Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Rose-Marsh
Wolves of War (2022)
Wolves of War (2022)မနှစ်က ထွက်ရှိထားတဲ့ Low Budget စစ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကိုအခြေတည်ထားတာပါ။ ဟစ်တလာဟာ သူစစ်ရှုံးတော့မယ်လို့မြင်တဲ့အခါ တိုင်းပြည်ထဲက လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ခိုင်းပြီး ကျူးကျော်လာသူတွေကို တစ်နိုင်တပိုင်တိုက်ထုတ်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်အဆန်းတကြယ်မဟုတ်ပါဘူး။ဟစ်တလာဟာ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်အနေနဲ့ နျူကလိယားဗုံးတီထွင်ဖို့ သိပ္ပံပညာရှင်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ စနိုက်ပါတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်၊ သိပ္ပံကျောင်းသားတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်က သူ့ကို အသေခံမစ်ရှင်အနေနဲ့ သွားကယ်တင်ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။စစ်သူရဲကောင်းကြီးက အိမ်လွမ်းဝေဒနာကိုခံစားနေရပြီး လူသေတွေအားလုံးကို သူ့သမီးလို့ပဲမြင်ယောင်နေတာပါ။ ဒီအချက်နဲ့တင်တည်ပြီး ဒီထက်ပိုကောင်းအောင် Psychology ဆန်ဆန်ရိုက်ကူးလို့ရပေမယ့် ဘတ်ဂျက်အခြေအနေကြောင့် ဇာတ်လမ်းကို ပေါ့ပစ်လိုက်ရဟန်တူပါတယ်။ အသံပိုင်းဆိုင်ရာကလည်း သိပ်အားရစရာမရှိပါဘူး။ သေချာ အချိန်သီးသန့်ယူပြီး ကြည့်ရလောက်အောင်ကောင်းတဲ့ စစ်ကားမျိုးမဟုတ်ဘဲ အပျင်းပြေကြည့်ပျော်တဲ့ စစ်ကားမျိုးဘက်ကိုသွားပါတယ်။စစ်ကားတွေကိုအသည်းစွဲကြိုက်ပြီး စစ်ကားမှကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့်အနေအထားရှိပေမဲ့ Low Budget ရုပ်ရှင်ဖြစ်တာကြောင့် အများကြီးမျှော်လင့်မထားဖို့တော့ ကြိုပြောချင်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ...
movie
Wolves of War (2022)
2022
4.3
Wolves of War (2022)
Wolves of War (2022) =================လူတွေရဲ့အတွင်းစိတ်မှာတိုက်ခိုက်နေတဲ့ ဝံပုလွေဆိုးနဲ့ဝံပုလွေကောင်းတို့ ရှိနေပြီး ပိုအလေးပေးမိတဲ့အကောင်က အနိုင်ရပါသတဲ့...။အဆိုးအကောင်း ဒွန်တွဲနေတဲ့ လူ့စိတ်ကိုထင်ဟပ်ပြထားတဲ့ စကားလေးပါ။ Wolves of War ဟာ စစ်တွင်းနောက်ခံဇာတ်လမ်းပေမဲ့ စစ်ရေးမစ်ရှင်တင်မက အဲဒီလိုအတွေး ရစေမယ့်စကားလေးတွေနဲ့အတူ ဒရမ်မာလေးတွေပါ ခပ်ပါးပါးထည့်ထားတဲ့ စစ်ကားမျိုးပါ။ဒုတိယကမ္ဘာစစ်ပြီးကာစမှာ ဗြိတိသျှအရာရှိဦးဆောင်တဲ့လက်ရွေးစင်အဖွဲဟာ ရန်သူ့နယ်မြေထဲ၀င်ရမယ့် နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ရပါတယ်။ သူတိုတာ၀န်က နာဇီတိုထိန်းသိမ်းထားတဲ့ အမေရိကန်သိပ္ပံပညာရှင် ပရော် ဖက်ဆာကြီးတစ်ယောက်ကို ခေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို အ၀င်မှာပဲ သူတိုအဖွဲ နာဇီယုံကြည်သူ ဒေသခံပြည်သူ့စစ်အဖွဲနဲ့တိုးပါတော့တယ်။စစချင်းမှာပဲ အဖွဲ၀င် ၂ ယောက်လျော့ပြီး ၄ ယောက်သာကျန်တဲ့ သူတိုအဖွဲဟာ လူနည်းနည်းလေးနဲ့ နာဇီတွေကြား ဘယ်လိုတိုး၀င်မလဲ၊ ပရော်ဖက်ဆာကြီးကို ဘယ်လိုရှာဖွေကယ်ထုတ်မလဲ၊ suicide mission တစ်ခုလိုဖြစ်နေတဲ့ သူတိုစစ် ဆင်ရေးကြီးကနေ ဘယ်သူတွေကအိမ်ပြန်ရောက်ပြီး ဘယ်သူတွေက အိမ်ပြန် မရောက်နိုင်တော့ဘူးလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.98 GB) / (970 MB) / (610 MB) Quality............WebRip 1080p ...
movie
Wolves of War (2022)
2022