ဒါပေမယ့်အဖေအရင်း ဆုံးပြီးတဲ့နောက်မှာ မပျော်မရွှင်နေနေရတဲ့အန်နရဲ့အဖြစ်ကို ဘယ်သူမှမသိကြပါဘူး။အန်န့အဖေရဲ့ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဘာကာက အန်န့အဖေဆုံးပြီးတဲ့နောက် ဆူချီလုပ်ငန်းကို ဦးစီးလိုက်ပြီး အန်န့အမေနဲ့လက်ထပ်ကာ အန်နရဲ့အဖေအသစ်ဖြစ်လာပါတော့တယ်။ သူက ဂရုစိုက်တဲ့အဖေအဖြစ် ကြင်နာတတ်တဲ့ခင်ပွန်းကောင်းအဖြစ်နေနေပေမယ့် ထက်မြတ်တဲ့အန်နကသာ အဲ့မျက်နှာဖုံးအောက်မှာဘာရှိလဲ သိနေခဲ့ပါတယ်။ အန်န့အမေဟာလည်း ဘာကာရဲ့အယုံသွင်းခြင်းခံထားရတာမို့ အန်နပြောတာတွေလည်းနားမထောင်ပေးတော့ပါဘူး။ ဆူချီလက်၀တ်ရတနာဆိုင်တစ်ခုရဲ့ အရည်အချင်းရှိတဲ့လုံခြုံရေး၀န်ထမ်း ဂျိုဟန်ဟာ အကြောင်းကြောင်းကြောင့် အန်နရဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်လာပါတယ်။ ဂျိုဟန်ရဲ့ ညီလေးက နှလုံးမှာစက်တပ်ထားရပြီး နှလုံးအစားထိုးမခွဲစိတ်ရရင် နှစ်ပတ်အတွင်းသေဆုံးတော့မှာဖြစ်ပါတယ်။ ညီလေးအတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို အရယူမယ့် ဂျိုဟန် နဲ့ ပထွေးကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အန်နတို့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစရာအက်ရှင်ဇာတ်၀င်ခန်းတွေနဲ့ အတူ ဂျိုဟန်ရဲ့ညီလေးအပေါ်မေတ္တာကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p File size… 1.9GB | 902MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Tebus (2023)

2023