Channel Myanmar

Sampath Maitreya

Ravike Prasanga (2024) 9.3
Ravike Prasanga (2024) Ravike Prasanga 2024 (လိုချင်တဲ့ဒီဇိုင်းအတိုင်းမရလို့ စက်ချုပ်ဆရာကို တရားစွဲခဲ့သူ) IMDb-9.3/10ဆန်ဗီလို့ခေါ်တဲ့ အသက်၂၈နှစ်အရွယ်ရှိနေပြီး အိမ်ထောင်မကျသေးတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူ့မိသားစုကတော့ ဆန်ဗီအိမ်ထောင်ကျရေး ဒို့အရေးဆိုပြီးတော့ကို အားသွန်ခွန်စိုက် ကြင်ဖက်ရှာပေးလို့နေပါတယ်။မိသားစုက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဆန်ဗီကတော့ ကြင်ဖက်တွေ့သမျှကောင်လေးတိုင်းကို ပုလို့,ဝလို့,ထိပ်ပြောင်လို့နဲ့ မျိုးစုံအကြောင်းပြချက်ပေးပြီး ငြင်းနေပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆန်ဗီလေးဟာ ကောင်လေးတစ်ယောက်ကိုတွေ့ပြီး စိတ်ဝင်စားရာကနေ ဝိတ်ချဖို့အကြောင်းဖြစ်လာပြီး သူတို့မြို့ရဲ့ နာမည်ကြီးစက်ချုပ်ဆရာ ချန်ဒရာဆီမှာ အဲဒီကောင်လေးနဲ့ဆုံရမယ့် ပွဲတစ်ခုကို တက်ဖို့အတွက် ဒီဇိုင်းထွင်ပြီး အဝတ်အပ်ပါတော့တယ်။ဒီဇိုင်းကိုလည်း ဘယ်သူ့ကိုမှ မပြဖို့မှာထားခဲ့ပေမယ့် ကံမကောင်းချင်တော့ စက်ချုပ်ဆိုင်ကို လာတဲ့အန်တီတစ်ယောက်ကမြင်ပြီး ဒီဇိုင်းကလည်း ပျံ့သွားပါတော့တယ်။ ဒါတင်မဟုတ်သေးဘဲ ဆန်ဗီက သူဝိတ်ချနေတာ ကျတော့မှာဆိုပြီး စက်ချုပ်ဆရာကို သူ့အတိုင်းထက် ၆လက်မလျော့ချုပ်ခိုင်းပါတော့တယ်။ ဆန်ဗီလေးဟာ လေ့ကျင့်ခန်းလုပ်သလောက် စားသူဖြစ်တဲ့အတွက် ဝိတ်ကကျမသွားတော့ အင်္ကျီရလို့ ဝတ်ကြည့်တဲ့အခါမှာတော့ မတော်ဘူးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဆန်ဗီဟာ စက်ချုပ်ဆရာ ချန်ဒရာကို တရားစွဲဖို့ အကြောင်းဖန်လာခဲ့ပြီးတော့ နောက်ပိုင်းမှာ မည်သို့မည်ပုံဖြစ်သွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ဆက်လက်ကြည့်ရှုပေးကြပါဦးနော်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်) File size…2.4GB ...
movie

Ravike Prasanga (2024)

2024
K.G.F: Chapter 1 (2018) KGF 1 8.9
K.G.F: Chapter 1 (2018) KGF 1 K.G.F: Chapter 1 (2018)အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။******************************IMDb rating - 8.7/10 Google Users - 95%၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။"ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..."ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို ...
movie

K.G.F: Chapter 1 (2018) KGF 1

2018
4K HEVC
One Cut Two Cut (2022)
One Cut Two Cut (2022) One Cut Two Cut (2022)One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ...။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။) File size…1.3GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Dee~Yunni 
movie

One Cut Two Cut (2022)

