Channel Myanmar

Satya Prakash

Bhari Taraganam (2023) 7.5
Bhari Taraganam (2023) Bhari Taraganam (2023) "လောကဇာတ်ခုံ" IMDb - 7.5/10ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.23GB / 1.03GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhari Taraganam (2023)

2023
Suvarna Sundari (2023) 7.8
Suvarna Sundari (2023) Suvarna Sundari 2023 "မရဏရုပ်တု" IMDb - 7.9/10လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကပေါ့ ကာလာကယ်တိုင်းပြည်ကို အုပ်စိုးရတဲ့ ရာဂျာမဟာဒေ့ဗ်ရတ်ဒီဘုရင်ဟာ သူ့ဆရာရဲ့အမိန့်အရ တိုင်းပြည်သာယာဝပြောပြီး နတ်ဆိုးတို့ရန်ကနေ ကာကွယ်နိုင်အောင် လှပတဲ့နတ်ဘုရားမှ ထရီနထရီရုပ်တုကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီကိုးကွယ်ခဲ့တဲ့ ရုပ်တုက မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူပြီး သွေးဆာနေတဲ့ရုပ်တုဖြစ်နေခဲ့ပါတယ်။ဒီရုပ်တုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူမှန်သမျှဟာ အသေဆိုးနဲ့ သေရတာကြည့်ပါပဲ။ ဒီလိုနဲ့ ဒီရုပ်တုကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျက်စီးလို့မရနိုင်ဖြစ်ပြီး ခေတ်တွေအလီလီပြောင်းလာခဲ့ပါတော့တယ်။ဒီလိုရုပ်တုမျိုးကိုမှ ကံကောင်းတယ်ဆိုပြီးတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးသမားတွေက ငွေကို ကုဋေနဲ့ချီပြီး လိုက်ဝယ်နေရာကနေ ဘယ်သူတွေက ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ ....... ဒီရုပ်တုကြောင့်နဲ့ ဘယ်သူတွေက ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~V~ToMo~Yunni
movie

Suvarna Sundari (2023)

2023
Masooda (2022) 7.8
Masooda (2022) Masooda ( 2022 ) IMDb 7.8/10အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်...။ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်...။တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်... ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့....နာဇီယာကိုကုသလို့ရနိုင်ပါ့မလား ... နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ... ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူ‌တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ File size…2.17GB  / 1.03GB Quality…1080p  True WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle  (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie

Masooda (2022)

2022