Channel Myanmar

Scoot McNairy

Blood for Dust (2024) 5.4
Blood for Dust (2024) Blood for Dust ( 2023 )Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ...
movie

Blood for Dust (2024)

2024
Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
Black Sea (2014) 6.4
Black Sea (2014)  ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီးမင်းသား Jude Law ပါဝင်သရုပ်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကိုအဓိက အခြေခံထားတဲ့ Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်.Jude Law ဟာဆိုရင် ကျွန်တော်တို့ရဲ့ Ironman မင်းသားကြီး Robert Downey Jr. ရဲ့ Sherlock Holems ရုပ်ရှင်တွေမှာ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr.Watson နေရာကနေ သရုပ်ဆောင်သူဖြစ်ပြီး အခြားနံမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Enemy at the Gates, Rise of the Guardians အပြင် Fantastic Beasts ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်.ဇာတ်လမ်းအကျဉ်းရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ...
movie

Black Sea (2014)

D.E.B.S. (2004) 5.3
D.E.B.S. (2004) အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။(တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ...
movie

D.E.B.S. (2004)

Taurus (2022) 4.8
Taurus (2022) Taurus (2022) ===========ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June  ဖြစ်ပါတယ်)File Size..........(1.32 GB) / (506 MB) / ...
movie

Taurus (2022)

2022
Gone Girl (2014) 8.1
Gone Girl (2014) IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie

Gone Girl (2014)

4K HEVC
Lyle, Lyle, Crocodile (2022) 6.2
Lyle, Lyle, Crocodile (2022) Lyle, Lyle, Crocodile (2022)====================IMDb Rating - 6.2/10Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်​လေး ထွက် လာပါပြီ။ RT - 73%, metacritic - 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း ​ဆိုပြဦးမှာပါ။​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက် ​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို့ ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာ တိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို ​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး တစ်​​ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂​ယောက်တူတူ သီချင်းတိုက်ကာ​ ​အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့​ပေမယ့် ပွဲ​နေ့ကျမှ လိုင်းဆီက ​သီချင်းသံထွက်မလာလို့ ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ဒီလိုနဲ့အချိန်​တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်​သစ်​တွေ​ရောက်လာပြီး လိုင်းကို​တွေ့သွားသလို သူတို့ကြား​ ဗရုတ်သုက်ခ​​မျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်​ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အ​ဟောင်းကြား အဆင်​ပြေပါ့မလား၊လိုင်းက​​ရော ဘယ်လို ပြဿနာ​တွေ ရှာဦးမလဲ။ လိုင်းရဲ့ ...
movie

Lyle, Lyle, Crocodile (2022)

2022
Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
[17+] Blonde (2022) 6.2
[17+] Blonde (2022) Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie

[17+] Blonde (2022)

2022
C’mon C’mon (2021) 7.8
C’mon C’mon (2021) C'mon C'mon (2021) ~ IMDb - 7.8/10, RT - 94% , Meta - 81% ~နာမည်ကျော် A24 က ထွက်ရှိလာတဲ့ ဒါရိုက်တာမိုက်မေးလ်နဲ့ ဝါကင်းဖီးနစ်တို့ရဲ့ ရုပ်ရှင်ပါ။ တစ်ချို့ A24 ပရိတ်သတ်တွေက C'mon ကို what a masterpiece ဆိုပြီး ဩဘာပေးကြသလို တစ်ချို့ကတော့ ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ပြောကြပြီး A24 ရဲ့ နောက်ထပ်မာစတာပိစ်တစ်ကားလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းကတော့ တိုင်းပြည်အနှံ့ပတ်သွားပြီး ကလေးတွေကို အင်တာဗျူးလုပ်ရတဲ့ ရေဒီယိုဂျာနယ်လစ်နဲ့ သူ့တူလေးနဲ့ကြားက Chemistry သက်သက်ပါပဲ။ သို့ပေမဲ့ ရယ်စရာကောင်းတဲ့ဇာတ်၀င်ခန်းတွေနဲ့ တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် ရုပ်ရှင်တစ်ကားပါ။ C'monမှာ အဓိကအနေနဲ့ လူ၃ယောက်ပဲပါပေမဲ့ အဲဒီလူ၃ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က လက်ဖျားခါလောက်စရာပါပဲ။ ဝါကင်းဖီးနစ်တို့ ဂါဘီဟော့ဖ်မန်းတို့က‌တော့ သိပြီးသားဆိုတော့ ...
movie