2023
Rewind (2021) 9.4
Rewind (2021) ဒီဇာတ်ကားကို IMDb မှာ လူ ၅၀၀ ကျော်လောက်က IMDb Rating (9.4) လို့ ပေးထားပါတယ်။User Rating မြင့်သလိုပဲ ဇာတ်လမ်းကလဲ နည်းနည်းထူးခြားတဲ့ တောင်ပိုင်းဇာတ်ကားပါ။ဇာတ်လမ်းကတော့..အရ်ဂျွန်က ခရိုနီကြီးတွေ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖေါ်ထုတ်တဲ့ မှုခင်းသတင်းထောက်...ဒီလိုလူမျိုးမှာလည်း ရန်သူက အများသား..သူ့မှာ အရမ်းချစ်ရတဲ့မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ်..တစ်နေ့သူ့သမီးလေးကို ကစားကွင်းခေါ်သွားနေတုန်း သမီးဖြစ်သူပြန်ပေးဆွဲခံခဲ့ရပါတယ်..ရဲဌာနနဲ့ သူကိုယ်တိုင် သုံးလလောက် လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့တဲ့အပြင်ပြန်ပေးသမားကလည်းဒီတောအတွင်း ဘာတောင်းဆိုမှုမှ ရှိမလာခဲ့ပါဘူး...ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အကြံတစ်ခုရသွားခဲ့ပါတယ်အဲ့ဒါကတော့ Lucid Dream လို့ခေါ်တဲ့ အိပ်မက်သို့ခရီးသွားခြင်းနည်းနဲ့အဲ့ဒီနေ့က အဖြစ်အပျက်တွေရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်တူးဖေါ်လာတဲ့အခါမှာတော့..။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thuya မှ တင်ဆက်ထားတာပါ။)  File size…(2.1 GB) / (1.1 GB) Quality…WEB-DL 1080p / 720p / 360p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie

Rewind (2021)

Kabadadaari 6.4
Kabadadaari Kabadadaari (2021)မှုခင်းရုပ်ရှင်ပါးဝလို့ ဇာတ်လမ်းစတာနဲ့ တရားခံကိုခန့်မှန်းနိုင်တဲ့သူရှိရင်ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ​တက်တက်စင်အောင်ကို လွဲမှာမို့ပါမှုခင်းကား ဆိုပေမယ့် ဒီတစ်ခါကားကတော့ အမှုလိုက်ရဲ မဟုတ်ဘဲ ယာဉ်ထိန်းရဲ အမှုလိုက်တဲ့ကား ဖြစ်နေလို့ပါပဲ။ယာဉ်ထိန်းရဲဘဝကနေ မှုခင်းဌာနကိုပြောင်းချင်တဲ့ရဲတစ်ယောက်က စာမေးပွဲဖြေတာအမှတ်လည်းမမှီလို့ တော်တော်လေးကိုစိတ်ညစ်နေသူပါတစ်ရက်မှာ သူ့အပိုင်နေရာက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာမှုခင်းနဲ့ဆိုင်တဲ့အရာတွေ မတော်တဆတွေ့ရှိခဲ့ပါတယ်မှုခင်းရဲဖြစ်ခဲ့တဲ့ ဆရာသမားက နေ့မအားညမအားကို စုံစမ်းပါလေရောနှစ်အတော်အကြာခဲ့တဲ့ အမှုဖြစ်တာကြောင့်နောက်ကြောင်းရာဇဝင်တွေကိုပြန်လိုက်တဲ့အခါ.....ပင်စင်စားရဲအရာရှိတစ်ယောက်နဲ့ လူငယ်ရဲအရာရှိတစ်ယောက်ကြိုးစားပမ်းစား အမှုဖော်ထုတ်ကြရင်းဘာတွေဖြစ်လာမလဲ...Tamil crime ဆိုတော့ ထွေတွေထူးထူးညွှန်းစရာတော့မလိုပါဘူးအိန္ဒိယမှုခင်းကား ငတ်နေတဲ့လူတွေအတွက်တော့ကြည့်သင့်တဲ့ဇာတ်ကားကောင်းပါပဲFile size… 3GB and 988MB Quality….1080p HEVC 5.1CH and 720p Format…mp4 Duration….2hr 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia Encoder ..... August
movie

Kabadadaari

2021
HEVC 1080p 5.1