Channel Myanmar

Samuel Le Bihan

Three Colors: Red (1994) 8.1
Three Colors: Red (1994) Three Colors: Red (1994) Genre – Drama, Mystery, Romance IMDB – 8.1/10တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူကအသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါစကာတင်ဝင်ခဲ့တာ။ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ်ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက်လိုက်ချင်နေတဲ့အပျိုမလေးပေါ့။တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာကခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါတွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကိုကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီးစိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ်ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကိုစပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်းဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကိုခံစားကြည့်လိုက်ရအောင်ဗျာ။File size…  2.47 GB ...
movie

Three Colors: Red (1994)

Mesrine: Public Enemy #1 (2008) 7.4
Mesrine: Public Enemy #1 (2008)  Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie

Mesrine: Public Enemy #1 (2008)

Brotherhood of the Wolf (2001) 7.0
Brotherhood of the Wolf (2001) IMDb Rating (7.0) / Rotten Tomatoes (73%)ပြင်သစ်နိုင်ငံရဲ့ ဝေးလံတဲ့ပြည်နယ်တစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါဆိုးကြီးတစ်ကောင်သောင်းကျန်းလျက်ရှိပါတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေတဲ့ ဒီသတ္တဝါကြီးဟာအကောင်အထည်မမြင်ရ၊ အင်အားကြီးမားလွန်းပြီး လူသားတွေလိုထက်မြက်တဲ့ဉာဏ်ရည်မျိုးကိုပါ ပိုင်ဆိုင်နေတဲ့အတွက် ဘယ်သူမှမနှိမ်နင်းနိုင်သလို ဖမ်းဆီးမှုလက်ကလဲ အစဉ်တစိုက်၊ လွတ်မြောက်နေခဲ့တဲ့နောက် ဘုရင်လူးဝစ်ဟာ နာမည်ကျော် သိပ္ပံသဘာဝလောကဓာတ်ပညာရှင်တစ်ဦးနဲ့သူ့သွေးသောက်ညီအစ်ကို အီရိုကွားမျိုးနွယ်ဝင်တစ်ဦးတို့ကိုစေလွှတ်ပေးခဲ့ပါတယ်။ သူတို့ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာတွေနဲ့ ဒီသတ္တဝါကိုလက်ရဖမ်းဆီးဖို့နည်းလမ်းပေါင်းစုံ တွေးတောကြံဆခဲ့ပေမယ့် ဒီသတ္တဝါဟာ ဘယ်သူမှစဉ်းစားမထားနိုင်၊ မမျှော်လင့်နိုင်တဲ့ ဇစ်မြစ်၊ နက်ရှိုင်းတဲ့ အကြောင်းရင်းခံတွေရှိနေခဲ့တဲ့အခါ..။ဒီဇာတ်ကားဟာ သမိုင်းကြောင်း၊အက်ရှင်၊ သည်းထိတ်ရင်ဖို အစရှိတဲ့မတူညီတဲ့ အမျိုးအစားတွေပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်သလို စုံထောက်ကားကောင်းတစ်ကားကိုကြည့်နေရတဲ့ရသမျိုးကိုပါထပ်လောင်းခံစားရစေမှာလဲအသေအချာဖြစ်ပါတယ်၊ ဒီထက်ပိုပြောရင် ဇာတ်အရသာကိုထိခိုက်နိုင်မှာဖြစ်တဲ့အတွက်မပြောတော့ပါဘူး။ပြင်သစ်ကားဆိုပေမယ့် ကမ္ဘာရုပ်ရှင်လောကနဲ့မစိမ်းတဲ့သရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး အထူးခြားဆုံးပါဝင်သူတွေကတော့ အလှထိပ်ခေါင်တင်မမကြီး Monica Bellucci ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပါရာရာဝေးမင်းသားလို့ လူသိကြတဲ့ Mark Dacascos တို့ပဲဖြစ်ပါတယ်။တန်းမြင့် production values, ခမ်းနားတဲ့ရင်သပ်ရှုမောစရာရှေးခေတ်ပြင်သစ်ပြည်ရဲ့ ရှုမျှော်ခင်းတွေ၊ ရဲတိုက်ကြီးတွေနဲ့သေသပ်လှပတဲ့ cinematography တွေနဲ့သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်၊ ဒါရိုက်တာရဲ့အားကောင်းတဲ့ စီစဉ်ညွှန်ကြားမှုတွေဟာ မချီးကျူးပဲမနေနိုင်စရာဖြစ်သလို၊ စီးပွားရေးအရကော အနုပညာအရပါအောင်မြင်မှုရခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ခန်းတွေနဲ့ ဆောင်ကြာမြိုင်တွင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်တော့ မိသားစုနဲ့ကြည့်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ File ...
movie

