Channel Myanmar

Sandra Dorsey

Sleepaway Camp III: Teenage Wasteland (1989)
Sleepaway Camp III: Teenage Wasteland (1989) ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Sleepaway Camp III: Teenage Wasteland (1989)

The Three Stooges (2012) 5.1
The Three Stooges (2012) The Three Stooges (2012) IMDb - 5.1/10_____Rotten - 52%  The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊  Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊  ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊    (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie

The Three Stooges (2012)

2012