Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sandeep Kulkarni
8.1
Satyashodhak (2024)
Satyashodhak (2024) "အမှန်တရားကို ရှာဖွေသူ" =========================IMDb 8.1 ရရှိထားတဲ့ အိန္ဒိယ သမိုင်း/ကိုယ်ရေးအထ္ထုပတ္တိ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်၁၉ ရာစု၊ ၁၈၇၃၊ အိန္ဒိယနိုင်ငံမှာ "ဆပ်တရာရှိုဒက်ဆာမာ့ဂျ်" (ခေါ်) "အမှန်တရားရှာဖွေသူ အသင်း" ကို တည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ...."ဂျိုတီရောဝ်ပူလေ " ရဲ့ ဘဝမှတ်တမ်းကို ရေးခြယ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝေဖန်ရေးဆရာများဆီက မှတ်ချက်ကောင်းအချို့ကိုလည်း ရထားပါတယ် ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ လူမှုရေး၊ ဘာသာရေး အယူစွဲများနဲ့ "ဇာတ်နိမ့်ဇာတ်မြင့်" လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်ပြီး....Shudras (အလုပ်သမားလူတန်းစား) နဲ့ Dalits (အဖိနှိပ်ခံလူတန်းစား) တို့ သာတူညီမျှရှိရေး၊ လူ့အခွင့်အရေး တန်းတူရရေးတို့ကို ဖော်ဆောင်ခဲ့ရုံသာမက လူတန်းစားမရွေး ပညာတတ်မြောက်ရေးကိုပါ အားပေးခဲ့တယ် အသက် ၁၃၊ ၁၄ နှစ်ခန့်မှာ လက်ထပ်ထိမ်းမြားခဲ့တဲ့ ဇနီးသည် "ဆာဗီတရီပူလေ" ကလည်း ခင်ပွန်း ဂျိုတီနဲ့အတူ တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး "အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး" ကို အစောဆုံး လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်ဘာသာရေး သို့ ဘာသာရေးခေါင်းဆောင်တွေကို ...
movie
Satyashodhak (2024)
2024
7.0
Tiger 3 (2023)
Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie
Tiger 3 (2023)
2023
4K HEVC
7.9
Territory (2023)
Territory (2023) "စားကျက်" IMDb - 8.2/10လူသားစားတဲ့ ကျား၊ တရားမဝင်အမဲလိုက်တဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေရယ်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ။ဘေးပတ်ဝန်းကျင်မှာလည်း ရွာငယ်လေးတွေရှိပေမယ့် အဆုံးမရှိတဲ့တောနက်ကြီးလွှမ်းခြုံထားပြီး အဲဒီရွာလေးဘေးမှာတော့ ကျားတွေကျက်စားပါတယ်။ ခန့်မှန်းခြေ ကျားပေါင်း သုံးဆယ်ကျော်ရှိပြီး ကျားတစ်ကောင်ရဲ့ စားကျက်က ၃၈မိုင်ပတ်လည် ဝန်းကျင်လောက်ရှိပါတယ်။ဒီကျားတွေထဲကမှ လူတွေကိုရန်ပြုစားသောက်တဲ့ ကျားတစ်ကောင်ပေါ်လာတဲ့အခါ...။ ဘေးမဲ့ပေးထားတဲ့ ကျားတွေကို တရားမဝင်သတ်ဖြတ်အမဲလိုက်နေတဲ့ ဘယ်ကမှန်းမသိတဲ့ မုဆိုးတွေရောက်လာတဲ့အခါ...။တောခေါင်းတွေ လိုက်လံစုံစမ်းနေတဲ့ကြားကမှ အထက်တရားရုံးချုပ်ကနေ စီဘီအိုင်အရာရှိတစ်ဦးကို ကျားတွေသတ်ခံနေရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့အခါ...။ သူတို့တွေရဲ့ စားကျက်လုကြပုံကို တောတွင်းအလှတွေနဲ့ ရှုမြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Territory (2023)
2023