Channel Myanmar

Sananthachat Thanapatpisal

Death is All Around (2024) 5
Death is All Around (2024) Death is All Around (2024) သင့်အနီးအနားက မရဏတရားလူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာ လွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။ သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရ ချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့ လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်း လူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ ........ အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ..... ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရော ဘယ်လိုတွေ ထမ်းဆောင်သွားမလဲ... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Kaung, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 519MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Death is All Around (2024)

2024
Night of the Killer Bears (2023)
Night of the Killer Bears (2023) Night of the Killer Bears (2023)Horror, Thriller တွေကြိုက်တတ်တဲ့သူတွေအတွက် Worng Turn, Hostel, The Cabin in the Woods တို့လို Vibe လေးရစေမယ့် တစ်စိမ့်စိမ့်ကြောက်နေရမယ့်ထိုင်းဟော်ရာရုပ်ရှင်လေးတစ်ခုလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။မင်းသား မင်းသမီးတွေကလည်း အရမ်းချောပြီး နုဖတ်နေအောင် ချစ်စရာကောင်းတာလဲပါတာပေါ့ Horror ကားတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းငါးယောက်လူသူအရောက်အပေါက်နည်း ဖုန်းလိုင်းမမိတဲ့နေရာကို ရောက်လာပြီး Reunion ပြန်လုပ်ကြပါတယ်။ သူတို့တွေကြားမှာလည်း ဖြေရှင်းလို့မရတဲ့ပြသနာတွေ စိတ်ရှုပ်စေတဲ့အတိတ်ကအကြောင်းအရာတွေ အရှုပ်ဇာတ်တွေနဲ့ သူတို့လေးတွေ ပြန်ပြေလည်ဖို့ရောက်လာကြတာပါ။Resort လေးကတော့ တောအုပ်ထဲမှာရှိပြီး အရမ်းလှပတဲ့နေရာတစ်ခုပါပဲ။ သူတို့တည်းတဲ့ညမှာတော့ Resort မှာ ထူးဆန်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ အဲလိုနေရာလေးမှာ ဘယ်လိုနောက်ကွယ်က အကြောင်းတွေရှိနေမလဲ။ ချစ်စရာဝက်ဝံတွေကရော ဘယ်လိုတွေရွံစရာကောင်းမလဲ။ တန်ဆောင်တိုင်ပိတ်ရက်မှာ တောအုပ် resort တွေ သွားတည်းချင်တဲ့သူတွေအဖို့ ကြည့်သင့်တဲ့ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတော့တယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ဖြစ်ပါတယ်Genre..... Comedy, Horror Quality…. 1080p | 720p File size… 1.4GB | 482MB Format… ...
movie

Night of the Killer Bears (2023)

2023
Thunder Monk (2023) 6.3
Thunder Monk (2023) Thunder Monk (2023)ဦးဇင်းကျစ် အဖြစ် Oat Paramote Pathan ပတ်ပေါင့် အဖြစ် Pop PongKool Suebsung ဂျုံ အဖြစ် Fon Sananthachat ဝိုင် အဖြစ် Carissa Springgettဇာတ်လမ်းအကျဉ်းအတိတ်ဘ၀ တုန်းက ဘုန်းဘုန်းကျစ်နဲ့မှော်ဆရာပတ်ပေါင်တို့က သိပ်ကိုချစ်ကြတဲ့ လင်မယားတွေပါ ဒီဘ၀မှာ နှစ်ယောက်လုံးက ယောကျာ်းလေးအဖြစ် မွေးဖွားလာပါသော်လည်း အတိတ်ဘ၀တုန်းက ပတ်ပေါင့် ဘုန်းဘုန်းကျစ်အစား အသေခံပေးခဲ့ပါတယ်ဒီအတွက် ဘုန်းဘုန်းကျစ်က ပတ်ပေါင့်ပြုသမျှ ၀ဋ်ကြွေးတွေကို သူခံယူပါ့မယ်လို တောင်းဆုပြုခဲ့ပါတယ် ဆိုတော့ ဘုန်းဘုန်းကျစ် အတိတ်တုန်းက သူ့မိန်းမဖြစ်ခဲ့တဲ့ မှော်ဆရာပတ်ပေါင့်ဆီကို ၀ဋ်ကြွေးလွှတ်မြောက်အောင် လုပ်ဖို့ သွားပါတော့တယ် ဖြစ်ချင်တော့ ဒီဘ၀မှာ မှော်ဆရာပတ်ပေါင့်က ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်ရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုထားပါတယ်သို့ပေမဲ့ သူ့စကားကို မတည်နိုင်ဘဲ နောက်ကောင်မလေး တစ်ယောက်ကို ချစ်ကြိုက်သွားပါတယ် သူ့ကျိန်စာကြောင့် မိုးကြိုးက မှော်ဆရာကို ပစ်ရမယ့်အစား အတိတ်ဘ၀က ဘုန်းဘုန်းကျစ်ရဲ့ တောင်းဆုကြောင့် ဘုန်းဘုန်းကိုပဲ ပစ်မှာပါ ဆိုတော့ ဘုန်းဘုန်းကျစ် မှော်ဆရာကို ...
movie

