Channel Myanmar

Sandra Drzymalska

Filip (2023) 7.1
Filip (2023)  စစ်ကားတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် Filip ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နာဇီတွေနဲ့ဂျူးတွေစစ်ပွဲဖြစ်နေခဲ့တဲ့ 1943 ခုနှစ်လောက်ကအကြောင်းကိုရိုက်ကူးထားပြီးတော့ လီယိုပေါ့တိုင်မန်းရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိဝထ္တုFILIP ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဖီးလစ်ဆိုတဲ့စစ်ဖြစ်နေတဲ့ ပိုလန်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်က တခြားလူတွေမသိအောင်ဂျာမန်မှာ ပြင်သစ်နိုင်ငံသားတစ်ယောက်အနေနဲ့နေထိုင်ပြီး တော့ပါ့ခ်ဆိုတဲ့ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ဂျာမန်လူမျိုးတွေကတိုင်းတစ်ပါးသား လူမျိုးတွေနဲ့မပတ်သတ်ရဘူးကာမမဆက်ဆံရဘူးဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်။ဖီးလစ်ကဂျာမန်မှာ အလုပ်လုပ်နေရပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တွေကိုမုန်းနေပြီးတော့ အဲ့ဒီဥပဒေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဂျာမန်သူလေးတစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ အတူတူထွက်ပြေးဖို့ကြိုးစားကြပါတော့တယ်။အဲ့လိုထွက်ပြေးဖို့ကြိုးစားနေတဲ့ အချိန်မှာပဲဖီးလစ်ရဲ့ဘဝမှာကြီးမားတဲ့အလှည့်အပြောင်းတွေကြုံတွေ့လာရမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.71GB / 704MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 5m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Filip (2023)

Mr. Car and the Knights Templar (2023) 4.5
Mr. Car and the Knights Templar (2023) Mr. Car and the Knights Templar (2023) =============================ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး Zbigniew Nienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။ အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာ သိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ် တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်း ပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာ တွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာ သိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော် စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည် ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်း ချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊ သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ် ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲ တွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ် နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ...
movie

Mr. Car and the Knights Templar (2023)

2023
The Getaway King (2021) 6.6
The Getaway King (2021) The Getaway King (2021) ဒီတစ်ခါတော့ ပေ့ါပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပိုလန် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးခဲ့ချိန်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အခြေပြု ဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်က ရဲတွေအလိုအရှိဆုံး ဒုစရိုက်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ရဲလက်ကနေ ၂၉ ကြိမ်တိတိ ရဲလက်က လွတ်အောင်ပြေးနိုင်ခဲ့ပြီး အဲ့ဒီထဲက တစ်ကြိမ်ဆို ထောင်ဖောက်ပြီးပါ လွတ်မြောက်ခဲ့တာပါ။ဒီလိုနဲ့ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီးနောက် အဆိုပါ စောရဝိဇ္ဇာတစ်ယောက် သူ့ရဲ့ ဘဝနဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ...Action, Crime, Comedy အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်တချို့တဝက်ကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ File Size : 3.2GB, 806MB & 367MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : ...
movie

The Getaway King (2021)

2021