Channel Myanmar

Saoirse-Monica Jackson

Upgraded (2024) 6.1
Upgraded (2024)  လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမCamila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီးIMDb Rating 6.1 အထိရရှိထားပါတယ်။အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင်ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကိုသူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက်အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်ကနေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေကတဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.55GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar ...
movie

Upgraded (2024)

Coffee Wars (2023) 5.5
Coffee Wars (2023)  ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကိုအကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီးဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကိုအသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်းနွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကိုဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက်တိုက်ခိုက်နေတဲ့သူပါ။ "ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်"ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကိုအခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက်ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီးဆုငွေရမှဖြစ်မှာပါ။ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက်လောက်တော့ ...
movie

Coffee Wars (2023)

The Flash (2023) 7.4
The Flash (2023) The Flash (2023) =============ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ...
movie

The Flash (2023)

2023
4K HEVC
Finding You (2021) 6.4
Finding You (2021)  Genre - Romance, Drama IMDB – 6.4/10စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတတွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။ ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လိုစိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကိုအစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေးတစ်ယောက်။ သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန်မြိုငယ်လေးကိုရောက်တော့လည်း တည်းတဲ့နေရာမှာတစ်နေရာတည်းဖြစ်နေကြသောအခါ....ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက်ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား...စိတ်ကြီးဝင် အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ....တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့်ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေ ပေးနိုင်သွားမယ်...ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေမျက်စိအေးအောင် ကြည့်ရမယ်၊ အိုင်ရှစ်ရိုးရာသံစဉ်တွေဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံခံစားရမှာပဲဖြစ်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားပြီးဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ....(  အညွှန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ပဲ ဖြစ်ပါတယ် ) File size…1.99GB / 797MB Quality…Blu-Ray ...
movie

Finding You (2021)