Channel Myanmar

Scarlett Graham

Miss Willoughby and the Haunted Bookshop (2022) 5.1
Miss Willoughby and the Haunted Bookshop (2022) Miss Willoughby and the Haunted Bookshop (2022) ဇာတ်လမ်းအညွှန်း****************************************လောကမှာ သရဲတစ္ဆေဆိုတာ တကယ်ပဲရှိသလားဒါမှမဟုတ် လူတွေရဲ့ စိတ္တအာရုံ သက်သက်ပဲလားမမြင်အပ်တဲ့အရာတွေ မြင်လာရတဲ့အခါမကြားသင့်တာတွေကြားလာရတဲ့အခါတကယ်ပဲ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်လာတာလားလူတွေရဲ့ ကောက်ကျစ်တဲ့စနက်လားဆိုတာ သိနိုင်ဖို့ ခဲယဥ်းလှပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း စာအုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ဟာအသက်ကြီးလာတော့မှပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံလာရပါတယ်။ဒီလိုဖြစ်လာလို့ သူရဲ့ မိတ်ဆွေဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။သူ့မိတ်ဆွေ ခေတ်ပညာတတ်မိန်းမပျိုလေးက ဒီလို ဝိဉာဥ်လောကကို အယုံအကြည်မရှိပါဘူး။ဒါပေမယ့် ကြုံရတဲ့သူကလည်း လိမ်လည်ပြီးပြောနေတာမဟုတ်လို့ဒီနောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာဆက်လက် ရှာဖွေဖော်ထုတ်ကြတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြည့်ရင်းနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ စကူဘီဒူကာတွန်းလေးကိုတောင် သတိရမိပါတယ်။မကောင်းဆိုးဝါးတွေဆိုတာ လက်တွေ့ဘဝမှာ တကယ်ရှိမလားဆိုတာကို စုံထောက်ဆန်ဆန်ရှာဖွေကြပုံကိုရိုက်ကူးပုံဖော်ပေးထားတာမို့လို့ တစ်ခါလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ဇာတ်လမ်းလေးထဲမှာ Miss Willoughby အဖြစ် မင်းသမီးချော Nathalie Coxက ပါဝင်သရုပ်ဆောင်ထားပြီး Helen Deakin အဖြစ် Louise Bangay က သရုပ်ဆောင်ထားသလို တခြား အနုပညာရှင်များစွာလည်း ...
movie

Miss Willoughby and the Haunted Bookshop (2022)

2022