C’mon C’mon (2021)

2021
Killing Them Softly (2012) 6.2
Killing Them Softly (2012) Killing Them Softly (2012) ==================== IMDb Rating - 6.2/10 Rotten Tomatoes - 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့ ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။ ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ ဇာတ်လမ်းကတော့"မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။ ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။ ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။ မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။ Cogan's Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ...
movie

Killing Them Softly (2012)

Herbie Fully Loaded (2005) 4.8
Herbie Fully Loaded (2005) Walt Disney ရဲ့ နာမည်ကျော် ပြိုင်ကားလေး Herbie အကြောင်းပေါ့...ဒစ်စနေထုံးစံအတိုင်း ချစ်စရာ ပြိုင်ကားလေးနဲ့ ချစ်စရာကောင်းအောင် ရိုက်ပြထားပါတယ်...အဓိက ချစ်စရာလေးကတော့ လင်ဆေးလိုဟန်လေးပေါ့...:Pနာမည်ကျော် NASCAR ပြိုင်ကားမောင်းသူတွေလဲ Cameros အဖြစ်ပါဝင်ထားပါသေးတယ်...Budget $50 Million သာကုန်ကျခံရိုက်ကူးထားပေမယ့် Box Office မှာ $140 Million ကျော် ပြန်ရတဲ့ထိစီးပွားရေးအရအောင်မြင်ကျော်ကြားခဲ့ပါတယ်...။ဇာတ်လမ်းကတော့...မက်ဂီပေတန် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကအသက်ရှိနေတဲ့ ဘောက်ဝက်ဂွန် လိပ်ခုံးကားလေး နံပါတ် ၅၃ရဲ့ ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်..မက်ဂီရဲ့အဖေက ဒီကားကို ကားသင်္ချိုင်းကနေ  ယူလာပြီး သမီးဖြစ်သူကို ဘွဲ့လက်ဆောင်အဖြစ်ပေးခဲ့တာပေါ့..မက်ဂီက ပြိုင်ကားမောင်းတဲ့ ပေတန်မျိုးရိုးက ဆင်းသက်လာသူဖြစ်တဲ့အပြင်သူကိုယ်တိုင်ကလည်း ဝါသနာပါပေမယ့် အက်စီးဒင့်တစ်ခုကြောင့် အဖေဖြစ်သူက ကားထပ်မောင်းခွင့်ပိတ်ပင်ခံထားရတာပါ...ESPN သတင်း ချန်နယ်လ်မှာ အလုပ်ရတဲ့ မက်ဂီတစ် ယောက် လိပ်ခုံးကားလေးကို စမ်းမောင်းရင်းကားပြပွဲတစ်ခုမှာ NASCAR ချန်ပီယံဖြစ်တဲ့ ထရစ်ပ်မာဖီနဲ့ ယှဉ်ပြိုင်မောင်းရင်း အနိုင်ရသွားပါတယ်..ချန်ပီယံထရစ်ပ်က လိပ်ခုံးလေးက အနိုင်ရရကောင်းလားဆိုပြီး ...
movie

Herbie Fully Loaded (2005)

A Quiet Place Part II (2020) 7.8
A Quiet Place Part II (2020) A Quiet Place Part II (2020)=====================IMDb Rating - 7.8/10Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင် လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....Quiet Place 1အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ ...
movie

A Quiet Place Part II (2020)