Thunder Monk (2023)

2023
Happy Ending (2022) 7.1
Happy Ending (2022) Happy Ending (2022)အချစ်ရဲ့ဆုံဆည်းခြင်း ပုံစံအမျိုးမျိုးရှိပေမယ့် အဆုံးသတ်ကျ အမြဲတစေ Happy Endingsဖြစ်နေနိုင်မလားဒီအချစ်ဟာသဇာတ်လမ်းလေးမှာတော့ စာရေးဆရာဒီရုန်နဲ့ ဘူဝါတို့တွေ့ဆုံမှုကို အခြေခံထားပြီး " မျက်နှာချင်းဆိုင်တိုက်ခန်းကတစုံတယောက်" ဆိုတဲ့ ကျင်နဲ့ဒုမ်တို့ရဲ့ဇာတ်လမ်း "ဘေးချင်းကပ်အိမ်ကတစုံတယောက်"ဆိုတဲ့ တာနဲ့ချာယိန်တို့ရဲ့ဇာတ်လမ်း " မုန်းနေတဲ့တစုံတယောက် " ဆိုတဲ့ အော့ဝ်နဲ့ အနာဂတ်ကလျှို့ဝှက်ကောင်မလေး "လျို့ဝှက်ပိုးပန်းချက်အချို့" ဆိုတဲ့ စီရာနဲ့ကျာတို့ရဲ့ ဇာတ်လမ်းစတဲ့ အတွဲ၅တွဲရဲ့မတူညီ​ေသာဆုံဆည်းခြင်းတွေကို အဓိပ္ပါယ်ဖွင့်ထားတဲ့ Jaifu stoyဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲမှာ ဇာတ်လမ်းအဆုံးသတ်ရဲ့ဖြစ်စဥ်ကို ဟာသမျိုးစုံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1GB | 628MB | 349MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

Happy Ending (2022)

