Channel Myanmar

Sara Minami

To Be Killed by a High School Girl (2022) 5.5
To Be Killed by a High School Girl (2022) To be killed by a High School Girl (2022)ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။ သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။ သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက ...
movie

To Be Killed by a High School Girl (2022)

2022
Ride or Die (2021) 5.6
Ride or Die (2021) Ride or Die (2021)IMDb - 5.6/10 Indie Wire - 3.5/5 Rotten Tomatoes - 69%ဇာတ်လမ်းရဲ့အစမှာတော့ ReiNagaswa က Nanae Tsujimuraရဲ့အမျိုးသားကိုခန္ဓာကိုယ်ရင်းကာ လှည့်စားပြီးလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် Rei Nagasawa နဲ့ Nanae Tsujimura တို့ကမတွေ့တော့ဘဲ အဆက်အသွယ်ဖြတ်ထားတာ ၁၀နှစ်လောက်ရှိပါပြီ တနေ့မှာ‌Nanae Tsujimura ကသူ့ရဲ့အဆက်ဟောင်းလေးဖြစ်တဲ့ Nagasawa ကိုပြန်လည်‌ဆက်သွယ်တွေ့ဆုံခဲ့ပါတယ် ဒါပေမဲ့သူတို့တွေရဲ့ ပတ်သက်ဆက်ဆံမှုကအထက်တန်းကျောင်းသားဘဝက သာယာလွမ်းမောဖွယ်စတင်ခဲ့ပေမဲ့ ထင်သလိုမျိုး လိင်တူချစ်သူရည်းစားတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ငယ်သံယောဇဉ်တွေ ရှိတဲ့အပြင် ဘယ်လိုအကြောင်းရင်းအကြောင်းခံတွေ ဘဝနောက်ခံတွေရှိခဲ့သလဲဆိုတာ သူတို့နှစ်ယောက်ဘာလို့လမ်းခွဲခဲ့ကြသလဲ Rei က Tsujimura ရဲ့ယောက်ျားကိုဘာလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ဒီဇာတ်ကားမှာတော့ Lesbianတစ်ယောက်ရဲ့ သူ့ချစ်ရသူ‌အပေါ် စွန့်လွှတ်အနစ်နာခံမှုတွေ ပေးဆပ်မှုတွေကိုရိုက်ပြပြီး romanticဆန်ချက်ကတော့ straight တွေတောင်အရှုံးပေးရလောက်မဲ့ အချစ်စစ်မျိုးပါ Reiတို့ လူသတ်မှုကိုကျူးလွန်ပြီးထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား.... ထို့အပြင်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ cameraကို 360°ရိုက်ပြတဲ့ sceneတွေ ကိုယ်ကိုယ်တိုင်နောက်ကနေလိုက်ပြီး stalkingလုပ်ရသလိုမျိုး ခံစားရမဲ့ sceneတွေ ပါဝင်တာကြောင့် စကားနဲ့ထုတ်မပြောဘဲ မျက်လုံးတွေကနေ ခံစားချက်တွေကိုဖော်ထုတ်ပြသတာတွေကြောင့် တမူထူးခြားတဲ့ရသကို ခံစား‌ရစေမှာပါ ဒါကြောင့် Japanese ...
movie

Ride or Die (2021)