2020
Promised Land(2012) 7.0
Promised Land(2012) Promised Land(2012)မင်းသားကြီး မက်ဒါမွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်...လတ်တလော ရေပန်းစားနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ကိစ္စအတွက် ကုမ္ပဏီကမက်လုံးတွေပေးတာကို နယ်ခံတွေရဲ့  မြေဝယ်ဖို့ကြိုးစားကြတယ်....ဒီလိုအနေအထားမှာ ဘိုးစဉ်ဘောင်စဉ်မြေမို့ ဘယ်လောက်ပေးပေး မြူတစ်မှုန့်စာတောင်ရောင်းဖို့ဆန္ဒမရှိတဲ့ သူတွေ ရှိကြသလို များပျားလွန်းတဲ့ ငွေကြေးကြောင့် ရောင်းပြီးပိုမိုကောင်းမွန်တဲ့ဘဝကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြသူတွေလည်းရှိတယ်..တစ်ချို့တွေကလည်း သဘာဝဓာတ်ငွေ့ကုမ္ပဏီကြောင့် မိမိတို့လူနေမှုဘဝကိုပါများစွာထိခိုက်မယ်လို့လည်း ယူဆနေကြတဲ့သူတွေရှိတယ်...ဘယ်သူတွေက အနိုင်ရသွားမလဲ...အနိုင်ရဖို့ကြိုးစားတဲ့နေရာမှာ ဘယ်လိုမြှုတ်ကွက်တွေရှိမလဲ...ဘယ်သူတွေကရော မှန်နေကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....File Size :(900 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae
movie

Promised Land(2012)

Argo (2012) 7.7
Argo (2012) ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie

Argo (2012)

2012
The Parts You Lose(2019) 5.5
The Parts You Lose(2019) The Parts You Lose(2019)အၫႊန္း*******************************(Unicode)ဒီဇာတ်လမ်းလေးကတော့ နားထိုင်းနေတဲ့ ကောင်လေးတစ်ယောက် သူ့ရဲ့ဘဝကို အမြဲတမ်းအနိုင်ကျင့်ခံရတာတွေ စိတ်အားငယ်တာတွေနဲ့ပဲ ဖြတ်သန်းနေရတယ် အိမ်မှာနေရတာလဲ ငြီးငွေ့နေပြီပေါ့ အဲ တစ်နေ့တော့ လုယက်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ သေလုနီးပါး လူဆိုးတစ်ယောက်ကို ကယ်ပေးပြီးတော့ အဲ့လူဆိုးက သူတတ်စွမ်းသရွေ့ ဘဝနေနည်းတွေကိုသင်ကြားပေးတယ်.... အနှိမ်ခံဘဝဖြစ်နေခဲ့ရတော့ သူ့အတွက် တကယ့်ကိုခွန်အားတွေရစေခဲ့သလို ဒီလူဆိုးကလည်း သူ့ရဲ့ ကိုးကွယ်ရာဖြစ်ခဲ့တယ်... အဲ့ဒီနောက်တော့ သင်ပေးတဲ့အတိုင်းနေဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....(zawgyi)ဒီဇာတ်လမ်းလေးကတော့ နားထိုင်းနေတဲ့ ကောင်လေးတစ်ယောက် သူ့ရဲ့ဘ၀ကို အမြဲတမ်းအနိုင်ကျင့်ခံရတာတွေ စိတ်အားငယ်တာတွေနဲ့ပဲ ဖြတ်သန်းနေရတယ် အိမ်မှာနေရတာလဲ ငြီးငွေ့နေပြီပေါ့ အဲ တစ်နေ့တော့ လုယက်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ သေလုနီးပါး လူဆိုးတစ်ယောက်ကို ကယ်ပေးပြီးတော့ အဲ့လူဆိုးက သူတတ်စွမ်းသရွေ့ ဘ၀နေနည်းတွေကိုသင်ကြားပေးတယ်.... အနှိမ်ခံဘဝဖြစ်နေခဲ့ရတော့ သူ့အတွက် တကယ့်ကိုခွန်အားတွေရစေခဲ့သလို ဒီလူဆိုးကလည်း သူ့ရဲ့ ကိုးကွယ်ရာဖြစ်ခဲ့တယ်... အဲ့ဒီနောက်တော့ သင်ပေးတဲ့အတိုင်းနေဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....File Size : ...
movie

The Parts You Lose(2019)

