Channel Myanmar

Scott Seiss

Shortcomings (2023) 6.7
Shortcomings (2023)  လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နေရာတကာလိုက်ပြီးတော့ လူ့ဂွစာလုပ်နေတဲ့ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့လူတွေက ဒီလောကမှာအများကြီးပါပဲ။အဲ့လိုလူအများစုကလည်း သူတို့အမှားကိုသူတို့မသိကြပဲနဲ့ ဘယ်သူနဲ့မှအဆင်မပြေတာကတခြားလူတွေရဲ့ အပြစ်ကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်လို့ကိုယ်လည်းအဲ့လိုလူဖြစ်နေတယ်ဆိုတာကို စိတ်ထဲမှာသိနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်တာအကောင်းဆုံးပါပဲ။ ဒီကားထဲမှာလည်း အရာရာကိုဘုကလန့်လိုက်တိုက်နေပြီးလူမျိုးရေးတွေအရမ်းခွဲခြားပြီး လူ့ဂွစာဖြစ်နေတဲ့ ဘန်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဓိကအဆင်မပြေဖြစ်နေတာကတော့ သူ့ကောင်မလေးမီကိုနဲ့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအမြဲတမ်း ရုပ်ရုင်အကြောင်းတွေ တစ်ယောက်နဲ့ တစ်ယောက်အတွေးအမြင်တွေနဲ့ပတ်သတ်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်ကြပါတယ်။တစ်နေ့မှာတော့ မီကိုနဲ့ ဘန်နဲ့ ပြဿနာအကြီးအကျယ်တက်ကြပြီး မီကို တစ်ယောက်သူအရမ်းသွားချင်နေတဲ့ နယူးယောက်မြို့တော်ကို ထွက်သွားပါတော့တယ်။ဒီလိုနဲ့ဘန်လဲနောက်ဆော်တစ်ယောက်နဲ့ ကောက်တွဲခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက်တွေကြောင့်အဆင်မပြေလို့ ဆော်ပစ်ခံရတဲ့အပြင် သူ့အလုပ်ကပါပိတ်သိမ်းသွားရတဲ့အတွက်မီကိုရှိရာ နယူးယောက်မြို့ကိုလိုက်သွားပါတော့တယ်။ဒီလိုနဲ့ သူအဲ့ဒီကိုရောက်သွားတဲ့အချိန်မှာ သူ့အတွက်ပိုဆိုးတဲ့ ကံကြမ္မာတစ်ခုကိုတွေ့ခဲ့ရပါတော့တယ်။လူဆိုတာအဲ့လိုမျိုးမကောင်းတဲ့ စွမ်းအင်တွေကိုသယ်ဆောင်ထားနေရင်တော့ ကိုယ့်အပေါ်မှာမကောင်းတဲ့ အရာတွေပဲဖြစ်နေမှာပါ။ဒီတော့ ဘဝမှာသူများတွေအတွက် ကန့်လန့်တိုက်တဲ့လူ့ဂွစာဖြစ်မနေပဲ ပျော်ရွှင်တတ်တဲ့စိတ်ထားလေးထားပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ဒီကားလေးကိုကြည့်ပြီးပညာယူသင့်ပါတယ်။  File size…1.76 GB / 617MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard ...
movie

Shortcomings (2023)

Cocaine Bear (2023) 6.4
Cocaine Bear (2023) Cocaine Bear (2023)ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Cocaine Bear (2023)