Channel Myanmar

Sarah Voigt

A Job to Die For (2022)
A Job to Die For (2022)  ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖို thriller အမျိုးအစားဖြစ်ပါတယ်ဆေဒီဆိုတဲ့ကောင်မလေးဟာ ကျောင်းသားချေးငွေပြန်ဆပ်ဖို့အတွက်အလုပ်ရှာနေတာပါ ဒါပေမယ့်လူငယ်တွေကြုံရတဲ့ပြဿနာအတိုင်း ကျောင်းပြီးစအတွေ့အကြုံမရှိတော့ဘယ်သူကမှမခန့်ချင် ဘယ်သူမှမခန့်တော့ အတွေ့အကြုံကမရှိနဲ့ သံသရာလည်နေရော ဒီလိုနဲ့တစ်နေ့မှာသူသဘောကျရတဲ့ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ရဲ့ကုမ္ပဏီမှာ လစာအပြင် တခြားအကျိုးခံစားခွင့်မျိုးပါပေးတဲ့လက်ထောက် အလုပ်ရခဲ့ပါတယ်ဒါပေမယ့်ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးမရှိပါဘူး ဒီကုမ္ပဏီရဲ့သူဌေးမနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေတာကို ဆေဒီတစ်ဖြည်းဖြည်းနဲ့သိလာရပါတယ် သူဌေးမကဘာလို့လက်ထောက်တွေခဏခဏပြောင်းနေတာလဲ သူ့အရင်လက်ထောက်တွေကရောဘာလို့ပျောက်သွားတာလဲ သူ့ကိုအလုပ်ထွက်ဖို့ခြိမ်း​ခြောက်စာတွေကရော ဘယ်သူပို့နေတာလဲ ဘာလို့ပို့နေတာလဲ... File size…(1.4 GB)/(707 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

A Job to Die For (2022)

If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie

If You Were the Last (2023)

2023
We Have a Ghost (2023) 6.1
We Have a Ghost (2023) We have a Ghostကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့ … ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ...သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်...ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် …တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်...စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် …ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ် ...
movie

We Have a Ghost (2023)