2019
Destroyer (2018) 6.3
Destroyer (2018) ဒီကားလေးကတော့ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီး ကြီးNicole Kidman အဓိကပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ငယ်ရွယ်တဲ့စုံထောက်မိန်းကလေး၁ယောက် ဘဏ်ဓါးပြမှုတွေနဲ့ဆိုးသွမ်းတဲ့အဖွဲ့ကိုတိတ်တဆိတ်စုံစမ်းဖို့စေလွှတ်ခံခဲ့ရပါတယ်ဒါပေမယ့်ကံဆိုးစွာပဲသူ့ရဲ့စစ်ဆင်ရေးကျရှုံးသွားခဲ့ပြီးသူချစ်တဲ့လူကောတခြားလူတွေရောအသတ်ခံလိုက်ရတဲ့အခါမှာတသက်လုံးသူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့ပဲနေထိုင်လာခဲ့ရင်း....သူလက်စားပြန်ချေချင်တဲ့လူပြန်ပေါ်လာတဲ့အချိန်လက်စားချေဖို့ဘယ်လိုတွေကြိုးစားမလဲ...တဖက်မှာလည်း သူ့ရဲ့သမီးနဲ့ပြေလည်အောင်ညှိနှိုင်းပြီးပြဿနာတွေရှင်းရ....သမီးကိုချစ်တဲ့စိတ်,စိုးရိမ်စိတ်တွေနဲ့တဖက်မှာလည်းလက်စားချေလိုစိတ်တွေကိုမင်းသမီးကြီးကဘယ်လိုတွေသရုပ်ဆောင်ပြီးဇာတ်ကိုဆွဲခေါ်သွားမလဲဆိုတာတွေကိုဒီကားလေးမှာမြင်ရမှာဖြစ်ပါတယ် File Size : (1 GB) & ( 410 MB)Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo 
movie

Destroyer (2018)

2018
12 Years a Slave (2013) 8.1
12 Years a Slave (2013) 12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations  ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie

12 Years a Slave (2013)

2013
The Legacy of a Whitetail Deer Hunter (2018) 5.5
The Legacy of a Whitetail Deer Hunter (2018) ဒီဇာတ်လမ်းလေးကတော့ ခုလိုမိုးတွင်းလေးမှာ comedy ပုံစံ ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းတဲ့ ကားအမျိုးအစားလေးပဲဖြစ်ပါတယ်။IMDB 5.4 ရထားပြီးတော့မှ အဖေနဲ့ သား နှစ်ယောက်ရဲ့ relationship ကိုပုံဖော်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ သမင်အမဲလိုက်ထွက်တဲ့ ပညာကို ဘိုးဘွားစဉ်ဆက်အမွေအနှစ်တစ်ခုအနေနဲ့ လက်ဆင့်ကမ်းလာတဲ့အရာဖြစ်ပြီး ဘက်ခ် ဆိုတဲ့ လူက 12 နှစ် ရှိပြီးဖြစ်တဲ့ သူ့သား ဂျေဒန်ကို သမင်အအမဲလိုက်တဲ့ အမွေအနှစ်ကို ပေးဖို့ အချိန်ရောက်လာပါတော့တယ်။အဲ့တော့ ဘက်ခ်ဟာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့သားနဲ့ ၃ယောက်အတူတူ အမဲလိုက်ဖို့ခရီးထွက်ခဲ့ကြပါတော့တယ်။ဒါပေမဲ့ သူ့သား ဂျေဒန်ဟာ သမင်အမဲလိုက်တာကိုကြိုက်တဲ့ပုံမပေါ်ပါဘူး။အဲ့တော့ တောထဲမှာ ဒီသားအဖနှစ်ယောက် ဘယ်လိုဓာတ်တည့်အောင်လုပ်မလဲ။ဒီဂျစ်ကန်ကန်သားကို အဖေက ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဟာသပုံစံနဲ့ ဖခင်မေတ္တာကို ဖော်ကျူးထားပဲဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ Brilliant Star ပါ) File Size : (700 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 35min Format ...
movie


2017