2022
My Boss is a Serial Killer(2021) 7.0
My Boss is a Serial Killer(2021) My Boss is a Serial Killer(2021)အညွှန်း********************************** I Fine..Thank You..Love You နဲ့ အားလုံးရဲ့အသည်းကိုဖမ်းစားနိုင်ခဲ့တဲ့Ice လေးအဓိကပါဝင်ထားသလို ကျန်တဲ့ main cast တွေကလည်းထိုင်းနိုင်ငံရဲ့အထင်ကရ သရုပ်ဆောင်တွေပါပဲ....ရုပ်ပြောင်တွေလုပ်လို့ နာမည်ကြီးပြီး မြန်မာပရိတ်သတ်တွေနဲ့ လူသိများတဲ့ အခွီကောင်တာပါပါသေးတယ်..ဆိုတော့ ဒီဇာတ်လမ်းဟာ တော်တော်ကြီးကို ရယ်ရလိမ့်မယ်ဆိုတာ မှန်းမိလောက်ရောပေါ့...ကုမ္ပဏီတစ်ခုရှိတယ်....ရပ်တည်လာတာလည်းကြာပြီ... အခိုင်အမာသုံးစွဲသုံးစွဲသူတွေကလည်းရှိနေတယ်ဆိုပေမဲ့ပြိုင်ဘက်တွေများလာတာရော မာကတ်တင်းပိုင်းက တခြားသူတွေက သာတာကြောင့်ရောကြောင့်သူတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်ရောင်းအားဟာ တဖြည်းဖြည်းကျဆင်းလာတယ်...ဒါကြောင့်ဘုတ်အဖွဲ့က လူငယ်တွေရဲ့ အားကိုယူပြီး  ဈေးကွက်ကိုအသစ်တစ်ဖန်ဖောက်ဖို့ကြိုးစားလာတယ်...အဲ့ဒီနောက်မှာတော့ ထင်မှတ်မထားတဲ့ပြဿနာအကြီးကြီးတွေဆက်တိုက်ဖြစ်လာပါတော့တယ်.....File Size :(974 MB) and (346MB) Quality : WEB-DL 720p Format…mp4 Duration…01:52:00 Genre : Thriller, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nang Phwe Hom & Niikaato Encoded by Phyo Pyae
movie

My Boss is a Serial Killer(2021)

Haunted Tales (2021) 7.0
Haunted Tales (2021) Haunted Tales (2021) ဇာတ်လမ်းအညွှန်း************************************ဒီဇာတ်ကားမှာတော့ "သရဲခြောက်သောကား"၊ "ပိတ်လှောင်မိခြင်း"၊ "စာအုပ်ထဲက အမှန်တရား"စတဲ့ဇာတ်လမ်းတိုသုံးပုဒ်နဲ့ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။အပိုင်း(၃)ပိုင်းကို တစ်ဆက်တည်း ရိုက်ပြထားပြီး တစ်ခုချင်းမှာ ခပ်ဆန်းဆန်းတွေ မတူအောင်ပြထားပါတယ်...ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားသလိုရုံတင်ဇာတ်ကားလည်းဖြစ်ပါတယ်..."သရဲခြောက်သောကား"ကတော့ လျှို့ဝှက်ချက်တွေပေါတဲ့ ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကအိမ်အပြန်လမ်း တက္ကစီကို စီးနေရင်းထိတ်လန့်ဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံခဲ့ပုံကို ရိုက်ပြထားပါတယ်..."စာအုပ်ထဲက အမှန်တရား" သည်းထိပ်ရင်ဖိုသရဲအကြောင်းရေးသားတဲ့စာရေးဆရာတစ်‌ယောက်ကစာအုပ်တစ်အုပ်ရေးဖို့ လူသူနဲ့ကင်းဝေးတဲ့အိမ်မှာ သွားတည်းရင်းအလွန်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်ကိုကြုံခဲ့ပုံကိုရိုက်ကူးပြထားတာပါ..."ပိတ်လှောင်မိခြင်း"ကတော့ အမျိုးသမီးတစ်ယောက်ဟာ သရဲဟော်တယ်တစ်ခုရဲ့ ကြောက်လန့်ဖွယ်ရာအကြောင်းရာတစ်ခုကို ရှာဖွေဖို့အကြောင်းဖန်လာခဲ့ပါတယ်။သူအသက်ရှင်ဖို့အတွက်ကြိုးစားရင်း ဝိညာဉ်ဆိုးတွေကိုကျွတ်လွတ်အောင်ကူညီပေးပုံကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်ပါတယ်.... File Size :(846MB) and (305MBB) Quality : WEB-DL 720p Format…mp4 Duration…01:37:00 Genre : Horror,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mann Mawkunn & Hseng Hom Encoded by Phyo Pyae
movie

Haunted Tales (2021)

