Channel Myanmar

Sathya Sridharan

World’s Best (2023) 5.4
World’s Best (2023) World's Best (2023) ===============ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ် ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့က ကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသ လို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲ လားတော့ မဟုတ်ဘူးပေါ့။  အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံ ပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှား သင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ ပရမ်ပါ။သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့ အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ် လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းက မိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့် ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။ အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွား ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ အဖေရဲ့ မှတ်စုစာအုပ်လေးကို ...
movie

World’s Best (2023)

2023
The Whale (2022) 7.9
The Whale (2022) The Whale (2022)~ IMDb - 7.9/10, RT - 65%, Meta - 60% ~Directed By "Darren Aronofsky"ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး"ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ...
movie

The Whale (2022)

2022