2021
Zokki (2021) 6.5
Zokki (2021) ဂျပန်ရဲ့ အရည်အချင်းရှိတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ဒါရိုက်တာ ၃ယောက် ပူးပေါင်းပြီးတော့ ရိုက်ကူးထားပြီး imdb 6.5/10ရရှိထားတဲ့ ဟာသ ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။main leadတွေအများကြီးနဲ့ ဝေဝေဆာဆာရိုက်ကူးထားတာပါ။Manga artistဖြစ်တဲ့ Hiroyuki Ohashiရဲ့ မန်ဂစီးရီးထဲက ဇာတ်လမ်းတိုတွေကိုစုစည်းပြီး ရိုက်ကူးထားတဲ့ Comedyရုပ်ရှင်ကားဖြစ်ပါတယ်။ ဟာသတွေ ဇာတ်ဝင်ခန်းတွေက ဂျပန်စတိုင်ဆန်လွန်းတယ်လို့ ပြောကြတာမို့ ဂျပန်cultureကို နှစ်သက်ရင်းနှီးပြီးသားသူတွေကတော​့ ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။ပထမဆုံးဇာတ်လမ်းမှာတော့ စက်ဘီးတစ်စီးနဲ့ ခြေဦးတည်ရာသွားနေတဲ့ ဖူဂျီမူရာရဲ့အကြောင်းပါ။ သူ့မှာစက်ဘီးရယ် လွယ်အိတ်တစ်အိတ်ရယ် Porn magazineတစ်စောင်ရယ်ပဲပါပါတယ်။ စက်ဘီးစီးထွက်လာရင်းနဲ့ ငါးဖမ်းသမားအဖိုးကြီးနဲ့ဆုံပြီး အဖိုးကြီးရဲ့မွေးနေ့မှာ ဝင်စားသောက်ဖြစ်တဲ့အကြောင်းပါ။ နောက်တစ်ယောက်ကတော့ ပေါင်းစရာညိုကီမရှိတဲ့ ကြောင်တောင်တောင် ကျောင်းသား "မခိတ"ပါ။ အထက်တန်းကျောင်းမှာတော့ "ဘန်"ဆိုတဲ့ သူနဲ့ဘဝတူသူငယ်ချင်းတစ်ယောက်ရလာခဲ့ပေမဲ့ "ဘန်"က မခိတရဲ့အစ်မကို စွဲစွဲလမ်းလမ်းကြိုက်နေတဲ့သူပါ။ အစ်မကိုတွေ့ချင်စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး မခိတအစ်မရဲ့အတွင်းခံဘောင်းဘီကို ယန်း၅သောင်းပေးပြီး ဝယ်တဲ့လူပါ။ နောက်ဇာတ်လမ်းကတော့ သားအဖနှစ်ယောက်အကြောင်းပါ။ အဖေဖြစ်သူက လက်ဝှေ့ဝါသနာပါပေမဲ့ ပိုက်ဆံမရှိတော့ ...
movie

Zokki (2021)

To Be Killed by a High School Girl (2022)
To Be Killed by a High School Girl (2022) To be killed by a high school girl (2022)Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။)ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ...
movie

To Be Killed by a High School Girl (2022)

2022
The Sun Does not Move (2021) 5.2
The Sun Does not Move (2021) The Sun Does not Move (2021)ဒီတစ်ခါတော့ ကြည့်ရခဲတဲ့ ဂျပန် သိပ္ပံအက်ရှင်ကား ပါ။ကြည့်ရခဲသလို အတွဲအစပ်ကလည်း ထူးခြားပါတယ်။Death Note ဇာတ်ကားတွေထဲက Kira လို့ အများသိထားကြတဲ့ မင်းသားကြီး Tatsuya Fujiwar နဲ့ My Teacher, My Love ထဲက မင်းသားချောလေး Ryoma Takeuchi တို့က ခေါင်းဆောင် မင်သားအနေနဲ့ ပါဝင်ထားပြီးတော့ မင်းသမီးကတော့ W :Two Worlds က မင်းသမီးချော Han Hyo Joo ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီအတွင်း ပေါက်ကွဲပြီး သေစေနိုင်တဲ့ Chip အပြားလေးတွေကို ထည့်ထားရတဲ့ AN ဆက်သွယ်ရေးဆိုတဲ့ သတင်းအရောင်းအဝယ်လုပ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူလျှိုတွေဖြစ်တဲ့ Takano နဲ့ Taoka တို့နှစ်ယောက်ဟာ တိုးတက်လာတဲ့ နေစွမ်းအင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကိုယ်ကျိုးစီးပွားအတွက်လိုချင်နေကြတဲ့ နိုင်ငံပေါင်းစုံက အတော်ဆုံးသူလျှိုတွေနဲ့ အားပြိုင်ပြီး ဘယ်လိုရအောင်ယူမလဲဆိုတာကို ကြည့်ရှူရမှာ ဖြစ်ပါတယ်။ဘာသာပြန် ...
movie

The Sun Does not Move (2021)

2021