Von AKA Please (Her).2020 6.5
Von AKA Please (Her).2020 Von AKA Please (Her).2020 အညွှန်း******************************တက္ကသိုလ်ကျောင်းသားဘဝဆိုတာ အားလုံးကို သင်ယူနေချိန်...ခံစားနေချိန်....ဒီထဲမှာ အချစ်ဆိုတာလည်းပါတယ်....ဗရမ်းပတာ ရင်ခုန်သံတွေကို လိုက်လံဖမ်းဆုပ်ရင်း တစ်စုံတစ်ယောက်ဆီမှာ ကျရှုံးခဲ့ဘူးကြတယ်..ဒီကားလေးကတော့ ထူးထူးခြားခြားကောင်လေး (၃)ယောက်ဟာ ကောင်မလေးတစ်ယောက်တည်းကိုမှချစ်မိသွားတာပါပဲ...အချစ်စစ်လို့ဆိုနိုင်ပေမဲ့ ပုံစံမတူတဲ့ ချစ်ခြင်းမျိုးနဲ့  ချစ်ခဲ့ကြပါတယ်...ဒီလို (၃) ယောက်လုံးကြွေချင်းကိုခံရတဲ့ကောင်မလေးကရော ဘယ်သူ့ကိုရွေးချယ်မလဲ....Cast တွေအကုန်လုံးက အကုန်ခပ်မိုက်မိုက် အလန်းတွေမို့ ကြည့်ရတာတန်တယ်လို့ပြောချင်ပါတယ်...ဇာတ်ညွှန်းရေးရတာ အချို့သော ကောင်မလေးတွေကိုတော့ အားနာပါတယ်နော်...2020 ခုနှစ်က ရုံတင်ခဲ့သော ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ P'Mean တို့ P'Saint တို့ ပါဝင်ထားပါတယ်။(ဇာတ်လမ်းအကျဉ်းကို Mann Mawkunnမှ ရေးသားပေးထားပါသည်)    File Size :(2.2GB)(959 MB) and (331MB) Quality : WEB-DL 1080P5.1CH,720p Format…mp4 Duration…02:01:00 Genre :Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Mann Mawkonn & ...
movie

Von AKA Please (Her).2020

Bikeman 2 (2019) 6.4
Bikeman 2 (2019) [Unicode]Bikeman2 လေးကတော့ ကျိုင်နဲ့စက်(ဂ်)ကရင်ရဲ့အချစ်ရေးအကြောင်းကို ရိုက်ပြထားတာပါ ၊ ကျိုင်အဖေဟာ သူ့သမီးကိုအရမ်းချစ်တယ်အလုပ်အကိုင်ခိုင်မြဲပြီး ကောင်းမွန်တဲ့လက်တွဲဖော်နဲ့တွေ့စေချင်တာ ဒါကြောင့် သူ့သူငယ်ချင်းရဲ့သားနဲ့ပေးစားဖို့လုပ်တော့ ကျိုင်က ချစ်သူရှိပြီလိုငြင်းဆိုပြောလိုက်ပါတယ် ။ကျိုင်အဖေက သူ့ချစ်သူကိုလာပြပါလို့ ပြောတော့ ကျိုင်ဟာသူ့သူငယ်ချင်း စက်(ဂ်)ကရင်ကို ဟန်ဆောင်ချစ်သူလုပ်ဖို့အကူညီတောင်းပြီး သူ့အဖေဆီသွားတွေ့ပါတော့တယ် ။ ဒါပေမယ့် စက်(ဂ်)ကရင်က ကျိုင်အဖေဖြစ်ချင်တာတွေနဲ့ တခြားစီဖြစ်နေလို့ ကျိုင်ရဲ့ချစ်သူကိုသဘောမကျပါဘူး...စက်(ဂ်)ကရင်တစ်ယောက် သူ့အမျိုးတွေနဲ့ ကျိုင်အဖေ့ကို ဘယ်လိုရင်ဆိုင်မလဲ ကျိုင်အဖေ့စိတ်ကိုရော အနိုင်ယူနိုင်မလား သူငယ်ငယ်ကတည်းက တိတ်တခိုးချစ်ခဲ့ရတဲ့ ကျိုင်ရဲ့စိတ်ကိုရော အနိုင်ယူနိုင်မလား သိချင်ရင်တော့ Bikeman2 လေးမှာ ဆက်ကြည့်လိုက်ရအောက်နော် အရမ်းရယ်ရတဲ့ကားလေးမို့ လုံးဝလက်မလွှတ်သင့်တဲ့ကားပါနော်...။( အညွှန်းရေးသားထားတာကတော့ Nang Mwe Kham ဖြစ်ပါတယ် ) စက်(ဂ်)ကရင် အဖြစ် Peach Pachara Chirathivatကျိုင် အဖြစ် Fon Sananthachat Thanapatpisalပရီချာ အဖြစ် Kom Chauncheunဆတ်ဒါ အဖြစ် Tao Somchai Khemglad ...
movie

