Channel Myanmar

Samuel Pang

Punish Evil ( 2022 ) 6.3
Punish Evil ( 2022 ) CM ကနေပြီးတော့ Punish Evil ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၂၀ ရာစုနှစ်မှာ တရုတ်ပြည်တောင်ပိုင်းရဲ့ မြို့လေးဖြစ်တဲ့ပင်းဟိုင်မှာ ရဲခေါင်းဆောင် Song Hai ကပင်းဟိုင်ရဲ့ဖြစ်သမျှ အမှုတွေကိုဦးဆောင်ရတဲ့သူပေါ့။တစ်နေ့မှာ ပင်းဟိုင်ဘဏ်ရဲ့ ဘဏ်လုယက်မှုမှာပါဝင်ပတ်သက်သူ Zhuang Zhi Qiang ကသူ့အဖွဲ့ကိုဦးဆောင်ပြီးဘဏ်ကို လုယက်ခဲ့တယ်။ Zhuang Zhi Qiang ဦးဆောင်တဲ့အဖွဲ့က ၂ မိနစ်အတွင်းလုယက်မှုကိုအောင်မြင်သွားနိုင်တဲ့အပြင် ရဲတွေလက်ထဲကနေ လွတ်မြောက်နိုင်တဲ့လက်ရဲပြီးရက်စက်တဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့ အမှုတွေဆက်တိုက်ဖြစ်လာရင်းရဲတွေက သဲလွန်စတွေနဲ့လိုက်လံဖမ်းဆီးတဲ့အခါမှတော့ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ ဒီကားလေးကတော့ အက်ရှင်ကားကိုမှကြိုက်နှစ်သက်တဲ့လူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားတာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် ~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime , Drama Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Punish Evil ( 2022 )

Invisible Target(2007) 6.8
Invisible Target(2007) Invisible Target(2007) အညွှန်း**************************ဟောင်ကောင် action ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ပိုစတာကြည့်လိုက်တာနဲ့တင် အရမ်းကြီးညွှန်းစရာမလိုဘူးထင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jaycee Chan ၊ Nicholas Tse ၊ Wu Jing တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်အရမ်းကောင်းမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ဘူး ဇာတ်လမ်းအစပိုင်း အမျိုးသမီးတစ်ယောက် လက်ထပ်လက်စွပ်ဝယ်နေတယ်၊သူနဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ ဘဏ်ရဲ့လုံခြုံရေးထရပ်ကားတစ်စီးကလမ်းပိတ်လို့ရပ်နေတယ်.၊သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကိုဗုံးတစ်လုံးကပ်လိုက်တယ်။ရှေ့ရောနောက်ရောမှာဗုံးတွေထပ်ကပ်လိုက်တယ်။ နောက်မှာဗုံးကပေါက်ကွဲသွားတယ်၊လက်စွပ်ကြည့်နေတဲ့အမျိုးသမီးအပါအဝင်အခြားသူတွေပါ သေဆုံးသွားတယ်၊အဲ့ဒီအမျိုးသမီးက ချန်ကျွမ်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရဲ့ဇနီးလောင်းဖြစ်နေတယ်၊အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေပွဲကြမ်းမလဲဆိုတာကိုတော့... File Size : (4.2GB)  (1.2 GB) and (483 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:45:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Invisible Target(2007)

The Labyrinth ( 2022 ) 6.6
The Labyrinth ( 2022 ) ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK
movie

The Labyrinth ( 2022 )

Jump (2009) 5.5
Jump (2009) ကွန်ဖူးဟာသတွေနဲ့ လောကကြီးရဲ့ စောင်တလွဲတွေကိုဟားတိုက်တတ်တဲ့ ဆရာကြီး စတီဖင်ချောင်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားဖန်တီးထားတဲ့ Kunhfu Dance ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။  မင်းသမီးချော Zhang Yuqi နဲ့ မင်းသားချော Daniel Wu တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...တောမှာမွေးပြီး ဖခင်ဖြစ်သူရဲ့သိုင်းပညာတွေသင်ယူရင်း ကြီးပြင်းလာတဲ့ ချိုင်ဖုန့်ရဲ့ တကယ့်ဝါဿနာ အစစ်အမှန်က က တာပါ။မြို့ပြကိုတစ်ခါမှမရောက်ဖူးတဲ့ ချိုင်ဖုန့်တစ်ယောက် တစ်နေ့မှာ သူငယ်ချင်းတစ်ချို့နဲ့ မြို့ကိုတက်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရလာတဲ့အခါ...သူ့ရဲ့ဝါဿနာ အစစ်အမှန်ကို ဖော်ထုတ်ဖို့အခွင့်အရေးကို ဘယ်လိုရှာဖွေမှာလဲ။ ရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်နိုင်မှာလားဆိုတာ...။ဒီရုပ်ရှင်က ဟာသ/အကတွေကိုမှ အတုယူစရာ အားတက်စရာတွေပညာပေးလေးတွေနဲ့ မွမ်းမံပြီးပေါ့ပေါ့ပါးပါးရိုက်ပြထားတာတဲ့အပြင် မမZhang ရဲ့ အလှအပတွေကို တစ်ဝကြီးခံစားရဦးမှာမို့ စိတ်ဓါတ်ကျနေချိန်မှာ ကြည့်ဖို့တန်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို SST မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB)/(900 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:27:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST
movie

Jump (2009)