Channel Myanmar

Sarah Wateridge

{18+}Where the Truth Lies (2005) 6.4
{18+}Where the Truth Lies (2005) IMDb Rating/(6.4)ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်‌တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်)(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe
movie

{18+}Where the Truth Lies (2005)