Channel Myanmar

Scott McCauley

Blood for Dust (2024) 5.4
Blood for Dust (2024) Blood for Dust ( 2023 )Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ...
movie

Blood for Dust (2024)

2024
Butcher’s Crossing (2022) 5.9
Butcher’s Crossing (2022) Butcher's Crossing (2022) =================== IMDb Rating -5.9/10Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် - အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ...
movie

Butcher’s Crossing (2022)

2022
The Ballad of Lefty Brown (2017) 6.2
The Ballad of Lefty Brown (2017) The Ballad of Lefty Brown ဇာတ်​ကားဟာ ၂၀၁ရခုနှစ်​ထွက်​ ​​ကောင်​းဘွိုင်​အက်​ရှင်​ကား​ကောင်​းတစ်​​ကားဖြစ်​ပါတယ်​Imdb rating 6.2/10 ရရှိထားပြီး rotten tomatoes 77%ရရှိထားပါတယ်​ဒီဇာတ်​ကားကို​ကောင်​းဘွိုင်​အက်​ရှင်​ကားချစ်​ပရိတ်​သတ်​​တွေကြိုက်​နှစ်​သက်​မယ်​လို့ထင်​ပါတယ်​​ဇာတ်​လမ်​းအကျဉ်​းက​တော့ ​ကောင်​းဘွိုင်​ကြီးတစ်​​ယောက်​ဖြစ်​သူ Lefty Brown ဟာ သူနဲ့အချိန်​ကြာမြင်​့စွာခင်​မင်​လာတဲ့သူငယ်​ချင်​းဖြစ်​သူ ဆီနိတ်​တာ Edward Johnson အသတ်​ခံရတာကို မျက်​မြင်​ကိုယ်​​တွေ့ကြုံရလိုက်​ရတဲ့အခါ သူငယ်​ချင်​းဖြစ်​သူအတွက်​လက်​စား​ချေဖို့ လူသတ်​သမားရှာပုံ​တော်​ဖွင်​့ပါ​တော့တယ်​......ရှာပုံ​တော်​ဖွင်​့ရင်​း သူနဲ့အတူဘယ်​သူ​တွေပူး​ပေါင်​းပါဝင်​လာမလဲ......ဘယ်​လိုအခက်​အခဲ​တွေရင်​ဆိုင်​ပြီး​နောက်​ကွယ်​က လူသတ်​သမားအစစ်​ကို​ဖော်​ထုတ်​နိုင်​မလားဆိုတာ စိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမှာပါ File Size : (900 MB) and (320 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Western Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-AMIABLE Translated by Lex Luthor Encoded by Thanhtike Zaw
movie

The Ballad of Lefty Brown (2017)

2017