Channel Myanmar

Sara Garcia

Me and Mr. Christmas (2023) 5.9
Me and Mr. Christmas (2023) Me and Mr. Christmas (2023) ===================== IMDb rating - 5.9/10ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ် သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romance ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်း - Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင် အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင် ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင် ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်း ချင်တာက သူ့ရဲ့ဆန္ဒပါ။အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ် ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ် စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအ ချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့ သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လို တွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.2 GB) / (839 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......June Encoder..........SWM
movie

Me and Mr. Christmas (2023)

2023
True Fiction (2019) 4.7
True Fiction (2019) ဒီရုပ်ရှင်ကို ဒါရိုက်တာ Braden Croftကရိုက်ကူးထားပြီးသည်းထိတ်ရင်ဖိုရုပ်ရှင်လောကရဲ့ ဂန္တဝင်မြောက်လက်ရာတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ခေတ်သစ်သည်းထိတ်ရင်ဖိုအနုပညာလက်ရာတစ်ခုလို့ဆိုလို့ရပါတယ်။True fictionဆိုတဲ့ အမည်အတိုင်းဒီရုပ်ရှင်ဟာ စိတ်ကူးယဥ်ဝတ္ထုလောကကို အခြေတည်ထားတယ်။ဒီဇာတ်လမ်းမှာ Avery Maloneလို့ခေါ်တဲ့ အထီးကျန်စာကြည့်တိုက်မှူးလေးကစာရေးရာမှာ စိတ်အားထက်သန်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုတွေကိုရေးတဲ့စာရေးဆရာ Caleb Conradကို သူမရဲ့ Heroအဖြစ် သဘောထားပါတယ်။သူမက Calebအတွက် လက်ထောက်တစ်ယောက်အဖြစ်အလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်။ဒီတော့ Averyဟာ လူထုကိုမျက်နှာမပြဖူးတဲ့ သူမရဲ့Heroနဲ့ တွေ့ဆုံပါတော့တယ်။Calebက လက်ထောက်အလုပ်မဟုတ်ဘဲ ကစားပွဲတစ်ခုမှာကစားသူအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာAveryက မဆိုင်းမတွ လက်ခံလိုက်တာပေါ့။Calebက ကစားပွဲကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ၊ကိုယ်ရေးကိုယ်တာမေးခွန်းတွေနဲ့ စတင်ပြီးAveryရဲ့ အကြောက်တရားကို ထိန်းချုပ်စမ်းသပ်ပါတော့တယ်။လက်တွေ့ဆန်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အပြောင်းအလဲကြောင့်လက်တွေ့ဆန်မှုကနေ ရူးသွပ်မှုအဖြစ်အသွင်ပြောင်းလာတဲ့နောက်မှာတော့ဘာတွေ ...
movie

True Fiction (2019)