Channel Myanmar

Sarah Alexandra Marks

Minacious (2022)
Minacious (2022)  ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle ...
movie

Minacious (2022)

The Ghost Within (2023)
The Ghost Within (2023)  မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့်အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေးဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာအပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီး ငယ်ဘဝကမှတ်ဉာဏ်တွေကပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင်နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်ကနေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာ ယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူကသူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ ပိုက်ဆံတွေကိုပဲစိတ်ရောက်နေပါတော့တယ်။အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့ အိမ်မှာတစ်ယောက်တည်းကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့သူ့ညီမက သူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီးအဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီး အစ်မဖြစ်သူကိုဘာတွေပြောဖို့ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။  File size…836MB / 347MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 43m Genre …..  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Ghost Within (2023)

The Killing Tree / Demonic Christmas Tree (2022)
The Killing Tree / Demonic Christmas Tree (2022) Christmas လည်းရောက်ခါနီးပြီဆိုတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Christmas Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဥ်း Christmas ရဲ့ထုံးတမ်းစဥ်လာတွေနဲ့ ပတ်သက်ပြီး တစ်ဖက်စွန်းရောက်နေတဲ့ psycho လင်မယား၂ယောက်ရှိပါတယ်.. ဒါပေမယ့် တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် ယောက်ျားဖြစ်သူ သေဒဏ်ပေးခံလိုက်ရပါတယ်.. ဒါကြောင့် Christmas Eve ညမှာ အပယ်ခံမုဆိုးမဟာ ရှေးဟောင်းမန္တာန်တစ်ခုနဲ့ သူ့ယောက်ျားကို ပြန်အသက်သွင်းပါတော့တယ်.. ဒါပေမယ့် မန္တာန်မှားပြီး သူ့ယောက်ျားရဲ့ ဝိညာဥ်ဟာ Christmas သစ်ပင်ကြီးထဲကို ဝင်သွားတဲ့အခါမှာတော့.... Christmas သစ်ပင်ခန္ဓာကိုယ်နဲ့ သူ့ကိုသေဒဏ်ကျအောင် လုပ်တဲ့သူတွေကို ဘယ်လို လိုက်ရှာသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး..File size…(1.35GB)  / (635.18MB) / (277.01MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre... Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal
movie

The Killing Tree / Demonic Christmas Tree (2022)

Help (2022)
Help (2022) Help (2022)ရည်းစားနဲ့ လမ်းခွဲပြီးနောက် ဂရေ့စ်တစ်ယောက် သူမရဲ့ သူငယ်ချင်း လစ်ဗ်နဲ့ ရည်စားဖြစ်သူ အက်ဒ်.. ပြီးတော့ သူတို့ရဲ့ခွေးလေး ပိုလီတို့ နေထိုင်ရာ မြိုစွန်ကအိမ်လေးဆီကို အလည်ရောက်လာခဲ့တယ်။ သုံးဦးသားပိတ်ရက်ကလေးမှာ အဆင်ပြေနေကြရင်း မကြာခင်မှာဘဲ အရှုပ်အထွေးတွေစဖြစ်လာပါတော့တယ်။သူတို့ရဲ့ ကြားကလျှို့ဝှက်ချက်ဘာလဲ... သူငယ်ချင်းနှစ်ဦးရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေဖြစ်လာမှာလဲ... ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း ကြည့်ရှုသူကိုယ်တိုင် လိုက်ပါအဖြေရှာနေစေမယ့် Drama,Mystery,Thriller အမျိုးအစားလေးဖြစ်ပါတယ်။ဒီသည်းထိတ်ရင်ဖိုကားက မိသားစုနဲ့ ကြည့်ရင် ပိုပြီး သည်းထိတ်ရင်ဖိုနေရမှာမို့ မိသားစုနဲ့ အတူတူ မကြည့်ဖို့ ပြောလိုက်ပါရစေ။ဆုပေါင်း ၇ ဆုနဲ့ တစ်ကြိုစာရင်း ၄ ကြိမ် ဝင်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဘာသာပြန် နဲ့ အညွှန်းကတော့ Zaw Myo Thu ပဲ ဖြစ်ပါတယ်။Genre.....Drama, Mystery, Thriller Quality….WEB-DL 1080p and 720pand 360p File size…1.34GB, &87MB, 221MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Zaw Myo Thu Encoder ..... ...
movie

Help (2022)