Channel Myanmar

Sarah-Jane Potts

Kinky Boots (2005) 7.1
Kinky Boots (2005) Kinky Boots (2005)IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲအလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာသတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီးဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲအလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။  တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်းဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size…    1.3 GB /  781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie

Kinky Boots (2005)

Vengeance Is Mine (2021) 6.1
Vengeance Is Mine (2021) Vengeance Is Mine (2021)~ IMDb - 6.1/10, Rotten Tomatoes - 71% ~အသက်တမျှချစ်ရတဲ့ ဇနီးနဲ့သမီးကို ဆုံးရှုံးလိုက်ရတဲ့ ဟာရီဆိုတဲ့ သာမန်လူတစ်ယောက်...ဖိုက်တာကြီးတစ်ယောက်မဟုတ်သလို ဟီးရိုးကြီးတစ်ယောက်လည်းမဟုတ်တဲ့ အပစ်အခတ် အသတ်အပုတ်တွေနဲ့ အဝေးဆုံးက သာမန်တွေထဲက သာမန်သူတစ်ယောက်...အုံ့မှိုင်းမှိုင်းနေ့ရက်တွေထဲ လူ့အဖွဲ့အစည်းရဲ့ ဟိုးအောက်ခြေက ဘုရားကျောင်းသန့်ရှင်းရေးလုပ်တဲ့ သာမန်လူတစ်ယောက်…ဒါပေမဲ့ ဇနီးနဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားတွေရဲ့နေရာကို သိသွား​ပြီးနောက်မှာတော့ လက်စားချေလိုစိတ်ကမောင်းနှင်တဲ့ ခွန်အားနဲ့ ပူဆွေးမှုကနိုးထပြီး ဒီဇာတ်လမ်းကို စ,ခဲ့ပါတော့တယ်။ တစ်ခုသိထားရမှာကတော့ ဟာရီဟာ သာမန်သူတစ်ယောက်ဆိုတာပါပဲ။ ကြွက်သားကြီးတွေထုတ်ပြပြီး ရိုးအီနေတဲ့ စကားမျိုးတွေ ပြောမှာမဟုတ်သလို တစ်ပတ်လည်ကန်ချက်တွေလည်းလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါကြောင့်ပဲ လူသားဆန်တဲ့ဇာတ်ကောင်တစ်ခုကို ခံစားရစေမှာပါ။ဒီဇာတ်ကားရဲ့ ဒါရိုက်တာက သူ့ရဲ့အဓိကရုပ်ရှင်ပရောဂျက် (ဒီဇာတ်လမ်းထဲမှာလည်း စာအုပ်နာမည်ပါသွား) မစခင်လေးမှာ ဒီကားကို ရိုက်ကူးရေးအဖွဲ့သားနည်းနည်းရယ် ပေါ့ပေါ့ပါးပါး Lighting လောက်ပဲသုံးပြီး စကားပြောခန်း နည်းနိုင်သမျှနည်းအောင် ရိုက်ကူးခဲ့တာပါ။ ...
movie

Vengeance Is Mine (2021)

2021
Prancer: A Christmas Tale (2022)
Prancer: A Christmas Tale (2022) ကဲ ဒီဇင်ဘာလည်း ရောက်ခါနီးပြီဆိုတော့ UNIVERSAL ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မြေးအဘိုး၂ယောက် ထူးဆန်းတဲ့ဒရယ်တစ်ကောင်နဲ့ တွေ့ပြီး တိုင်ပတ်ကြတဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါ ဒါရိုက်တာကတော့ Star Wars: Originsရဲ့ စာရေးဆရာနဲ့ ဒါရိုက်တာဖြစ်သူ Phil Hawkins ဖြစ်ပြီး To Oliviaထဲက Olivia အဖြစ်သရုပ်ဆောင်ထားတဲ့ Darcey Ewartက မြေးမလေးအဖြစ် ပါဝင်ထားပါတယ် ဒီဇာတ်ကားကို ရိုမေးနီးယားနိုင်ငံမှာ သွားရောက်ရိုက်ကူးထားပြီး ဖွေးဆွတ်နေတဲ့ နှင်းတောကြီးတွေ ထင်းရှူးတောအုပ်ကြီးတွေနဲ့ Christmas Vibe ကို အပြည့်အဝခံစားရမှာဖြစ်လို့ အချိန်ပေးရကျိုးနပ်စေမှာပါဇာတ်လမ်းအကျဥ်း၁၀နှစ်အရွယ် မြေးမလေး ဂလိုရီယာနဲ့ မုဆိုးဖိုဖြစ်ထားတာမကြာသေးတဲ့ ဘတ်ထ်တို့ မြေးအဘိုး၂ယောက် ခရစ္စမတ်မှာဆုံကြရင်း ထူးဆန်းတဲ့ ဒရယ်တစ်ကောင်နဲ့ တွေ့ခဲ့ကြတယ် အဘိုးဖြစ်သူ ဘတ်ထ်က ဒရယ်ကို မှော်ဝင်ဒရယ်လို့ ယုံနေပြီး ဂလိုရီယာကတော့ ...
movie

Prancer: A Christmas Tale (2022)