Bikeman 2 (2019)

Bikeman (2018) 6.4
Bikeman (2018) အမေ နဲ့ အဖွားက သူ့အဖေလိုမျိုး ဘဏ်ဝန်ထမ်းကောင်းဖြစ်စေချင်တဲ့ ဆန္ဒကြောင့် နေ့တိုင်းဘန်ကောက်ကို ဘဏ်ဝန်ထမ်းဝတ်စုံဝတ်ဘဏ်မှာအလုပ်လုပ်ချင်ယောင်ဆောင်ပြီးထွက်ထွက်လာရတဲ့ ဆတ်ကရင် (ဆတ်)သူ့အမေရဲ့ဆန္ဒကို အကောင်အထည်ဖော်ချင်လို့တစ်ဖက်မှာ ဘဏ်တွေမှာအလုပ်လျှောက် တစ်ဖက်မှာတော့သူ့ရဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်ကိုလုပ်နေရင်းအထက်တန်းတုန်းက ကျိတ်ကြွေခဲ့ရတဲ့အတန်းဖော်သူငယ်ချင်မလေး ဂျိုင်ကတော့သူဟန်ဆောင်ထားတဲ့ဘဏ်ကဝန်ထမ်းလေးတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့ရတယ်။ဆတ်တစ်ယောက် သူဆိုင်ကယ်မောင်းတာသူ့အိမ်ကမသိအောင် ဘယ်လိုတွေတိမ်းရှောင်လဲနည်းနည်းပြောပြမယ်နော်သူ့အဖေသူငယ်ချင်း ရဲဝန်ထမ်းဟောင်း ဦးပီချာနဲ့ ဘန်‌ကောက်သွားတဲ့ ရထားပေါ်မှာတွေ့တော့လည်း‌ ပြေးသူ့အမေနဲ့ ဘန်ကောက်က မီးပွိုင့်တစ်ခုမှာအမှတ်မထင်တွေ့တုန်း သူ့အမေက လမ်းလာမေးလို့ ပြေးဦးပီချာသားရဲ့ဘေးက ဆိုင်ကယ်နဲ့ဖြတ်ရင်းဗွက်ရေစင်သွားလို့ မကျေမနပ် လိုက်ထိုးလို့လည်း ပြေးဂျိုင်နဲ့ ဈေးလမ်းမှာ ဘဏ်ဝတ်စုံကြီးနဲ့ပက်ပင်းတိုးတော့လည်း ပြေးပြေးလေးပြေးမှာလွတ်ခဲ့ပေမယ့် အဖြစ်မှန်ဘယ်ချိန်မှာပေါ်မလဲသူအရမ်းဖြစ်ချင်တဲ့ ဘဏ်ဝန်ထမ်းရောဖြစ်ပါ့မလားဆိုတာလေးကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်စိတ်အပန်းဖြေချင်တဲ့သူတွေရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေလက်မလွှတ်သင့်တဲ့ Rating 6.4ရပ်တည်နေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်File Size - 755 MB Quality - Web-DL 720p Runtime -  1h 46min Subtitle - Myanmar (hardsub) Translator - Htoo Htoo Ka ...
movie

Bikeman (2018)