Channel Myanmar

Sayaka Yamaguchi

As Long As We Both Shall Live (2023) 6.8
As Long As We Both Shall Live (2023)  Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ...
movie

As Long As We Both Shall Live (2023)

2023
SEE HEAR LOVE (2023) 6.5
SEE HEAR LOVE (2023) See Hear Love (2023)ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | ...
movie

SEE HEAR LOVE (2023)

2023
What She Likes (2021) 6.8
What She Likes (2021) What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie

What She Likes (2021)

Will I Be Single Forever? 6.3
Will I Be Single Forever? ‎Will I be single forever (2021)"တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား" ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။အထူးသဖြင့် "သားကိုသခင် လင်ကို ဘုရား" ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ​ဆက်ဆံခံနေရတာပါ။အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB ...
movie

Will I Be Single Forever?

2021
Tomie: Replay ( 2000 ) 5.4
Tomie: Replay ( 2000 ) Tomie Replay (2000)အသက်ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက် အစာအိမ်ကြီးတဲ့ရောဂါနဲ့အရေးပေါ်ခွဲစိတ်ကုသရာမှ ကလေးရဲ့ဗိုက်ထဲမှာရှိနေတဲ့ ခေါင်းပြတ်တစ်ခုကို ခွဲထုတ်ရရှိခဲ့ပါတယ်ထိုခေါင်းပြတ်ကြီးကို ‌ဆေးရုံမြေအောက်ခန်းက ဓာတ်ခွဲခန်းထဲမှာတိတ်တဆိတ်လေ့လာနေရာ တဖြည်းဖြည်းကြီးထွားလာပြီး ခြေလက်အင်္ဂါအစုံကြီးထွားလာပြီး တိုမီအဲပြန်ဖြစ်လာခဲ့ပါတယ်ခွဲစိတ်ခန်းဝင်ခဲ့ကြတဲ့အထဲမှ ဆေးရုံအုပ်ကြီးနဲ့သူနာပြုလေးယောက်မှာထူးဆန်းစွာပျောက်သွားပြီး ကျန်ခဲ့တဲ့ဆရာဝန်ဟာဆိုရင်လည်းဆေးရုံခေါင်မိုးထပ်မှ ခုန်ချသေဆုံးသွားပါတယ်မိတကွဲဖတကွဲနဲ့နေရတဲ့ ယုမီတစ်ယောက်သူ့အဖေဆေးရုံအုပ်ကြီး‌ပျောက်ဆုံးလို့လိုက်လံစုံစမ်းရင်း မျက်စိရှေ့တင် ကျန်ရစ်ဆရာဝန်သေဆုံးသွားတာမြင်ခဲ့ပါတယ်အဖေဖြစ်သူချန်ရစ်ခဲ့တဲ့ မှတ်စုစာအုပ်မှတစ်ဆင့် တိုမီအဲအကြောင်းတစ်စထက်တစ်စပိုပိုသိလာပြီး ဘယ်လိုတွေဖြေရှင်းမလဲ သတ်လို့လည်းမသေ သူ့သွေးထိတာနဲ့သူသွေးဆောင်ရာနောက်ပါအောင်လုပ်နိုင်တဲ့ တိုမီအဲရောဘယ်လိုအဆုံးသတ်မလဲဆိုတာဒီဇာတ်ကားလေးကို ကြည့်လိုက်ကြပါနော်ဂျပန်သရဲကားထုံးစံအတိုင်း ဆာဒါကိုလိုမျိုး သူလည်း ဇာတ်လမ်းတစ်ကြောရှိတဲ့သမိုင်းဝင်သရဲမပါပဲနော် သူ့ရဲ့ရှေ့နောက်ဇာတ်ကားနဲ့ပတ်သတ်ပြီးသိချင်တဲ့လူတွေအတွက် အောက်မှာဇာတ်ကားစာရင်းလေးပေးထားပါတယ်Tomie ဇာတ်ကားတွေတင်ဆက်ထားသမျှဒီမှာဒေါင်းနိုင်ပါတယ်1. Tomie (1999) ( တင်ဆက် ပြီး ) 2. Tomie: Another Face (1999) ( တင်ဆက်ပြီး ) 3. Tomie: Replay (2000) (ယခုကား) 4. Tomie: Re-birth (2001) 5. Tomie: The Final Chapter - Forbidden Fruit (2002) 6. Tomie: ...
movie

Tomie: Replay ( 2000 )

Mixed Doubles (2017) 6.6
Mixed Doubles (2017) Mix (2017) ========စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော တာမာကိုတိုမီတာဟာ ငယ်စဉ်ကလေးဘ၀တည်းက သူမအမေဆီမှမှန်ကန်တိကျတဲ့ ကစားပုံနည်းစနစ်တွေကို ရခဲ့သူဖြစ်ပါတယ် ။အမေ သေပြီးနောက် သူမဟာ အသက်၂၈ နှစ် အရွယ် သာမာန်ရုံးဝန်ထမ်းတစ်ယောက် အဖြစ် ရပ်တည်ခဲ့ပါတယ် ။သူမရဲ့ရည်းစားကတော့ အာကီဟီကိုအီဂျီးမား ပါ...သူကတော့ သူမနှင့် ကုမ္ပဏီတစ်ခုတည်းကဖြစ်ပြီး စားပွဲတင်တင်းနစ်ကစားလည်း ဖြစ်ပါတယ် ။ဒါပေမယ့် သူမရည်းစားက သူ့ရဲ့တွဲဖက်ကစားဖော်အသစ် အီရီအိုကားဆာရာဝ နှင့် တွေ့ပြီး သူမကို ထားခဲ့ပါတယ် ။သူမလည်း စိတ်ပျက်လက်ပျက်နဲ့ သူမအမေနှင့်အတူ ကစားခဲ့သော တင်းနစ်ခုံလေးရှိရာ သူမရဲ့နယ်မှ တင်းနစ်ကလပ်သို့ပြန်လာခဲ့ပါတယ် ။ထိုတွင် တင်းနစ်ကစားသမား ဟီစာရှီဟဂျီဝရာနဲ့တွေ့ပြီး....သူမဟာ သူမရဲ့ex ကို လက်စားချေဖို့ နဲ့ သူမငယ်ငယ်ကကစားခဲ့သော တင်းနစ်ကလပ် ကို ပြန်လည်ထူထောင်ဖို့အတွက်A Mixed Doubles Table Tennis Tournament မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်....ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.... [ Unicode ]Mix (2017) ========စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော ...
movie

Mixed Doubles (2017)

2017