Channel Myanmar

Scott Sowers

Under Siege 2: Dark Territory(1995) 6.9
Under Siege 2: Dark Territory(1995) Under Siege 2: Dark Territory(1995)**********************************မင်းသားကြီး Steven Seagal ရဲ့ Under Siege အက်ရှင်ဇာတ်ကားတွဲရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ရေတပ်အရာရှိဘဝကနေ အနားယူထားတဲ့ကေစီရိုင်းဘတ်ဟာ တူမဖြစ်သူနဲ့အတူ ခရီးအတူထွက်ဖို့ရထားစီးလာခဲ့ကြပါတယ်။ အကြမ်းဖက်သမားအဖွဲ့တစ်ခုက ဖျက်စီးအားပြင်းတဲ့ ဂြိုလ်တုတစ်ခုကိုထိန်းချုပ်ဖို့အတွက် ရထားကိုအနုကြမ်းစီးပြီး ခရီးသည်တွေကိုဓားစာခံအဖြစ် ဖမ်းသွားတဲ့အခါမှာ ကေစီရိုင်းဘတ်အနေနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုတားဆီးသွားမလဲ ဓားစာခံအဖြစ်ဖမ်းခံရတဲ့သူတွေကိုရော ဘယ်လိုကယ်တင်သွားမလဲဆိုတာ...အပစ်အခတ် အတိုက်ခိုက်တွေနဲ့ အက်ရှင်ချစ်ပုရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size :(2.9GB)(966MB) and (340 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:44:00 Genre : Action, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

Under Siege 2: Dark Territory(1995)

True Grit (2010) 7.6
True Grit (2010) True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ ...
movie

True Grit (2010)

Erin Brockovich(2000) 7.4
Erin Brockovich(2000) Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့‌နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်း‌ဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie

Erin Brockovich(2000)

Blue Streak (1999) 6.3
Blue Streak (1999) Blue Streak (1999)_____IMDb - 6.3/10    Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဉာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်  တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး...   ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်.....   File Size :(1.87GB) ...
movie

Blue Streak (1999)

1999