Channel Myanmar

Sarah Gadon

Seagrass (2023) 6.0
Seagrass (2023)  ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြ‌ပေးထားတာပါ။အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေ‌ရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(985 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Seagrass (2023)

Ferrari (2023) 6.8
Ferrari (2023) Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie

Ferrari (2023)

2023
4K HEVC
Dracula Untold (2014) 6.3
Dracula Untold (2014) Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie

Dracula Untold (2014)

2014
4K HEVC
Dream House (2011) 6.0
Dream House (2011)  ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်‌ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်‌ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie

Dream House (2011)

Corner Office (2022) 6.0
Corner Office (2022)  ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင်တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Officeဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်းလွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကိုသုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေလုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေအားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီးမတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းသူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာသူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကိုစွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုStorytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Corner Office (2022)

Cosmopolis (2012) 5.1
Cosmopolis (2012)  IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / ...
movie

Cosmopolis (2012)

Antiviral (2012) 5.4
Antiviral (2012) (IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလို‌လိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်‌ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်‌ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ...
movie

Antiviral (2012)

Belle (2013) 7.3
Belle (2013) Belle (2013)~ IMDb - 7.3/10, RT - 85%, Meta - 64% ~အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ ...
movie

Belle (2013)

2013
The Amazing Spider-Man 2 (2014) 6.7
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie

The Amazing Spider-Man 2 (2014)

2014
4K HEVC
Enemy(2013) 6.9
Enemy(2013) Enemy(2013) ရုပ်ရှင်အညွှန်းတစ်ခါတစ်လေ ကျရင် ကိုယ့်ဘဝရဲ့ ရန်သူဆိုတာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်ဒီရုပ်ရှင်ကတော့ အချုပ်အနှောင်ကို မကြိုက်တဲ့ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းအပေါ် မှာပဲသစ္စာရှိရမှာ ကြောက်နေပြီး အဲ့လို ဘဝမျိုးမှာ လက်တွေ့ရှင်သန်နေထိုင်နေရတဲ့ အတွက် စိတ္တဇဝေဒနာ ကိုခံစားနေရတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါရုပ်ရှင်ရဲ့ အဓိကက မင်းသားရဲ့ စိတ်ရောဂါ အကြောင်းကို လုံးဝ ပရိတ်သတ်တွေ နှစ်ခါပြန်ကြည့်ပြီးစဥ်းစားရလောက်မယ့် ပုံစံမျိုးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ပထမတစ်ခေါက်ကြည့်ပြီးရင်တော့ wtf? ဘာကြီးလဲ လို့ တွေးမိသွားနိုင်ပေမယ့်ရုပ်ရှင် တစ်ခုရဲ့ symbolism,metaphors တွေကို စိတ်ဝင်စား နားလည်တဲ့ သူတွေအတွက်ကတော့ဒီရုပ်ရှင် ပဟေဠိ တစ်ခုလိုပါပဲ အဖြေကို သေချာ နားလည်သွားတဲ့ အခါကျရင်တော့ တကယ့် masterpiece တစ်ခုလို့ ခံစားရမှာ အသေအချာပါပဲမင်းသားကတော့ ကျွန်တော့်အနေနဲ့ nightcrawler,spiderman-far from home တို့မှာ တွေ့ခဲ့ရတဲ့ မင်းသား​ကြီးjake ...
movie

Enemy(2013)

2013
Black Bear 2020 6.8
Black Bear 2020 IMDb 6.8 CM ပရိသတ်ကြီး home stay ကာလ အားအားယားယားမှာ ဦး‌နှောက်ခြောက်လို့ကောင်းဦးမယ့် IMDb 6.8 တောင် ကရှိထားတဲ့ mind bending movie လေးတစ်ပုဒ်လာပါပြီ ဇာတ်ကားနာမည် Black Bear လို့ မြင်လိုက်ပြီး ၀က်ဝံကြီးတစ်ကောင်က လူတွေလိုက်တတ်တဲ့ကားလို့ ထင်သွားရင်တော့ မှားမယ်နော် တကယ်တော့ CM ပရိသတ်ကို ဦးနှောက်ပျက်စေမယ့် ကားပါ။ ဇာတ်လမ်းတစ်လျှောက်လုံး ကြည့်ကောင်းနေပေမယ့် အဆုံးသတ်မှာ ဘယ်လိုကောက်ချက်ချရမလဲ မသိတော့အောင် လှည့်သွားမယ့် Black Bear ပါနော် Mind bending movie ဖြစ်တဲ့အတွက် r eview မှာ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြလိုက်ရင် ပျင်းဖို့ကောင်းသွားပါလိမ့်မယ် December 4 ရက်နေ့ကမှ ထွက်ရှိထားတဲ့ ဇာတ်လမ်းမို့ YouTube တို့ဘာတို့မှာလည်း movie reviewer တွေ ပူပူနွေးနွေး အကျပ်ရိုက်နေကြဆဲပါ ဒီတော့ CM ပရိသတ်ကြီးလည်း အကျပ်ရိုက်ချင်မယ်လို့ မျှော်လင့်ရင်း ..... File size…(1 GB) and (700 Mb) Quality….Webrip 1080p and 720p Format…Mp4 Duration….01:45:00 Subtitle….Myanmar Subtitle ...
movie

