Channel Myanmar

Se-ah Jang

Home Sweet Home ( 2021 ) 5.5
Home Sweet Home ( 2021 ) Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်းယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရအပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်းဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့်ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့်မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူကငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်ကကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင်အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ ...
movie

Home Sweet Home ( 2021 )