Channel Myanmar

Sara Giraudeau

Eloïse’s Journey (2022) 6.0
Eloïse’s Journey (2022)   ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အ‌ကြောင်းလေးပါ။ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေ‌ကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yurnero 
movie

Eloïse’s Journey (2022)

Bloody Milk(2017) 7.0
Bloody Milk(2017) ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie

Bloody Milk(2017)

The Translators (2019) 6.3
The Translators (2019) ဒီဇာတ်ကားက ကျူးဘားနိုင်ငံရဲ့၁၉၉၀ ဝန်းကျင်ကဖြစ်ရပ်မှန်တခုကိုအခြေခံရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်မာလင်ဟာ ရုရှားစာပေကိုသင်ကြားနေတဲ့ ပါ‌မောက္ခတဦးဖြစ်ပီး သူ့မိန်းမ အိုက်ဆိုနာကတော့ပန်းချီပြခန်းဖွင့်ကြိုးစားနေတဲ့သူပါသူတို့မှာ ဟာဗီလို့ခေါ်တဲ့သားတယောက်ရှိပါတယ် ထူးခြားတာက အဲ့ဒီဟာဗီကိုယ်တိုင် ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်၁၉၉၀ ဝန်းကျင်မှာ ဆိုဗီယက်ပြည်ထောင်စုကဒုက္ခသည်တွေကိုဆေးကုပေးဖို့ ကျူးဘားကို ပို့လိုက်ပါတယ် အဲ့ဒီမှာအခြေအနေအရ ကျူးဘားကတက္ကသိုလ်တွေပါပိတ်လိုက်ရပီးမာလင်အပါအဝင်ရုရှားစာပေပါမောက္ခတွေဟာ ဆေးရုံမှာဆိုဗီယက်ဒုက္ခသည်တွေအတွက်စကားပြန်လုပ်ပေးရပါတယ် မာလင်ကတော့ကလေးတွေအတွက် စကားပြန်လုပ်ပေးရပါတယ် မာလင်က အစပိုင်းမှာတော့ မပျော်ဘဲတဖြည်းဖြည်း ရောဂါဖြစ်နေတဲ့ကလေးတွေနဲ့အတူ‌ပျော်ရွှင်စရာ‌ တွေလုပ်ပေးကြိုးစားနေရင်းကနေ ပျော်ရွှင်လာပါတယ် တဖက်မှာတော့မိသားစုကို ပြန်မကြည့်တော့ပါဘူးအဲ့ဒီကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်ကားက ဒရမ်မာအမျိုးအစားဖြစ်ပီးတော့IMDb 7/10 နဲ့ Rotten Tomatoes 67% ရထားပါတယ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ထားတာမလို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါNomination 13ခု ဝင်ထားပီး5ခု Winnerရထားတဲ့ဇာတ်ကားဖြစ်ပီးဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့ Lampard ဖြစ်ပါတယ်Thit San Khan မှ တင်ဆက်ပေးထားပါတယ်
movie

The Translators (2019)