Black Bear 2020

Vampires vs. the Bronx 2020 5.1
Vampires vs. the Bronx 2020 Netflix မှာ မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ ဇာတ်လမ်းလေးကတော့ Lil Mayor ,Bobby နဲ့ Luis တို့က တစ်ရပ်ကွက်တည်းသား အချစ်ဆုံးသူငယ်ချင်းသုံးယောက်ပါ Lil Mayor က သူ့ရဲ့ ရပ်ကွက်လုံခြုံရေးကို အရမ်းအရေးထားတဲ့ကလေးတစ်ယောက်ပါ ဒါပေမဲ့ သူတို့ရဲ့ မြို့ကို သွေးစုပ်ဖုတ်ကောင် အဖွဲ့တစ်ဖွဲ့က နယ်မြေသစ်အဖြစ် နေရာလုပ်ဖို့ မျက်စိကျပြီး မြို့ပေါ်ကဆိုင်တွေအိမ်တွေကို တစ်ခုပြီးတစ်ခု လိုက်၀ယ်သလိုနဲ့ အားလုံးကို သွေးစုပ်သတ်ပြီးလုယူ‌နေကြတာပါ ညတစ်ညမှာတော့ Lil Mayor တစ်ယောက် သွေးစုပ်ဖုတ်ကောင်တစ်ကောင်က သူ့ကိုအနိုင်ကျင့်နေကြ လူ Slim ကို သွေးစုပ်သတ်နေတာကို အမှတ်မထင်တွေ့လိုက်ရပြီး သူငယ်ချင်းတွေနဲ့ စုကာ ရပ်ကွက်ကို ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ် ကလေးသုံးယောက်ရဲ့ရပ်ကွက်အတွက်ကြိုးပမ်း စွန့်စားခန်းထုတ်ပုံတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ...... ဇာတ်ကားကို Jaden Michael , Gerald W. ...
movie

Vampires vs. the Bronx 2020

American Woman (2018) 6.8
American Woman (2018) American Woman (2018) IMDb - 6.8/10_____Rotten - 88%    မိသားစုဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မိန်းကလေးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ အသက်ဆယ့်ခြောက်နှစ်နဲ့ကိုယ်ဝန်ရခဲ့ပြီး သမီးလေးတစ်ယောက်မွေးထားပေမယ့် အဲဒီသမီးကလည်းငယ်ငယ်နဲ့ကလေးတစ်ယောက်ရလာတော့ မြေးကိုပါထိန်းနေရတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ရဲ့ဘဝအခြေအနေတွေ နေထိုင်မှုပုံစံတွေကိုသေသေချာချာရိုက်ပြထားတာပါ တစ်ရက်သူ့သမီးကကောင်လေးနဲ့ညစာထွက်စားပြီးပျောက်သွားတဲ့အခါမှာတော့ သူ့သမီးကိုလည်းရှာရ မြေးကိုလည်းထိန်းရ ဒီကြားထဲသူ့ရဲ့ပင်ကိုယ်စရိုက်အရယောကျာၤးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့တွဲ တွဲသမျှယောကျာၤးတိုင်းရဲ့အနိုင်ကျင့်တာခံလိုက်ရ ထားသွားတာခံလိုက်ရနဲ့သူ့ရဲ့ဘဝကိုလက်လွှတ်အရှုံးပေးချင်ပေမယ့်လည်း သူ့သမီးကိုရှာတာကလည်းလက်မလျော့ မြေးကိုလည်းမထားခဲ့နိုင်နဲ့ နောက်ဆုံးသူ့ရဲ့မျှော်လင့်ချက်သမီးသတင်းကိုကြားရတဲ့အချိန်မှာ သတင်းကောင်းဖြစ်မလား သတင်းဆိုးဖြစ်မလား သူ့ဘဝကိုရော သူဒီအတိုင်းဆက်သွားပြီနေမလား ဘာတွေဘယ်လိုသူဆက်လုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ   File Size : (1 GB) Quality :  WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Phue Encoded by Moe Myint Lwin  
movie

American Woman (2018)

2018
The 9th Life of Louis Drax (2016) 6.3
The 9th Life of Louis Drax (2016)  2016 ခုနှစ်ထွက်ထားတဲ့ psycho ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက စိတ်ရဲ့ ဆန်းကြယ်မူ စိတ်ပညာရဲ့ မယုံနိုင်စရာ ထူးခြားမူတွေကိုပုံဖော် ရိုက်ကူး ပြထားတာပါ psychologist နာမည်ကြီးစာရေးဆရာ The Rapture ရဲ့ အရောင်းကောင်းဆုံး ၀တ္ထု Mail On Sunday ကို အသက်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ စိတ်ပညာရှင်တယောက် သူဟာ ရုပ်နာမ်လွင့်တာကို စမ်းသပ်ချင်ဖို့ စိတ်အားထက်သန်နေတဲ့သူ တစ်နေ့မှာ သူ့ ဆန္ဒတွေ ပြည့်ဝဖို့အကြောင်းဖန်လာပြီး စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေးတစ်ယောက်နဲ့ ဆုံမိတဲ့အခါမှာတော့ ရုပ်နာမ် လွင့်တာကို စမ်းသပ်ရင်း တကယ့် အတုအယောင်နာမ်လောကကြီးထဲက နေ ကောင်လေး ပြန်လွတ်မြောက်လာ နိုင်မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - 720p BlurayDuration - 1hr 45minGern - Thrill / MysteryEncoder - Kyaw Ye Aung
movie


2016