Channel Myanmar

Samy Seghir

Earth and Blood (2020) 5.2
Earth and Blood (2020)  2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီးIMDb Rating 5.2 လည်း  ရရှိထားပါတယ်..စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာသိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်းတွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေမဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာအလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကိုသိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက်ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…770MB / 391MB Quality…WEB-Dl 1080p  / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Earth and Blood (2020)