Channel Myanmar

Sanna Sundqvist

Thank You, I’m Sorry (2023) 6.0
Thank You, I’m Sorry (2023)  ဘယ်လိုအခက်အခဲတွေ ဘယ်လိုအဖြစ်ဆိုးတွေကြုံနေရပါစေ။နောက်ဆုံးမှာတော့ ကိုယ့်အနားမှာရှိနေပေးနိုင်မှာကိုယ့်မိသားစုပဲ ရှိပါတယ်။ဘယ်လောက်ပဲမိသားစုအချင်းချင်းပြဿနာတွေတက်တက် စိတ်တွေဆိုးဆိုးအချိန်တန်ရင်တော့သွေးကစကားပြောမှာပါပဲ။ ဒီ Thank You I'm Sorryဆိုတဲ့ဇာတ်ကားလေးထဲမှာလည်း ဘယ်အချစ်ကမှ မိသားစုရဲ့ချစ်ခြင်းလောက်မကြီးမားဘူးဆိုတာကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီး Rotten Tomatoes မှာတော့ Rating 100%ရထားပါတယ်။ဆာရာမှာဒန်နီရယ်ဆိုတဲ့ ခင်ပွန်းနဲ့အဲလိယော့ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး မကြာခင်မွေးဖွားလာတော့မဲ့ ကလေးလေးတစ်ယောက်ကလည်းဗိုက်ထဲမှာရှိနေပါတယ်။သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေးရဲ့ဘ၀ကိုအပြောင်းအလဲ ကြီးဖြစ်သွားစေခဲ့တာကတော့ ရုတ်တရက်ကြီးဒန်နီရယ်နှလုံးဖောက်ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုလေးရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီးကို ဆာရာတစ်ယောက်ဗိုက်တစ်လုံးကလေးတစ်ဖက်နဲ့အံကြိတ်ပြီးရင်ဆိုင်နေရပါတော့တယ်။ဒီလိုအချိန်မှာ သူ့ဆီကနေတစ်ယောက်ထွက်ခွာသွားပေမယ့် တခြားတစ်ယောက်ကတော့သူ့ဘ၀ထဲကိုပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီတစ်ယောက်ကတော့ သူနဲ့အဆက်အသွယ်ဖြတ်ထားတာကြာပြီ ဖြစ်တဲ့သူ့အစ်မလင်ဒါပဲဖြစ်ပါတယ်။ဆာရာရဲ့ ဘ၀ထဲကိုလင်ဒါပြန်ဝင်ရောက်လာပြီးနောက်မှာ ညီအစ်မနှစ်ယောက် အတူတူလောကဓံတွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဘယ်လိုဆူးညှောင့်ခလုတ်တွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုရမဲ့မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.39 GB / 592 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Thank You, I’m Sorry (2023)

Call Mom! (2020) 5.3
Call Mom! (2020) Call Mom ( 2019 ) IMbd 5.4/10 ဒီရုပ်ရှင်ကအချစ်ရေးနဲ့ လိင်မှုကိစ္စ အရှုပ်အထွေးတွေ ရှိနေပြီး မိခင်နဲ့လည်း သိပ်ပြီးအဆင်မပြေတဲ့ သက်လတ်ပိုင်း မူလတန်းကာယဆရာမ နစ်ကီကို အခြေတည်ထားပါတယ် အချစ်နယ်ကျွံတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ စကားခပ်ကြမ်းကြမ်းတွေ အနည်းငယ်ပါဝင်တယ်ဆိုပေမဲ့ 18+ အသားပေး ဇာတ်လမ်းတော့မဟုတ်ပါဘူး နစ်ကီဟာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက်နေခဲ့ပြီးမမျှော်လင့်ပဲ သူမရဲ့ ချစ်သူဟောင်းနဲ့လည်း ပြန်ဆုံခဲ့ပါတယ် သူမရဲ့လွတ်လပ်လွန်းတဲ့ စိတ်ကြောင့်ပဲ အခက်အခဲတွေ တွေ့လာရပြီး ဒီလိုအရှပ်အထွေးတွေ ဖြစ်နေတဲ့အချိန်မှာပဲ အမေကို ဂရုမစိုက်ဖြစ်ခဲ့တဲ့ အမေနဲ့ ရင်းရင်းနှီးနှီးမနေခဲ့မိတာတွေအတွက် နောင်တရစရာ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းမှာတော့ နစ်ကီဟာ သူ့ဘဝအတွက် မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဆုံးဖြတ်ရပါတော့တယ် ဇာတ်လမ်းက ရိုးရှင်းသယောင်ရှိပေမဲ့ ကြည့်ရှုရတာတော့ ပေါ့မနေပါဘူး English movies တွေ Spain movies တွေ ကြိုက်နှစ်သက်ကြပေမယ့် ဒီ swedish movies တွေနဲ့ အလှမ်းဝေးနေသူတွေ အတွက်တော့ ဒီရုပ်ရှင်လေးက အမြည်းသဘောအနေနဲ့ ကြည့်ရှုသင့်တဲ့ အထဲမှာပါပါတယ်    Translated by Rico suave Encoded by YK Quality : 1080p Blu-ray and 720p File Size : 1GB ...
movie

Call Mom! (2020)

2019