Channel Myanmar

Sarah Strange

Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

Stargate: The Ark of Truth (2008) 7.2
Stargate: The Ark of Truth (2008)  ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇က​နေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်က အ​တော်​လေးကျယ်ပြန့်သလို IMDb 7.2နဲ့RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။SG-1ဆိုတာ ကမ္ဘာ​​မြေရဲ့ အာကာသရန် ကာကွယ်​ရေးတပ်ဖွဲ့ဖြစ်ပြီးသူတို့ရဲ့ အဓိကရန်သူ​တွေက​တော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ​ဂြိုဟ်နဲ့ တခြားဂြိုဟ်​တွေကိုSupergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ဇာတ်လမ်းအစမှာ​တော့ SG-1အဖွဲ့​တွေဟာ အာ့ခ်လို့​ခေါ်တဲ့ ပစ္စည်းတစ်ခုကို ရှာပုံ​​တော် ဖွင့်​နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်​တွေရဲ့အစွမ်း​တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ဒါ​ကြောင့်လည်း အော်ရိုင်​တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့​နောက်လိုက်တိုမင် ​ခေါင်း​ဆောင်တဲ့ စစ်တပ်ကို​စေလွှတ်ရင်း နှစ်ဖွဲ့ထိပ်တိုက်​တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်​တွေကြား တိုက်ပွဲ​တွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , ...
movie

Stargate: The Ark of Truth (2008)

White Noise (2005) 5.5
White Noise (2005)  ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

White Noise (2005)