Brotherhood of the Wolf (2001)

Three Colours: Red (1994) 8.1
Three Colours: Red (1994) Three Colours: Red (1994) IMDb - 8.1/10_____Rotten - 100%    အချိန်ပိုင်းမော်ဒယ်ကောင်မလေး ဗယ်လယ်တိုင်းဟာ မော်ဒယ်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့လူနဲ့ အိမ်နီးနားချင်းအဖြစ်ကနေစတင်ရင်းနှီးလာပါတော့တယ် အဲ့နောက်မှာတော့မော်ဒယ်ဒိုင်ဟောင်းကနေခွေးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဗယ်လယ်တိုင်းရဲ့ရည်းစားဟာသဝန်တိုပြီးအတင်းပြန်ပေးခိုင်းခဲ့ပါတယ် ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေ ဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ် ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်း ခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့...    အချိန်ပိုင်းမော်ဒယ်ကောင်မလေး ဗယ်လယ်တိုင်းဟာ မော်ဒယ်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့လူနဲ့ အိမ်နီးနားချင်းအဖြစ်ကနေစတင်ရင်းနှီးလာပါတော့တယ် အဲ့နောက်မှာတော့မော်ဒယ်ဒိုင်ဟောင်းကနေခွေးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဗယ်လယ်တိုင်းရဲ့ရည်းစားဟာသ၀န်တိုပြီးအတင်းပြန်ပေးခိုင်းခဲ့ပါတယ် ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေ ဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ် ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်း ခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့...    File Size : (1.3 GB) Quality : Blu-Ray 1080p Running Time : 1h 39min  Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Hnyot Myet Wunn Encoded by sithu
movie

Three Colours: Red (1994)

1994
Frontier(s) (2007) 6.3
Frontier(s) (2007)  Ultra-violet လို့တင်စားခံထားရတဲ့ အရမ်းသည်းထိတ်ရင်ဖိုကြည့်ရမည့်Slasher ကားတစ်ကား ကို Saw, Texas Chainsaw, Wrong Turn,The Hill Have Eyes စသည့် စူပါအကြမ်းဇာတ်ကားမှ ကြိုက်ပါတယ်ဆိုတဲ့ပရိတ်သတ်ကြီး အတွက် ရွေးခြယ်ဘာသာပြန်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းက စထွက်ခြင်းမှာပဲ ဝေဖန်အကြံပေးသူတွေရဲ့အားပေးမှု့ကို တစ်ခဲနက် ရရှိထားပါတယ်။ IMDb 6.5 ရရှိထားပါတယ်။International film festival ပွဲတွေမှာလည်း ပွဲထုတ်ပြသခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလည်းသမရိုးကျ လူသတ်ကားတွေနဲ့မတူပဲ ထူးထူးခြားခြားလေး တည်ထားပါတယ်။ပဲရစ်မှာ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကြီးစတင်ပါပြီ။အဲဒီအချိန်မှာပဲ ပြည်သူတွေမုန်းတီးမလိုလားတဲ့ အမတ်တစ်ယောက်ကစပြီးအာဏာကိုအလွဲသုံးစားလုပ်ကာ မဲတွေကိုကလိန်ကျပါတယ်။ဒါကိုပြည်သူတွေက သိရှိသွားပြီး အပြင်းအထန်ကန့်ကွတ်ဆန္ဒပြလာကြပါတယ်။ပြည်သူတွေ တစ်ခဲနက် အုံကြွမှု့ကြီးဖြစ်ပေါ်လာပြီး ရဲတွေနဲ့ တိုက်ခိုက်မှု့တွေအထိရှိလာပါတယ်။မြို့ကြီးက ပရမ်းပတာအခြေနေကို ရောက်ရှိလာပါတယ်.. ဒါကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတဲ့သူခိုးတစ်စုကတော့ ခိုးရာပါပစ္စည်းတွေနဲ့ အထိကရုန်းကြားမှာ သက်စွန့်ဆံဖျား ပြေးလွှားနေပါတယ်။တစ်နေရာအရောက်မှာတော့ ထိုသူခိုးထဲမှ တစ်ယောက်ကိုသေနတ်ထိမှန်သွားပြီး လူစုကွဲသွားပါတယ်။ပြန်ဆုံပေမဲ့လည်း သေနတ်ဒဏ်ရာကအခြေနေက ဆိုးနေပြီဖြစ်ဖို့ ဆေးရုံကို လူစုခွဲပြီး ...
movie

Frontier(s) (2007)

2007