Channel Myanmar

Sasha Compère

Uncorked (2020) 6.1
Uncorked (2020) အခုခေတ်လူငယ်တွေရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းလေးပါပဲ။လူငယ်တစ်ယောက်ရဲ့ ကိုယ်ဝါသနာပါရာကိုလုပ်ဆောင်လိုစိတ် ပြင်းပြမှုကို မြင်တွေ့ရမယ်။လူငယ်တွေဆိုတာ ကိုယ်အားသာရာကို သိရဖို့ အရာရာကို စမ်းကြည့်တတ်ကြတာပါပဲ။တစ်ချို့ကတော့ လမ်းပျောက်နေကြတာလို့ ပြောကြတယ်။အဲ့ဒီလူငယ်တွေထဲမှာ Elijahလည်း အပါအဝင်ပဲပေါ့။Elijah ရဲ့အဖေက မိသားစုအမွေ စားသောက်ဆိုင်ကို ဦးစီးတဲ့သူဖြစ်တယ်။သူက Elijah ဆီ စားသောက်ဆိုင်ကို လက်လွှဲပေးချင်တာပေါ့။Elijah မြတ်နိုးမိသွားတာကတော့ ဝိုင်ကျွမ်းကျင်မှု ပညာရပ်။သူုဖြစ်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမလဲ။အားပေးမှုတွေရသလို နားလည်မှုအလွဲတွေနဲ့ အခက်အခဲတွေလည်း ရှိလာမယ်။လူငယ့်စိတ်သဘောအရ စိတ်အပြောင်းအလဲတွေ မချင့်မရဲဖြစ်တာတွေလည်း ရှိဦးမှာ။ဒီဇာတ်လမ်းမှာ သားအဖနှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း လှလှလေးဖော်ပြထားတယ်။နောက်ပြီး ဝိုင်လောကကို အခြေတည်ထားတဲ့ ရုပ်ရှင်ဆိုတော့ဝိုင်ဝါသနာအိုးတွေအတွက် သဘောကျစရာပါ။IDMB 6.4 ရထားပြီး Drama အမျိုးအစားဖြစ်ပါတယ်။ File Size : ( 1 GB , 418 MB) Quality : WEBRip 720p Running Time : ...
movie

Uncorked (2020)

Ad Astra (2019) 7.0
Ad Astra (2019) unicodeဘရက်ပစ်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်လာပါပြီ။ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကိုယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာစခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာအသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကိုသဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကိုရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။File Size : ( 1 GB , 437 MB )Quality :  WebRip 720pRunning Time : 2 ...
movie

Ad Astra (2019)

2019